images
UN
UN
စလင်းမြို့ဆုံကုန်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား လူနေအိမ်သုံးလုံးမီးလောင်ဆုံးရှုံး
သူရထွန်း(ပွင့်ဖြူ) Friday, 30 September 2016
မင်းဘူးခရိုင် စလင်းမြို့နယ် မုန့်ဟင်းခါးကျွန်းကျေးရွာအုပ်စု ဆုံကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂နာရီက မီးလောင်မှုဖြစ်ပွားခဲ့ရာ လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံး ခဲ့ရသည်။
ဖြစ်စဉ်မှာ အဆိုပါမီးလောင်မှု စတင်ဖြစ်ပွားသည့်နေအိမ်သည်အိမ် သားများမရှိခိုက် မွန်းလွဲ ၂နာရီ တွင်မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် ပြီး ဘေးဝန်းကျင်ရှိလူနေ အိမ်နှစ် လုံးပါ မီးကူးစက်လောင်ကျွမ်းခံ ရခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွား ရာနေရာသို့ အကြောင်းကြားချက် အရ စလင်းမြို့နယ် မီးသတ်ဦးစီး ဌာနနှင့် ဆင်ဖြူကျွန်းမီးသတ်ဦးစီး ဌာနတို့မှ မီးသတ်ယာဉ်ခြောက်စီး၊ သန္ဓေမီးသတ် ၂ဝ၊ အရန်မီးသတ် ၃၅ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ အချိန်မီရောက်ရှိလာခဲ့သဖြင့် ၂ နာရီ ၁၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ ပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်စဉ် အားစုံစမ်းဆဲဖြစ်ကြောင်းနှင့် လူနှင့် တိရစ္ဆာန်များသေဆုံးမှုမရှိကြောင်း သိရသည်။