images
UN
UN
လယ်ယာမြေဥပဒေစိုးမိုးရေးနှင့် ဥပဒေနှင့်အညီ လေးစားလိုက်နာဆောင်ရွက်သင့်သော အချက်များ
အေးဝင်းဦး(ဘူမိဗေဒ) Thursday, 29 September 2016
စကားချီး။ ။ ဥပဒေတစ်ရပ်ပြဋ္ဌာန်း ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် ယင်းဥပဒေသည် နိုင်ငံတော်နှင့်လုပ်သား ပြည်သူအပေါင်းတို့အပေါ် ချက်ချင်း အာဏာတည်စေရမည် (ဝါ) ဥပဒေစိုးမိုး နိုင်စေရမည် (ဝါ) လုပ်သားပြည်သူ အားလုံးက လေးစားလိုက်နာရမည်သာ ဖြစ်သည်။ သို့သော် စာရေးသူတို့ မြန်မာ နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူအများလေးစားလိုက်နာရေးသည် လွန်စွာအားနည်းလျက်ရှိသည်။ ထို့ ကြောင့်လည်း ယခုအခါ လုယက်မှု၊ ခါး ပိုက်နှိုက်မှု၊ လူကုန်ကူးမှု၊ လိမ်လည်မှု၊ လူသတ်မှု၊ မုဒိမ်းမှု၊ မူးယစ်ဆေးဝါးမှု၊ ယာဉ်မတော်တဆမှုအစရှိသော ရာဇဝတ် မှုများအနမတဂ္ဂပေါ်ပေါက်နေကြရသည်။ ထိုသို့သော ရာဇဝတ်မှုများကို မဆိုထား နှင့် လွန်ခဲ့သောငါးနှစ်ခန့်ကမှ ထုတ် ပြန်ခဲ့သော လယ်ယာမြေဥပဒေသစ်ကို လည်း လူပုဂ္ဂိုလ်သို့မဟုတ်ဌာနဆိုင်ရာ အဖွဲ့အစည်းများက လေးစားလိုက်နာမှု မရှိသဖြင့်လယ်ယာမြေပြဿနာများသည် အမယ်ဘုတ်ကဲ့သူ့ချည်မျှင်လို ရှုပ်ထွေး ပွေလီလျက်ရှိသည်။ အထူးသဖြင့် ၂ဝ၁၂ ခုနှစ် လယ်ယာမြေဥပဒေနှင့် ယင်းနည်း ဥပဒေများအား အဓိကတာဝန်ရှိသည့် လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့်ဆင့်က တိကျစွာလိုက်နာ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် အထူးလိုအပ်ပေသည်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်
(ပုံစံ-၇)ပြဿနာ
စာရေးသူသည်လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇) ပြဿနာပေါင်း စုံကိုဂျာနယ်အစောင်စောင်တွင် ဆောင်း ပါးများစွာရေးသားခဲ့ပြီးဖြစ်သည်။ အချုပ် အားဖြင့် ဆိုရသော် ယင်း(ပုံစံ-၇) သည် တောင်သူလယ်သမားများ၏ ဘိုးစဉ် ဘောင်ဆက်သားသမီး၊မြေး၊မြစ်များအထိ တရားဝင်ခိုင်မာသော မြေပိုင်ဆိုင်မှုလက် မှတ် (ဃနမအင်ငခအေန)ဖြစ်၍လွန်စွာအရေး ကြီးသော အထောက်အထား (ီသခကာနညအ) တစ်ခုဖြစ်သည်။ ယင်း(ပုံစံ-၇) လက်မှတ်လက်ဝယ်ရရှိမှသာ ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်း၊ ငှားရမ်း၊ လဲလှယ်၊ အမွေပေးခြင်းဟူသော လွှဲပြောင်းမှုများ ပြုလုပ်ခွင့်ရှိသည်။ အမည်ပြောင်းခွင့် လျှောက်ထားနိုင်သည်။ လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းအသုံးပြုခွင့် လျှောက်ထားနိုင်သည်။ လယ်ယာမြေ ပေါ်တွင် မူလသီးနှံအမျိုးအစားတစ်ခုမှ အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲ စိုက်ပျိုးရန် လျှောက်ထားနိုင်သည်။ ထို့ ပြင် ယင်း (ပုံစံ-၇) လက်မှတ်ရှိပါမှ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်က မြေယာအငြင်းပွားမှုများအား အမှုတွဲဖွင့် လှစ်၍ စစ်ဆေးဆုံးဖြတ်နိုင်သည်။ နောက်ဆုံးနိုင်ငံတော်၏ လိုအပ်ချက်အရ မဖြစ်မနေမြေသိမ်းဆည်းမည်ဆိုပါကထိုက် သင့်သော ကာလတန်ဖိုးဖြင့် နစ်နာကြေး သို့မဟုတ် လျော်ကြေးရရှိနိုင်သည်။
ယင်းသို့သော အခွင့်အရေးများ ရရှိ ခံစားနိုင်ပါသော်လည်း ပြဿနာများက တစ်ပုံတစ်ပင်ကြီးရှိသည်။ သက်ဆိုင်ရာ ရုံးဌာနများ၏ အားနည်းချွတ်ယွင်းမှု ကြောင့် ယခုအချိန်အထိ (ပုံစံ-၇) ထုတ် ယူမရရှိသေးသော တောင်သူလယ်သမား များရှိနေသည်။ သစ်တောမြေ၊ စားကျက် မြေများနှင့် အခြားမြေများပေါ်တွင် နှစ် ပရိစ္ဆေဒ အလွန်ကြာမြင့်စွာ ဘိုးစဉ် ဘောင်ဆက် အစဉ်တစိုက် စိုက်ပျိုးလုပ် ကိုင်လာခဲ့ကြသော လယ်ယာမြေများအား (ပုံစံ-၇) ထုတ်ပေးနိုင်ခြင်း အလျဉ်းမရှိ သေးပေ။ သို့ရာတွင် ကွယ်လွန်ခဲ့ပြီးသော တောင်သူလယ်သမားများ၏ နာမည်ဖြင့် (ပုံစံ-၇) ထုတ်ပေးသည်ဆိုသော မသမာ မှုများလည်းရှိသည်ဟု ကြားသိရသည်။
တစ်ဖန်သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ဦးစီးဌာနများ၏ နောက်ဆက်တွဲညွှန် ကြားချက်များ ထုတ်ပြန်မှုမရှိသေးသဖြင့် တောင်သူလယ်သမားများမှာ မိမိတို့၏ သားသမီး၊ မြေး၊ မြစ်များကို အမွေပေး နိုင်ခြင်းမရှိ။ နာမည်ပြောင်းလဲခွင့်မရှိသေး သည့်အပြင် သီးနှံစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် အထောက်အပံ့ ဖြစ်သည့် လယ်ယာမြေကို အစိုးရဘဏ် (သို့) အစိုးရအသိအမှတ်ပြုဘဏ်တစ်ခုခု သို့ လယ်ယာမြေအား ပေါင်နှံခြင်းလည်း မပြုနိုင်သေးပေ။ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်တစ်ခုတည်းကိုသာ အားကိုး အားထားပြုရပါသော်လည်း (ပုံစံ-၇) လက်မှတ် လက်ဝယ်မရှိသော တောင်သူ
လယ်သမားအချို့မှာ စိုက်ပျိုးစရိတ်ချေး ငွေလုံးဝ ထုတ်ယူမရရှိချေ။ ထို့ကြောင့် ရှေးယခင်အစဉ်အလာအတိုင်း ပြင်ပငွေ ရှင်ကြေးရှင်ထံမှ ငွေချေးယူသုံးစွဲရသည့် တောင်သူလယ်သမားများရှိနေမည်မှာ အမှန်မလွဲပေ။
