images
UN
UN
တီထွင်ဆန်းသစ်သောထိမ်းမြားမင်္ဂလာဝတ်စုံများပြပွဲနှင့် လူသုံးကုန်ပစ္စည်းများရောင်းချပွဲ မန္တလေးမြို့တော်ခန်းမတွင်ကျင်းပ
သီဟကိုကို(မန္တလေး) Wednesday, 28 September 2016
တီထွင်ဆန်းသစ်သော ထိမ်း မြားမင်္ဂလာဝတ်စုံများနှင့် လူသုံး ကုန်ပစ္စည်းများ ခင်းကျင်းပြသ ရောင်းချပွဲဖွင့်ပွဲကို ယခုလ ၂၅ရက် နံနက် ၉နာရီက မန္တလေးမြို့တော် ခန်းမ၌ကျင်းပရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသား ရေးရာဝန်ကြီး တက်ရောက်အား ပေးပြီးဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ သည်။
မင်္ဂလာဝတ်စုံများနှင့်ကုန်စည် ပြပွဲတွင် ကျောက်မျက်ရတနာ အရောင်းပြခန်း၊ပိုးထည်ချည်ထည် အရောင်းပြခန်း၊ လူသုံးကုန်ပစ္စည်း များ၊ အမျိုးသမီးသုံးအလှကုန် ပစ္စည်းများ၊ပြည်တွင်းပြည်ပ ဆေး ကုမ္ပဏီများမှ ဆေးဝါးအရောင်း ဆိုင်များ၊အမျိုးသမီးဖက်ရှင်အဝတ် အထည်များ၊ ဖန်စီပစ္စည်းများ၊စား သောက်ကုန်များအား ကုမ္ပဏီများ မှ တိုက်ရိုက်ဈေးကွက်မိတ်ဆက် အထူးနှုန်းဖြင့် ရောင်းချပေးရာ ဝယ်ယူသူများ လေ့လာသူများဖြင့် စည်ကားလျက်ရှိသည်။
ညနေ ၆ နာရီတွင် ခေတ် အဆက်ဆက် မြန်မာပွဲတက်ဝတ်စုံ များ၊ တီတွင်ဆန်းသစ်ထားသော ထိမ်းမြားမင်္ဂလာဝတ်စုံများအား မော်ဒယ်သရုပ်ဆောင်များက ဝတ် ဆင်သရုပ်ပြသမှု အစီအစဉ်များ၊Gems&Jewelley ကုမ္ပဏီများမှ လာရောက်ကြည့်ရှုသူများအား စိန် လက်စွပ်များ ကံစမ်းမဲဖောက် ဆု ချီးမြှင့်ပေးလျက်ရှိသည်။ ပြပွဲကို ယခုလ၂၅ ရက်မှ၂၈ရက်အထိ နေ့ စဉ်နံနက်၉နာရီမှ ည၉နာရီအထိ ပြသရောင်းချကြောင်း သိရသည်။