images
UN
UN
တိရစ္ဆာန်မွေးမြူရေးနှင့် ပတ်ဝန်းကျင်ပြောင်းလဲလာမှုများ
ဒေါက်တာနေဝင်း(မွေး/ကု) Saturday, 01 October 2016
အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဘဲ၊ ဝက်စသည့် သတ္တဝါများအား လွန်ခဲ့သောနှစ်ထောင် ပေါင်းများစွာ ထွန်ယက်စိုက်ပျိုးမှု လုပ်ငန်း၊ စားနပ်ရိက္ခာသယ်ယူပို့ဆောင် ရေး၊ လောင်စာ၊ ဓာတ်မြေသြဇာ၊ အဝတ် အထည်နှင့် ဝင်ငွေရရှိမှုအတွက် မွေးမြူခဲ့ ကြပါသည်။ ၁၉၉၂ ခုနှစ် 'ကမ္ဘာ့စောင့် ကြည့်အဖွဲ့'၏ အစီရင်ခံစာတွင် အိမ်မွေး တိရစ္ဆာန်မွေးမြူမှုကြောင့် ကမ္ဘာ့ပတ်ဝန်း ကျင်ပြောင်းလဲမှုနှင့် ကမ္ဘာ့'ဂေဟ'စနစ် ပျက်စီးမှုဖြစ်စေကြောင်း ဖော်ပြခဲ့ပါ သည်။
တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် ကမ္ဘာပေါ်ရှိ မြေဧရိယာ၏ တစ်ဝက်ခန့် ပေါ်တွင်လည်းကောင်း၊ သီးနှံစိုက်ပျိုး သည့် မြေဧရိယာ၏ လေးပုံတစ်ပုံပေါ် တွင်လည်းကောင်း အသုံးပြုလျက်ရှိ ကြောင်းနှင့် ၄င်းတိရစ္ဆာန်မွေးမြူမှုမှ ပေါ် ထွက်လာသောဓာတ်ငွေ့များမှ ကမ္ဘာ့ ဖန်လုံအိမ်အာနိသင်အား ဖြစ်ပေါ်စေ ကြောင်း ထုတ်ဖော်ခဲ့ပါသည်။ တိရစ္ဆာန် တို့မှထုတ်လုပ်သည့်ဓာတ်ငွေ့များဖြစ်သော မီသိန်းဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်ငွေ့၊ ကလိုရိုဖလူရိုက်ဓာတ်ငွေ့၊ နိုက်ထရပ်စ်အောက်ဆိုဒ်ဓာတ်ငွေ့၊ အမိုး နီးယားဓာတ်ငွေ့များမှသည် ကမ္ဘာ့လေထု ထဲတွင် ပမာဏများပြားလာပြီး လေထု ညစ်ညမ်းမှုကိုဖြစ်ပေါ်စေ၍ ကမ္ဘာပေါ်ရှိ လူသားများ၏ အသက်ရှင်နေထိုင်မှုကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း တွေ့ရှိရပါ သည်။
အိမ်မွေးတိရစ္ဆာန်များအနက် အထူး သဖြင့် စားမြုံ့ပြန်သတ္တဝါများဖြစ်သည့် ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသည့် သတ္တဝါများ မွေးမြူမှုမှ ထုတ်လုပ်သည့် မီသိန်းဓာတ် ငွေ့ပမာဏမှာ အများဆုံးဖြစ်ပါသည်။ ယင်းစားမြုံ့ပြန်သတ္တဝါများ၏ အစာအိမ် အစာချေဖျက်မှုဖြစ်စဉ်မှ ဖြစ်ပေါ်လာ သည့် မီသိန်းဓာတ်ငွေ့ထုတ်လုပ်မှုမှာ ကျန်တိရစ္ဆာန်များထုတ်လုပ်သည့် ဓာတ် ငွေ့များထက်ပိုမိုများပြားကြောင်း တွေ့ရှိ ရပါသည်။
