images
UN
UN
ဓာတုအဆိပ်ကို နေ့စဉ်ဝယ်စားနေရသူများ
ရွှေလက် Monday, 03 October 2016

မြန်မာနိုင်ငံဈေးကွက်များအတွင်း ရောင်းချနေသော စားသောက်ကုန်အမျိုး မျိုးတွင် ဓာတုဗေဒပစ္စည်းများ နည်း လမ်းအမျိုးမျိုးဖြင့် ပါဝင်နေခြင်းကြောင့် စားသုံးသူပြည်သူများအတွက် အန္တရာယ် အမျိုးမျိုးဖြစ်ပေါ်နိုင်သည့်အခြေအနေများ နှင့် ကြုံတွေ့နေကြရသည်။ ထို့ကြောင့် ယခုအချိန်တွင် ကျန်းမာရေးနှင့် ညီညွတ် သည့်အစားအစာကိုစားသုံးလိုပါက ဘာမှ မစားဘဲနေရမည့် အနေအထားမျိုးပင်ဖြစ် နေပါသည်။ ပြီးခဲ့သည့်ရက်ပိုင်းကပင် ဈေး ကွက်ထဲတွင် ရောင်းချနေသော ငရုတ် သီးမှုန့်၊ အရောင်တင်မှုန့်၊ နနွင်းမှုန့် အပါ အဝင် စားသောက်ကုန်အချို့တွင် ခွင့်မပြု ဆိုးဆေးများ အသုံးပြုထားခြင်းအပြင် အဏုဇီဝသတ်မှတ်ချက်နှင့် ကိုက်ညီမှု မရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သတင်းများတွင် ဖတ်လိုက်ရသည်။
ထိုကဲ့သို့အဖြစ်အပျက်များသည် မြန်မာ့ ဈေးကွက်အတွင်းတွင်မကြာခဏစစ်ဆေး တွေ့ရှိနေကျဖြစ်သကဲ့သို့ဈေးကွက်ရောင်းချ နေသော စားသောက်ကုန်များ အပါအဝင် အသား၊ ငါး၊ ဆန်၊ဆီ၊ဟင်းသီးဟင်းရွက်၊ အသီးအနှံစသည်ဖြင့် မြန်မာပြည်သူများ နေ့စဉ်စားသုံးနေကြရသည့် အစားအစာ များတွင်လူကိုအန္တရာယ်ဖြစ်စေသောဓာတု ဗေဒအြ<ွကင်းအကျန်များရှိနေသောကြောင့် စားသုံးသူများအနေဖြင့် သတိပြုစားသုံး သင့်ကြောင်းဆေးပညာရှင်များကမကြာခဏ သတိပေးပြောကြားခဲ့ကြသည်။ ထို့ပြင် ဟင်းသီးဟင်းရွက်၊ အသီးအနှံအပါအဝင် အစားအစာများကိုစားသုံးပြီး အဆိပ်သင့် မှုဖြစ်ပေါ်သည့်သတင်းများ မကြာခဏ ကြားနေရပါသည်။
မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးတွင် အသုံးပြုသော ဓာတုဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးများကြောင့် လတ်တလော အဆိပ်သင့်သေဆုံးမှုနှင့် ရေရှည်တွင် ကင်ဆာကဲ့သို့သောရောဂါများကိုပါခံစား နေကြရသည်။ ထို့ပြင်မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရသောAuramine O, Rhodamine B, Sudan Dyes, Orange II ဆိုးဆေးများသည် အစာအိမ်အူလမ်း ကြောင်းရောင်ရမ်းခြင်း၊ ပျို့အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စသော လတ်တလောဆိုးကျိုးများဖြစ် ပေါ်စေသည့်အပြင် ရေရှည်တွင် ခန္ဓာ ကိုယ်ကြီးထွားမှုကို ထိခိုက်စေခြင်း၊ အသည်းနှင့်ကျောက်ကပ်များ ပျက်စီး ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပေါ်စေ နိုင်ပါသည်။ ဆိုးဆေးတစ်မျိုးဖြစ်သည့် Auramine O (အဝါရောင်)ကို ချည်၊ သိုးမွေး၊ ပိုးထည်၊ စက္ကူ၊ သားရေများ အရောင်ဆိုးရာတွင်သာ အသုံးပြုရခြင်း ဖြစ်ပြီး လက်ရှိကာလ၌ လက်ဖက်၊ ပဲကြီးလှော်၊ မျှစ်တို့တွင် အများဆုံး အသုံး ပြုနေကြသဖြင့် စားသုံးသူများအတွက် အလွန်အန္တရာယ်ကြီးလှပါသည်။
