images
UN
UN
ဦးနှောက်ကို ကောင်းကျိုးပြုတဲ့အကောင်းဆုံးအစားအစာများ
ပေါက်ပေါက် Wednesday, 28 September 2016
ကမ္ဘာတစ်ဝန်း မှတ်ဥာဏ်ဆုံးရှုံးမှု
နှင့် ရင်ဆိုင်နေရသူ ၄၇ဒသမ ၅ သန်းရှိပြီး နှစ်စဉ်ထပ်မံဖြစ်ပွားသူ ၇ ဒသမ ၇ သန်းရှိကြောင်း၊ အသက်အရွယ် ကြီးလာတာနှင့်အမျှ မေ့တတ်လာခြင်းမှာ အိပ်ရေးမဝခြင်း၊ စိတ်ဖိစီးခြင်း၊ ကိုယ် လက်လှုပ်ရှားမှုမရှိခြင်း(သို့)လူနေမှုဘဝ ပုံစံနှင့် ပတ်ဝန်းကျင်ဆိုင်ရာအကြောင်း ကိစ္စကြောင့် ဖြစ်နိုင်သော်လည်း အဓိက အကြောင်းရင်းမှာ အစားအသောက် ကြောင့်ဖြစ်နိုင်ကြောင်းကမ္ဘာ့ကျန်းမာရေး အဖွဲ(WHO) က ၂ဝ၁၆ ခုနှစ် မေလ ဆန်းတွင် သတိပေးပြောကြားထားပါ တယ်။
သို့ပါ၍ဦးနှောက်ကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာလေးများကို အောက်ပါအတိုင်း အကြံပြုလိုပါတယ်။
(၁) မက်မွန်သီးစားပါ။ ဦးနှောက် သွေးကြောပိတ်ရောဂါ မဖြစ်စေ ပါဘူး။
(၂) စတော်ဘယ်ရီသီးများများစားပါ။ အထူးသဖြင့် ဘလူးဘယ်ရီသီးက အာရုံစူးစိုက်မှုအားကောင်းစေပြီး ဦးနှောက်တုံ့ပြန်မှုနှုန်းကို မြန်ဆန် သွက်လက်စေပါတယ်။
(၃) သစ်ကြားသီးက အစွမ်းထက်မြက် ဦးနှောက်အားတိုး သဘာဝဖြည့် စွက်ဆေးအဖြစ် အားကိုးထိုက်ပါ ပေတယ်။ သစ်ကြားသီးအဆန် လက်တစ်ဆုပ်စာခန့်ကို နေ့စဉ် စားသုံးပေးခြင်းဖြင့် သင်ယူမှု စွမ်းရည်၊ မှတ်ဥာဏ်၊ ဦးနှောက် ကြွက်သားထိန်းချုပ်လှုပ်ရှားမှုတို့ ကို တိုးတက်စေရုံသာမက စိုးရိမ် မှု ဆက်နွှယ်အပြုအမူတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။ဦးနှောက် ဇရာကြိုရောဂါ(ခေါ်) အယ်လ် ဇိုင်းမားရောဂါကိုလည်း သက်သာ စေနိုင်ပါတယ်။
(၄) အဖြူရောင် အနားတွန့်ဂေါ်ဖီထုပ် ကလေးထဲမှာပါတဲ့Tryptophan (ခေါ်) Seroten ဓာတ်များက ဦးနှောက်ကို ကျန်းမာစေပါတယ်။
(၅) ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်းက ဦးနှောက်ကို ကောင်းစွာအလုပ် လုပ်စေပါတယ်။
(၆) ပန်းဂေါ်ဖီအဖြူရောင်က ဦးနှောက် ရဲ့ အဖြူရောင်အဖတ်သားများကို များစွာကောင်းကျိုးပြုပါတယ်။
(၇) ချင်းစားပေးခြင်းဖြင့် ဦးနှောက် အမြှေးပါးရောင်ရောဂါကို မဖြစ် စေတော့ပါဘူး။
(၈) ပန်းသီးက ခန္ဓာကိုယ်အတွက် ဘက်စုံအားကောင်းစေရုံသာမက မှတ်ဥာဏ်အားလည်း ကောင်းစေ ပါတယ်။
(၉) ဖရဲသီးစားပါ။ ဦးနှောက်ရဲ့ဖွဲ့စည်း တည်ဆောက်မှုကို အားပေးပါ တယ်။