မိမိ၏လယ်ယာမြေကို အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသူ မှန်ပါလျက် (ပုံစံ -၇)လက်မှတ် မကိုင်ဆောင်နိုင်သေး သော တောင်သူလယ်သမားစစ်စစ်များ လည်းရှိနေပါသေးသည်။ ၄င်းတို့မှာ (၁) လူပျိုပေါက်အရွယ်မှစတင်၍ လယ်ယာ လုပ်ငန်းခွင်တွင် ကိုယ်တိုင်ကြီးကြပ်လုပ် ကိုင်နေသော အသက် (၁၈)နှစ်မပြည့် သေးသူများ၊ (၂) မြန်မာပြည်တွင် မွေး ဖွားပြီး အရွယ်ရောက်ချိန်မှစတင်၍ လယ်ယာမြေ အထူးသဖြင့် လယ်မြေများ ကို အစဉ်တစိုက်စိုက်ပျိုးလုပ်ကိုင်နေကြ သော်လည်း နိုင်ငံသားစိစစ်ရေးကတ် ပြား (အမျိုးသားမှတ်ပုံတင်လက်မှတ်) မကိုင်ဆောင်နိုင်သော အိန္ဒိယနွယ်ဖွား ကုလားလူမျိုးများနှင့် (၃)ဥယျာဉ်ခြံမြေ (အထူးသဖြင့်-ဝါးခြံများ)ဖြစ်ပေသည်။
လယ်ယာမြေကို ခြံစည်းရိုးခတ်ခြင်း
၂ဝ၁၂ခုနှစ် လယ်ယာမြေဥပဒေ ပြဋ္ဌာန်းပြီးချိန်မှစတင်၍ ကားလမ်းဘေး ဝဲယာရှိလယ်ယာမြေ(အထူးသဖြင့် လယ် မြေ)များပေါ်တွင် ကျောက်ငုတ်တိုင်များ ဖြင့် အခိုင်အမာခြံစည်းရိုးကာရံခြင်းများ မြင်မကောင်း ရှုမကောင်းတွေ့မြင်ကြရ သည်။ အဓိပ္ပာယ်မှာငွေရှင်ကြေးရှင် လုပ် ငန်းရှင်များနှင့် ကုမ္ပဏီအဖွဲ့အစည်းများ က တောင်သူလယ်သမားများထံမှ လယ်ယာမြေကို ဈေးကောင်းပေး၍ ဝယ် ယူခဲ့ကြပြီး ရောင်းကုန်ပစ္စည်းတစ်ရပ် နှယ် 'ဥ'ထားကြခြင်းဖြစ်သည်။ ရှေး ယခင်ကဆိုလျှင် တောင်သူများသည် မိမိတို့လုပ်ကိုင်ခွင့်ရသော လယ်ယာမြေ ကိုထန်းပင်၊ အုန်းပင်၊ အခြားသစ်ပင်များ စိုက်၍ လုပ်ကွက်နယ်နိမိတ်သတ်မှတ် ထားခဲ့ကြသည်။ နဝတ အစိုးရလက် ထက်တွင်မူ တောင်သူများအား ယာမြေ လုပ်ကိုင်နည်းနည်းလေးကို ခြံစည်းရိုး ခတ်ရေးအတွက် ခြံစည်းရိုးကြက်ဆူပင် များစိုက်ပျိုးရန် တာဝန်ပေးခဲ့ကြသည်။ ယခုမူလူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်းများက လယ်မြေများအား ခြံစည်းရိုးခတ်ခြင်းမှာ အမြင်မတော် ဆင်တော်နှင့်ခလောက်ဆို သလိုအရုပ်ဆိုးအကျည်းတန်လှပေသည်။ တောင်သူလယ်သမားများထံမှ လယ်မြေ ဝယ်ယူထားသူများသည် နိုင်ငံတော်၏ အဓိကသီးနှံဖြစ်သည့် စပါးသီးနှံကို ဆက်လက်စိုက်ပျိုးရန် တာဝန်ရှိသည်။ ထိုသို့မဟုတ်မူဘဲခိုင်လုံသောအကြောင်းပြ ချက်မရှိဘဲလယ်ယာမြေကိုလှပ်ထားလျှင် ယင်းလယ်မြေကို စည်းကမ်းပျက်လယ် မြေအဖြစ် အပြစ်ပေးအရေးယူရပေမည်။ သို့သော် ဥပဒေပြဋ္ဌာန်းချက်မှာ လေးနှစ် ကြာမြင့်သည်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိသည်မှာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်၏ အဓိကအားနည်းချက်တစ်ရပ်ဖြစ်ပေသည်။