ကမ္ဘာပေါ်ရှိ မွေးမြူထားသော ကျွဲ၊ နွားကောင်ရေကိုကြည့်ပါက လူလေး ယောက်လျှင် ကျွဲ၊ နွားတစ်ကောင်အချိုး နှုန်းရှိပြီး နှစ်စဉ်လူဦးရေတိုးပွားနှုန်း နှစ် ရာခိုင်နှုန်းတိုးတက်လာသကဲ့သို့ ကျွဲ၊ နွား ကောင်ရေ တစ်ရာခိုင်နှုန်းတိုးတက်လျက် ရှိနေပါသည်။
ယင်းတိရစ္ဆာန်များ၏ မီသိန်း ဓာတ်ငွေ့ထုတ်လုပ်မှုအားကြည့်ပါက နှစ် စဉ် ကျွဲ၊ နွားတစ်ကောင်လျှင် ပျမ်းမျှ ၄၅ ကီလိုဂရမ် ၂၇ ပိဿာနီးပါးခန့် ဖြစ် သည်။ မီသိန်းဓာတ်ငွေ့ထုတ်လုပ်မှု အနည်းအများပမာဏသည်လည်း ၄င်း တိရစ္ဆာန်များအား ကျွေးမွေးသည့် အစာ အမျိုးအစားပေါ်တွင် မူတည်နေပြီး အမျှင် ဓာတ်များများပါသည့် အစာကျွေးမွေးပါ က ဓာတ်ငွေ့ထုတ်လုပ်မှုများ၏ အမျှင် ဓာတ်ပါဝင်မှုနည်းပါက ဓာတ်ငွေ့ထုတ် လုပ်မှုနည်းပါးသည်။
စားမြုံ့ပြန်သတ္တဝါများမှ ထုတ်လွှင့် သည့် မီသိန်းဓာတ်ငွေ့အပါအဝင် ဓာတ် ငွေ့များသည် လေထုအတွင်းရှိ နေရောင် ခြည်မှထုတ်လွှင့်သည့်အပူအား ဖမ်းယူ ထိန်းသိမ်းထားခြင်းဖြင့် ကမ္ဘာ့အပူရှိန်အား မြင့်တက်လာစေသည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲခြင်း၊ ရေကြီးခြင်း၊ မိုးခေါင် ခြင်း၊ ကမ္ဘာ့ဝင်ရိုးစွန်းများရှိ ရေခဲ များ အရည်ပျော်ခြင်း၊ ကမ္ဘာပေါ်ရှိ ပင်လယ် များ၏ ရေမျက်နှာပြင်တက်လာခြင်းတို့ အား ဖြစ်ပေါ်စေလျက်ရှိပါသည်။
အိမ်မွေးတိရစ္ဆာန်များ မွေးမြူခြင်း ကြောင့် အခြားဖြစ်ပေါ်လာသော အကျိုး ဆက်များမှာ လူများနေထိုင်သည့်ပတ်ဝန်း ကျင်ညစ်ညမ်းလာခြင်း၊ သစ်တောပြုန်းတီး လာခြင်းနှင့် မြေဆီလွှာပျက်သုဉ်းခြင်း တို့ကိုလည်း ဖြစ်ပေါ်စေပါသည်။ တိုးပွား လာသော မွေးမြူထားသည့် တိရစ္ဆာန် ကောင်ရေကြောင့် တိရစ္ဆာန်တို့၏အစား အစာတိုးချဲ့ရှာဖွေရာမှ သစ်တောများ ပြုန်းတီးလာသည်။ ယင်းပြုန်းတီးမှု ကြောင့် သစ်ပင်များ၏ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့အသုံးပြုမှုနည်းပါး ပြီး လေထုအတွင်း ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်များပြားလာခြင်း၊ စားကျက် ပင်များကို တိရစ္ဆာန်များ၏ ထပ်တလဲလဲ နင်းချေခြင်းခံရခြင်းကြောင့်လည်း ပြန် လည်ရှင်သန်မှုအားနည်းစေပါသည်။ ၄င်း အပြင် စားကျက်ပင်၏သိပ်သည်းမှုလျော့ နည်းသွား၍ မြေကြီးဓာတ်အစိုဓာတ် ထိန်းသိမ်းနိုင်မှုနည်းပါးသွားပြီး မြေပြင် ပေါ်ရှိ အပင်များအတွက် ရေဓာတ်ရရှိမှု အားလျော့နည်းစေပါသည်။ နောက်ဆက် တွဲအကျိုးဆက်အနေဖြင့် စားကျက်များ၏ အပေါ် ယံမြေဆီလွှာမှာ တဖြည်းဖြည်း သဲဆန်လာ၍ မြေဆီလွှာပျက်သုဉ်းသွား ပြီး သဲကန္တာရဖြစ်ထွန်းမှုများ ဖြစ်ပေါ် လာပါတော့သည်။
