images
UN
UN
ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေး ဥပဒေကြမ်းအား ပြန်လည်ကြားနာမည်
တင်တင်အေး Wednesday, 28 September 2016
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို တတိယ အကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် အမျိုးသားလွှတ် တော်က ယမန်နေ့ကဆုံးဖြတ်ခဲ့သည်။ ယမန်နေ့နံနက်ပိုင်းကကျင်းပ သော ဒုတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ၃၉ရက်မြောက်နေ့အစီအစဉ်တွင် လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ဆက်လက်ဆွေးနွေးခဲ့ပြီးနောက် အထက်ပါအတိုင်း ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်ကအတည်ပြုပြီး ပေးပို့ထားသောရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေကို တတိယအကြိမ်ပြင်ဆင် သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်ပြန် လည်ပေးပို့လာခြင်းနှင့်စပ်လျဉ်း၍ ယခုလ၂၆ရက်ကလည်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ်သုံးဦးက ဆွေးနွေးခဲ့ပြီး ယမန်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် ခြောက်ဦးက ဆက်လက်ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဦး၊ တနင်္သာရီတိုင်းဒေသကြီး မဲ ဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးကင်းရှိန်၊ တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူးတင်အောင်မိုး၊ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ကျော်သန်းထွန်း(ကန်တုန်)၊ တနင်္သာရီတိုင်းဒေသကြီးမဲ ဆန္ဒနယ်အမှတ်(၁ဝ)မှအမျိုးသားလွတ်တော်ကိုယ်စားလှယ်ဦးစိုးသန်း (ခ)မောင်စိုးနှင့် တပ်မတော်သားကိုယ်စားလှယ်ဒုတိယဗိုလ်မှူးကြီး အောင်ကျော်ဇောတို့က ယမန်နေ့တွင် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ထိုသို့ဆွေးနွေးရာတွင် တပ်မတော်သားကိုယ်စားလှယ်ဗိုလ်မှူး တင်အောင်မိုးက ''ပုဒ်မ၅မှာပါတဲ့ပုဒ်မခွဲ(င)မှာပါတဲ့ ခြွင်းချက်ဒေသခံ အငြိမ်းစားဝန်ထမ်းဖြစ်ပါကသက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေး ရွာအုပ်စုအတွင်းနေထိုင်သည့်ကာလကို လျှော့ပေါ့စဉ်းစားနိုင်သည် လို့ ထည့်သွင်းထားခြင်းဟာ အတွေ့အကြုံရှိပြီး ရပ်ကွက်အကျိုးကို ဆောင်ရွက်လိုတဲ့သူတွေအတွက် အခွင့်အလမ်းရရှိစေမှာဖြစ်ပါတယ်။ ကျေးရွာအုပ်စုအတွင်းမှာ မိမိရပ်ရွာကောင်းကျိုးအတွက် ပိုမိုဆောင် ရွက်နိုင်တဲ့သူများ ရရှိနိုင်မှာဖြစ်ကြောင်း ဆွေးနွေးလိုပါတယ်'' ဟု ထည့်သွင်းဆွေးနွေးခဲ့သည်။