လယ်ယာမြေကို စိုက်ပျိုးမှုမှအပ
အခြားနည်းအသုံးပြုခြင်း
လယ်ယာမြေပေါ်တွင် ခြံစည်းရိုး ခတ်ခြင်းနှင့်အလားတူ လယ်ယာမြေကို ခွင့်ပြုချက်မရရှိဘဲ အခြားနည်းအသုံးပြု ခြင်းများကိုလည်း အများအပြားတွေ့လာ ရသည်။ အထူးသဖြင့် တိုင်းဒေသကြီး အတော်များများတွင် ကားလမ်းမကြီး တစ်လျှောက် စက်သုံးဆီဆိုင်များ၊ စား သောက်ဆိုင်ကြီးများ၊ မြေကွက်ရိုက်၍ ရောင်းခြင်းများပေါ်ပေါက်လာသည်။ လယ်ယာမြေ (အထူးသဖြင့် လယ်မြေ) ကို အခြားနည်းသုံးစွဲခွင့် (ပုံစံ-၁၅)ခွင့်ပြု မိန့်အား နေပြည်တော်ရှိ ဗဟိုလယ်ယာ စီမံခန့်ခွဲမှုအဖွဲ့ကသာ ချမှတ်ပေးနိုင်သဖြင့် နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အရဆိုသော် ပုံမှန်အားဖြင့် အနည်းဆုံး သုံးလေးလခန့် ကြာမြင့်နိုင်သည်။ သို့ သော် လူပုဂ္ဂိုလ်(သို့)အဖွဲ့အစည်းများ သည် လယ်ယာမြေကို အခြားနည်းအသုံး ပြုခွင့်ကို (ပုံစံ -၁၄)ဖြင့် လျှောက်ထား၍ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးရုံးမှ လုပ် ငန်းအတွဲ-၃ဝ(က)၊ ၃ဝ(ခ)ဖွင့်လှစ်လိုက် ပြီဆိုကာမျှနှင့် ကြိုတင်၍ အခြားနည်း သုံးစွဲနေကြကုန်ပြီဖြစ်သည်။
လယ်ယာမြေကို အခြားနည်းအသုံး ပြုခွင့်လျှောက်ထားရာတွင် ယခင်က မြေပုံရေးကူးခွင့်နှင့် အမှုတွဲတည်ဆောက် ခွင့်ရရှိရန်ပင် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့၏ခွင့်ပြုချက်ကို ရှေးဦးစွာ လျှောက်ထားကြရသဖြင့် ပိုမိုကြာမြင့် သည်။ ယင်းအချက်ကို ဖြေလျှော့လိုက် သည့်အခါ အမှုတွဲ(သို့)လုပ်ငန်းစာတွဲများ ဖွင့်လှစ်ဆောင်ရွက်မှု လျင်မြန်သွက်လက် လာပြန်သော်လည်း ခွင့်ပြုမိန့်ကျသည် အထိ မစောင့်ဆိုင်းတော့ဘဲ ကြိုတင် အသုံးပြုလာကြသည်။ ဥပမာ-ရန်ကုန် တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်အနီးရှိ လယ်မြေများအား (ပုံစံ-၇)ကိုပြ၍လည်း ကောင်း၊ လုပ်ငန်းစာတွဲအမှတ်-၃ဝ(က) လျှောက်ထားပြီးသည်ကို အကြောင်းပြု၍ လည်းကောင်း၊ ပေ၄ဝx၆ဝသို့မဟုတ် ပေ၂ဝx၆ဝမြေကွက်များရိုက်၍ရောင်းချ နေကြသည်။ ကျေးရွာအုပ်စု၊ ရပ်ကွက် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌဖြစ် သည့် ကျေးရွာအုပ်စု၊ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အတွင်းရေးမှူးဖြစ်သည့် မြေတိုင်းစာရေးများက ပါဝင်ပံ့ပိုးကူညီ ဆောင်ရွက်နေကြသည်။ ဥပဒေဘက် တော်သားများကစပြီး မမှန်မကန်လုပ်နေ ကြသည်။ ကောင်းလေစွ။