တိရစ္ဆာန်မွေးမြူရေး၏ ပတ်ဝန်းကျင် တွင် ဖြစ်ပေါ်စေသည့် ဆိုးကျိုးတစ်ခုမှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုပင်ဖြစ်ပါ သည်။ ယင်းဆိုးကျိုးအား ခြံလှောင်မွေး မြူရေးစနစ်မှ ဖြစ်ပေါ်စေပါသည်။ ခြံ လှောင်မွေးမြူရေးစနစ် ကျင့်သုံးသည့် မွေးမြူသူအားလုံးလိုလိုပင် ၄င်းတို့ ခြံများ အား မြို့ကြီးများ၏ဈေးကွက်နှင့် သယ်ယူ ပို့ဆောင်ရေး လွယ်ကူမှုအတွက် လူနေ ရပ်ကွက်များအနီးအနားတွင် မွေးမြူ ထားရှိသည့်ခြံများမှ တိရစ္ဆာန်နှင့် တိရစ္ဆာန် များ၏ ဘေးထွက်ပစ္စည်းများအား စိုက် ပျိုးရေးလုပ်ငန်းတွင် မြေသြဇာအဖြစ် အသုံးပြုခြင်း၊ ငါးစာအဖြစ် ငါးကန် များတွင် အသုံးပြုခြင်းကြောင့် ပတ်ဝန်း ကျင်ညစ်ညမ်းမှုနှင့် ဆိုးကျိုးများဖြစ်ပေါ် စေပါသည်။
တိရစ္ဆာန်များ၏အညစ်အကြေးများအား မြေသြဇာအဖြစ် အသုံးပြုရာတွင် လိုအပ် သည်ထက် ပို၍သုံးစွဲခြင်းကြောင့် တိရစ္ဆာန်အညစ်အကြးများထဲရှိ သတ္တု ဓာတ်အချို့ဖြစ်သည့် နိုက်ထရိတ်ဓာတ်၊ ကြေးနီဓာတ်၊ သွပ်ဓာတ်နှင့် ဖော့စဖိတ် ဓာတ်တို့မှာ ရေစီးကြောင်းများတွင် ပါဝင် သွားသည်။ ထို့ကြောင့် ရေနေသတ္တဝါတို့ ၏ အောက်ဆီဂျင်ဓာတ်ရရှိရေးအား အဟန့်အတားဖြစ်စေသကဲ့သို့ ၄င်းဓာတ် များ မြေထဲသို့ စိမ့်ဝင်မှုမှာ မြေဆီလွှာ ပျက်သုဉ်းမှုအား ဖြစ်စေပါသည်။ ထို့ အပြင် ၄င်းဓာတ်များ စားသုံးပင်များ အတွင်းသို့ ရောက်ရှိသွားခြင်းဖြင့် စားသုံး သူများ၏ ကျန်းမာရေးအား ထိခိုက်စေ ပါသည်။
ထို့ကြောင့် တိရစ္ဆာန်များ အညစ် အကြေး များအား စနစ်တကျအသုံးချ ခြင်းဖြင့် စွန့်ပစ်ရန်လိုအပ်သကဲ့သို့ တိရစ္ဆာန်များအား ကျွေးမွေးသောအစား အစာများတွင်လည်း လိုအပ်သည့်ပမာဏ ထက်မပိုသော သတ္တုဓာတ်ဆားများ ထည့်သွင်း ကျွေးမွေးရမည် ဖြစ်ပါသည်။ သို့မဟုတ်ပါက တိရစ္ဆာန်များနှင့် သီးနှံ ပင်တို့၏ 'ဂေဟ'စနစ်နှစ်ခုစလုံးကိုပါ ပျက်စီးစေမည်ဖြစ်ပါသည်။