(၁ဝ) ဂေါ်ဖီ (ဂေါ်ဖီထုပ်)က အဆုတ်၊ ဆီးကျိတ်ကင်ဆာတွေ မဖြစ်စေတဲ့ အပြင် ဦးနှောက်ပျက်စီးထိခိုက်မှု ကိုပါ လျော့ပါးသွားစေပါတယ်။
(၁၁) ဆလတ်ရွက်များများစားပေးခြင်း ဖြင့် Neurovascular Coupling (ခေါ်)ဦးနှောက်အာရုံကြောတွေနဲ့ ဆက်စပ်နေတဲ့ သွေးကြောတွေမှာ သွေးစီးဆင်းမှုပိတ်ဆို့ခြင်းရောဂါ ကို မဖြစ်စေနိုင်ပါဘူး။ ဒါ့အပြင် ဦးနှောက်ဇရာကြို အယ်လ်ဇိုင်း မားရောဂါ ဖြစ်လာနိုင်ခြေကိုပါ လျှော့ချပေးပါတယ်။
(၁၂) သခွားမွှေးသီးစားပါ။ ဦးခေါင်းခွံ ကျန်းမာရေးကို ကောင်းကျိုးပြုတဲ့ အပြင် ဦးနှောက်အားကောင်းစေ ပါတယ်။
(၁၃) ထင်းရှူးသီးစေ့က ဦးနှောက်ကို တက်ကြွအောင် လှုံ့ဆော်ပေးနိုင် စွမ်းရှိပါတယ်။
(၁၄) ကြက်ဥ၊ ဘဲဥ၊ ငုံးဥ အပါအဝင် ဥအမျိုးမျိုးတို့၏အနှစ်ကိုစားပါ။ ၄င်းဥများ၏အနှစ်ထဲတွင်ဦးနှောက် အတွက်အရေးကြီးတဲ့ ဗီတာမင်ဘီ ဓာတ်ပေါင်းစုပါဝင်နေတာကြောင့် ရေတိုမှတ်ဥာဏ်လုပ်ဆောင်ချက် အတွက် ကောင်းကျိုးပြုပါတယ်။
(၁၅) နေကြာစေ့ထဲရှိ ဗီတာမင်အီးက မှတ်ဥာဏ်လုပ်ဆောင်ချက်ကိုချော မွေ့စေပါတယ်။
(၁၆) ပင်လယ်ငါးစားပါ။ ၄င်းငါး၏ အဆီများတွင် အိုမီဂါ-၃ ကြွယ်ဝ စွာပါရှိနေ၍ ဦးနှောက်လုပ်ဆောင် ချက်များနှင့် ဖွံ့ဖြိုးမှုတို့အတွက် အထောက်အပံ့ဖြစ်စေပါတယ်။ အထူးသဖြင့် ဆော်လမွန်ငါးနှင့် တူနာငါးတို့မှာ အိုမီဂါ-၃ ကြွယ်ဝ စွာ ပါရှိနေပါတယ်။ (ကိုယ်ဝန် ဆောင်ချိန်အတွင်း ငါးစားပေးခြင်း
ဖြင့် ရင်သွေးငယ်၏ ဦးနှောက် လုပ်ဆောင်ချက်ကို တိုးတက်စေ ပါတယ်)
(၁၇) ဒေါက်ခွရွက်က ခန္ဓာကိုယ်တည် ဆောက်မှုဆိုင်ရာ စွမ်းအင်ပေးနိုင် တဲ့ အစားအစာတစ်မျိုးဖြစ်ပြီး စဉ်းစားတွေးခေါ်မှုဆိုင်ရာ Óဏ် ရည်လျော့ပါးခြင်းကို ကာကွယ် နိုင်ပါတယ်။
(၁၈)ဘီတွတ်ပင်၏အမြစ်ထဲမှာဦးနှောက် သို့ သွေးစီးဆင်းမှုကို အားကောင်း စေနိုင်သော နိုက်ထရိတ်ဓာတ်ပါ ရှိနေတာကြောင့် ဦးနှောက်လုပ် ဆောင်ချက်ကို အားကောင်းလာ စေပါတယ်။
(၁၉) ဗာဒံစေ့၊ မြေပဲ စတဲ့ အစေ့အဆန် များတွင် ဗီတာမင်အီးြ<ွကယ်ဝစွာ ပါဝင်နေ၍ ဦးနှောက်ကျန်းမာရေး အတွက် စားပေးသင့်ပါတယ်။
(၂ဝ) သဘာဝ ဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့ စားပေးခြင်းဖြင့်ခန္ဓာကိုယ်အတွက် သွေးစီးဆင်းမှုကို အားကောင်း စေနိုင်ပါတယ်။