တစ်ဖန် လယ်ယာမြေကို အခြား နည်းအသုံးပြုခွင့် ပုံစံ-၁၅၊ /ပုံစံ-၁၅(က)ရရှိသူများအနေဖြင့်လည်းသတ်မှတ် ကာလအတွင်း သတ်မှတ်သည့်နည်းလမ်း အတိုင်း အမှန်တကယ် အကောင်အထည် ဖော်ဆောင်ရွက်မှုရှိမရှိကို လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့များက ဗဟိုအဆင့်အထိ သုံးလတစ်ကြိမ်သော်လည်းကောင်း၊ ခြောက်လတစ်ကြိမ်သော်လည်းကောင်း အစီရင်ခံစာတင်ပြရမည်ဟု ဥပဒေနှင့် နည်းဥပဒေများအရပြဋ္ဌာန်းရမည်ဆိုသော် လည်း ပေယျာလကန်ပြုနေမည်မှာ အမှန် မလွဲပေ။လယ်ယာမြေကို ခွင့်ပြုချက်မရှိ ဘဲ အခြားနည်းအသုံးပြုနေခြင်းများအား ဥပဒေအရ အရေးယူဆောင်ရွက်မည်ဟု အသံကောင်းဟစ်နေသော်လည်း ထိ ရောက်ပြတ်သားစွာကြပ်မတ်ဆောင်ရွက် မှုမျိုးကိုမူ ယခုအချိန်အထိမျက်ဝါး ထင်ထင်ပွင့်လင်းမြင်သာစွာမတွေ့ရှိရသေး ပါသဖြင့် လယ်ယာမြေဥပဒေစိုးမိုးမှု မရှိဟုဆိုချင်သည်။
လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု (သို့) မြေယာမှုခင်းများအား စစ်ဆေးဆုံး ဖြတ်ခြင်း
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း ၍ ပေါ်ပေါက်သည့်အငြင်းပွားမှုများကို ရပ်ကွက်(သို့)ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က မူလမှုခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်းနှင့်ကြားနာခြင်းတို့ကို ဆောင်ရွက်ရာတွင် အမှုတွဲစတင်ဖွင့်လှစ် သည့်နေ့မှ ၁၅ ရက်အတွင်း အမိန့်(သို့) ဆုံးဖြတ်ချက်ချမှတ်ရမည်ဟူ၍လည်း ကောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် အယူခံလွှာကို လက်ခံရရှိ သည့်နေ့မှ ရက်ပေါင်း ၃ဝ အတွင်း ရပ်ကွက်(သို့)ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှု၏ အမိန့်(သို့)ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း(သို့) ပယ်ဖျက်ခြင်းပြုရမည်ဟူ၍လည်းကောင်း၊ ထိုနည်းတူ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည်လည်း အယူခံလွှာရရှိသည့်နေ့ မှ ရက်ပေါင်း ၃ဝ အတွင်း မြို့နယ်လယ် ယာမြေစီမံခန့်ခွဲမှု၏အမိန့်(သို့)ဆုံးဖြတ် ချက်များကို