အိမ်မွေးတိရစ္ဆာန်မှထုတ်လုပ်သည့် ဓာတ်ငွေ့များအနက် ကမ္ဘာပေါ်ရှိ စုစု ပေါင်းမီသိန်းဓာတ်ငွေ့ ဖြစ်ပေါ်မှုအားလုံး ၏ ၁၅ရာခိုင်နှုန်းအား စားမြုံ့ပြန်သတ္တဝါ များမှလည်းကောင်း၊ စုစုပေါင်း နိုက် ထရပ်စ်ဓာတ်ငွေ့ထုတ်လုပ်မှု၏ ၁၇ရာခိုင် နှုန်းအား မွေးမြူရေးတိရစ္ဆာန်အားလုံးမှ လည်းကောင်း၊ စုစုပေါင်းထုတ်လုပ် သည့် အမိုးနီးယားဓာတ်ငွေ့၏ ၄၄ရာခိုင် နှုန်းအား မွေးမြူထားရှိသော တိရစ္ဆာန် အားလုံးနှင့် ¤င်းတို့၏အညစ်အကြေးများ အား မြေသြဇာအသုံးချမှုမှလည်းကောင်း ဖြစ်ပေါ်လျက်ရှိကြောင်းတွေ့ရှိရပါသည်။ ယင်းဓာတ်ငွေ့ဖြစ်ပေါ် ထုတ်လုပ်မှုအား လုံးသည် နောင်လာမည့် ၂ဝ၃ဝပြည့်နှစ် တွင် မီသိန်းဓာတ်ငွေ့နှင့် နိုက်ထရပ်စ် အောက်ဆိုဒ်ထုတ်လုပ်မှုတွင် တိရစ္ဆာန်မွေး မြူရေးလုပ်ငန်းမှ ရာခိုင်နှုန်း ၆ဝအထိ တိုးတက်လာနိုင်ကြောင်း ကမ္ဘာ့စားနပ် ရိက္ခာအဖွဲ့မှ ခန့်မှန်းထားပါသည်။
သို့ဖြစ်ပါ၍ တိရစ္ဆာန်မွေးမြူသူ တောင်သူလယ်သမားများအနေဖြင့် မွေး မြူထုတ်လုပ်မှုများ ပြုလုပ်ရာတွင် ¤င်း မွေးမြူမှုမှ လူသားအားလုံး၏ ပတ်ဝန်း ကျင်ညစ်ညမ်းမှုနှင့် အရည်အသွေးနိမ့်ကျ မှုမရှိစေရေးအတွက် အောက်ဖော်ပြပါ အချက်များအား သတိပြုဆောင်ရွက်ရန် လိုအပ်ပါသည်။
မွေးမြူထားသော တိရစ္ဆာန်များ၏ အစာများတွင် လိုအပ်သည့်ပမာဏထက် ပိုလျှံသည့် သတ္တုဓာတ်များ ထည့်သွင်း ကျွေးမွေးမှု မပြုလုပ်ရန်။
တိရစ္ဆာန်တို့၏ ဘေးထွက်ပစ္စည်းများ နှင့် အညစ်အကြေးများအား စနစ်တကျ ပြန်လည်အသုံးချခြင်းနှင့် စွန့်ပစ်ခြင်းအား ပြုလုပ်ရန်။
စားမြုံ့ပြန်သတ္တဝါများ မွေးမြူရာ တွင် မလိုအပ်သည့်ဓာတ်ငွေ့ထုတ်လုပ်မှု များ မဖြစ်ပေါ်စေရေးအတွက်အစာကြမ်း များကျွေးမွေးရာတွင် ဥပမာ-သစ်ပင် များက ပင်စည်များအား ကျွေးမွေးခြင်း ထက် အကိုင်းအခက်၊ အရွက်များအား ကျွေးမွေးရာတွင်လည်း သေးငယ်သော အစိတ်အပိုင်းများအဖြစ် ဖြတ်တောက် ကျွေးမွေးရန်။
တိရစ္ဆာန်များ၏ အညစ်အကြေးများ (နွားချေး၊ ကြက်ချေး၊ ဝက်ချေး)စသည် တို့အား စနစ်တကျစုပုံ၍ ဓာတ်ငွေ့များ လေထုအတွင်း ပျံ့နှံမှုလျော့နည်းစေရန် ကောက်ရိုး၊ မြက်ခြောက်စသည်တို့ဖြင့် ဖုံးအုပ်ထားရန်။
တိရစ္ဆာန်များ၏ အညစ်အကြေးများ (နွားချေး၊ ကြက်ချေး၊ ဝက်ချေး)စသည် တို့အား အမိုးအကာအောက်တွင်ထားရှိပြီး ဘေးပတ်ဝန်းကျင်သို့ စီးဆင်းပျံ့နှံ့မှုမဖြစ် စေရန် ကာရံထားရှိရန်တို့ပင်ဖြစ်ပါသည်။