(၂၁) အနက်ရောင်ချောကလက် စားပေး ခြင်းဖြင့် ခန္ဓာကိုယ်အတွက် ဓာတ် တိုးဆန့်ကျင်ပစ္စည်းများ ရရှိနိုင် ပြီး ဦးနှောက်လုပ်ဆောင်ချက်ကို အထောက်အကူဖြစ်စေပါတယ်။
(၂၂) မြင်းခွာရွက် တစ်နေ့လေးရွက်စား ပါ။ (သို့) အုန်းဆီ ၈ဝကျပ်သားနဲ့ မြင်းခွာရွက်သတ္တုရည် ၂၇ ကျပ် သားတို့ရောပြီး မီးအေးအေးဖြင့် ချက်ပါ။ ရေခန်း၍ ဆီသာကျန် တော့တဲ့အထိချက်ပြီး အအေးခံ ပါ။ ဆံပင်နဲ့ဦးရေပြားကို လိမ်း ပေးခြင်းဖြင့် ဦးနှောက်အားရှိလာ စေပါတယ်။ ဒါ့အပြင် သတိ ကောင်းခြင်း၊ ဆံပင်ကောင်းခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း စသည်ဖြင့် ကောင်းကျိုးပြုပါ တယ်။ (သို့) မြင်းခွာရွက်မှုန့်ကို နွားနို့၊ သကြားတို့နဲ့ ရောသောက် ပေးခြင်းဖြင့် ဦးနှောက်ကြည်လင် ၍ မှတ်ဥာဏ်ကောင်းစေပါတယ်။
(၂၃) ဦးနှောက်ပျက်၊ စိတ်ဖောက်ပြန် ခြင်းအတွက် လင်းနေပင်အမှုန့်ကို ပျားရည်နှင့် ရောလျက်ပေးပါ။ ဦးနှောက်အားနည်းပြီး မကြာခဏ သတိမေ့လျော့ခြင်းအတွက် လင်း နေပင်အမှုန့်ကို ထောပတ်၊ နွားနို့ တို့ဖြင့် သောက်ပါ။
(၂၄) ဦးနှောက်ပျက်၊ စိတ်မငြိမ်ခြင်း အတွက် ဆီးသီးခြောက်ကို ထန်း လျက်ဖြင့် ယိုထိုးစားပါ။
(၂၅) ဦးနှောက် ကြည်စေရန်အတွက် ကြံရည်နဲ့ပျားရည်(သို့) ကြံရည်နဲ့ ဆီးဖျော်ရည် ရောသောက်ပါ။
(၂၆) ဦးနှောက်မကြည်မလင် ပင်ပန်း နွမ်းနယ်ခြင်းအတွက် ဖီးကြမ်း ငှက်ပျောသီးမှည့်မှည့်ကို စပျစ်သီး အမှည့်ဖြင့် ဖျော်ရည်လုပ်သောက် ခြင်းဖြင့်တစ်ခဏအတွင်းလန်းဆန်း လာစေပါတယ်။
(၂၇) မြတ်လေးပန်းရှူပါ။ မြတ်လေး ပန်းရနံ့ရှူခြင်း(သို့)မြတ်လေးပန်း ခြောက်မှုန့်ကို ပျားရည်တွင်စိမ်၍ ညအိပ်ရာဝင်တိုင်း လက်ဖက်ရည် ဇွန်းတစ်ဇွန်း သောက်ခြင်းက ဦးနှောက်ကြည်လင်လန်းဆန်းလာ စေပါတယ်။
(၂၈) ကိုကိုးဖျော်ရည်ကို တစ်နေ့တစ် ခွက်သောက်ပေးပါ။Dentate Gyurs (ခေါ်)ဦးနှောက်ဘေး ဘယ် ဘက်ခန်းမအောက်ခြေရှိ အလုံး သည် မှတ်ဥာဏ်ဖွဲ့စည်းတဲ့နေရာ ဖြစ်ပြီးထိုအလုံးက အသက်အရွယ် ကိုလိုက်၍ စွမ်းဆောင်ရည်ကျ ဆင်းလေ့ ရှိပါတယ်။ ကိုကိုး ဖျော်ရည်က မှတ်ဥာဏ်တိုးတက်မှု ရရှိစေတဲ့အပြင် ၄င်းDentate Gyurs အဖုလုံးအတွင်း သွေး လည်ပတ်စီးဆင်းမှုကို ပိုမိုများပြား စေပါတယ်။
(၂၉) Flavanols ဒြပ်ပါဝင်တဲ့ ဆေးဝါး သောက်သုံးခြင်းကလည်းDentate Gyurs အဖုလုံးကို အား ဖြည့်ပေးနိုင်တာကြောင့် မှတ်ဥာဏ်အားကောင်းစေပါတယ်။
ကိုးကား။ ။ Best brain & Memory Tonic foods.