အတည်ပြုခြင်း၊ ပြင်ဆင် ခြင်း(သို့)ပယ်ဖျက်ခြင်းပြုရမည်ဟူ၍လည်း ကောင်း၊ လယ်ယာမြေဥပဒေနှင့် နည်း ဥပဒေများတွင်ပြဆိုထားသည်။ သို့သော် မြို့နယ်အဆင့်တွင်လည်းကောင်း၊ခရိုင် အဆင့်တွင်လည်းကောင်း၊ လယ်ယာမြေ ပိုင်ဆိုင်မှု၊ အငြင်းပွားမှုအမှုတွဲများမှာ လ နှင့်ချီ၍(တချို့သောအမှုများမှာ တစ်နှစ် နီးပါး) ကြာမြင့်နေတတ်သည်။ မြို့နယ် နှင့်ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့တွင် ပါဝင်သောအရာထမ်းများ တာဝန် ဝတ္တရား များပြားလှသည်ကို တောင်သူ လယ်သမားများနားလည် သဘော ပေါက်ပါသည်။ ရက်ပေါင်း ၃ဝ အတွင်း မဟုတ်သည့်တိုင်သုံးလေးလ ခန့်ကြာမြင့် လျှင်လည်းသည်းခံနိုင်ကြသည်။ထို ကာလအပိုင်းအခြားထက် ပိုမိုစွာနှောင့် နှေးကြန့်ကြာသည်ကတော့မဖြစ်သင့်ပေ။
လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု များအား လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ငါးဦး သို့မဟုတ် ခုနစ်ဦးနှင့်ကြားနာ စစ်ဆေးဆုံးဖြတ်ရသည်ဖြစ်၍ မြန်မြန် ဆန်ဆန်ထက် မှန်မှန်ကန်ကန်သုံးသပ် ဆုံးဖြတ်ဖို့လည်း အထူးလိုအပ်ပါသည်။ လယ်ယာမြေပြဿနာအရှုပ်အရှင်းဖြစ်သော ကြောင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ အမှုထမ်း အရာ ထမ်းကိုချည်း ပုံအပ်၍မဖြစ်ပါ။ လူဆို သည်မှာ အမှားအယွင်းရှိတတ်ပါသည်။ဥပမာ-မြို့နယ်တစ်မြို့နယ်တွင် ခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏အတည်ပြု ချက်ဖြင့် မြို့နယ်ဦးစီးမှူးကိုယ်တိုင် (ပုံစံ-၇)လက်မှတ်ထုတ်ပေးထားသော တောင် သူတစ်ဦးကို မြေယာမှုခင်းဖြစ်ပွားရာ၌ ယင်းတောင်သူသည် ကျေးရွာအုပ်စု အဆင့်တွင် အနိုင်ရရှိသော်လည်း မြို့နယ် အဆင့်တွင် အမှုရှုံးနိမ့်ခဲ့သည့် သာဓက ရှိခဲ့ဖူးပါသည်။ ယင်းအမှုကို ခရိုင်လယ် ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည်ပြင်ဆင် တည့်မတ်ပေး၍သာ ထိုမြို့နယ်ဦးစီးမှူး အလုပ်မပြုတ်ခဲ့ခြင်းဖြစ်သည်။
နိဂုံး
အချုပ်ဆိုရသော် (၁)လယ်ယာမြေ ဥပဒေနှင့်ညီညွတ်ပါလျက် အကြောင်း အမျိုးမျိုးကြောင့် နစ်နာနေသော တောင် သူလယ်သမားများကို လယ်ယာမြေလုပ် ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)များထုတ်ပေး ရေး၊ (၂)ခြံစည်းရိုးခတ်ထားသော/ ခိုင် လုံသော အကြောင်းပြချက်မရှိဘဲ အကြောင်းမဲ့လှပ်ထားသောလယ်မြေမ