မြန်မာနိုင်ငံတွင် ပြည်သူများသည် နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားရင်း အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အစား အသောက်များကို မဖြစ်မနေစားသုံးကြရ ပါသည်။ ယခင်ကာလများက မည်သည့် အစားအစာကို စားသုံးစာသုံး လတ်လတ် ဆတ်ဆတ် စားသုံးနိုင်သကဲ့သို့ မည်သည့် အန္တရာယ်မှမဖြစ်ပေါ်ခဲ့ကြပေ။ ထို့ကြောင့် ပင် ရွှေလက်တို့အဘိုးအဘွားများ အသက် ရှည်ကျန်းမာခဲ့ကြသည်။ ယနေ့ခေတ်မှာ တော့ဟိုတုန်းကနှင့် မတူတော့ဘဲ အရာရာ ပြောင်းလဲနေပြီဖြစ်သည်။ နေထိုင်သွား လာစားသောက်ရာတွင် လုံခြုံမှုမရှိတော့ဘဲ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်ခံနေ ရသည်။ နေ့စဉ်စားသုံးနေရသော ဟင်း သီးဟင်းရွက်၊ အသီးအနှံများမှ အစပြုပြီး သားငါးများ၊ ဆန်၊ ဆီနှင့် ငါးပိ၊ငံပြာရည် စသည်ဖြင့်စားသောက်ကုန်အများစုတွင် ဆိုးဆေးနှင့်ဓာတုဓာတ်ြ<ွကင်းများရှိနေသ ဖြင့်စားသုံးသူပြည်သူများမှာ အစာအဆိပ် သင့်ခြင်း၊ ကင်ဆာနှင့် ဟော်မုန်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်းအပြင် မျိုးရိုးဗီဇကို ပါထိခိုက်လာနိုင်ကြောင်း ဆေးပညာရှင် များကသုံးသပ်ပြောကြားခဲ့ကြသည်။
ယခင်ကာလများက မြန်မာပြည်သူ ပြည်သားများသည် စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းများ၊ စားသောက်ကုန်လုပ် ငန်းများတွင် မည်သည့်ဓာတုဆေးဝါးကိုမှ အသုံးမပြုဘဲ သဘာဝနည်းလမ်းများ အတိုင်းလုပ်ကိုင်ခဲ့ကြသည်။သို့သော်လည်း တိုင်းပြည်စားနပ်ရိက္ခာဖူလုံရေး မူဝါဒ များချမှတ်ပြီး စိုက်ပျိုးရေးလုပ်ငန်းများ ချဲ့ထွင်ခဲ့သည့်အပြင် စပါးအထွက်တိုး ရန်ရည်ရွယ်ချက်များဖြင့် ဓာတုဓာတ်မြေ သြဇာများကို နိုင်ငံခြားတိုင်းပြည်များမှ တင်သွင်းခဲ့ကြသည်။ ပထမပိုင်းတွင် တောင်သူများသည် ဓာတုဓာတ်မြေ သြဇာများကို မဝံ့မရဲအသုံးပြုနေရာမှ နောက် ပိုင်းတွင် ဓာတ်မြေသြဇာများများသုံးရင် များများထွက်တယ်ဆိုသောမူဖြင့် ဓာတ် မြေသြဇာကို တွင်တွင်ကျယ်ကျယ် သုံးစွဲ လာခဲ့ကြသည်။ နောက်တစ်ဆင့်တက် လာပြီး စပါးစိုက်ပျိုးရေးအပြင် ဟင်းသီး ဟင်းရွက် စိုက်ပျိုးရေးတွင်လည်း ဓာတ် မြေသြဇာကိုသုံးစွဲလာခဲ့ကြသည်။ နောက် ဆုံးတော့ ဘာပဲစိုက်စိုက် ဓာတ်မြေသြဇာ သည်မပါမဖြစ်ပစ္စည်းတစ်ခုဖြစ်လာခဲ့သည်။
ယနေ့တွင် တောင်သူများသည် ဓာတ်မြေသြဇာကို ဘိန်းစွဲသလို စွဲနေပြီး လယ်ယာမြေများကလည်း ဓာတ်မြေသြဇာ မသုံးရင် သီးနှံလုံးဝမထွက်သကဲ့သို့ ဖြစ် လာခဲ့သည်။ ထို့ကြောင့်ပင် ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများတွင် ဓာတ်ြ<ွကင်းများပါဝင်လာပြီး စားသုံးသူပြည်သူ များ မကြာခဏအဆိပ်သင့်ဖြစ်စဉ်များ ဖြစ်ပွားလာရခြင်းဖြစ်သည်။ နောက်ပိုင်း ကာလများတွင် မွေးမြူရေးလုပ်ငန်းရှင် များကလည်း ဓာတုဆေးဝါးများကို နည်း လမ်းအမျိုးမျိုးအသုံးပြုလာကြသကဲ့သို့ စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများ ကလည်းဓာတုဆေးများကိုတွင်တွင်ကျယ် ကျယ်အသုံးပြုလာခဲ့ကြသည်။ အဲဒီ့အချိန် ကစပြီး ရွှေလက်တို့ မြန်မာပြည်သူများ ကလည်းဓာတုအဆိပ်များကို ဈေးကွက် အတွင်းမှဝယ်စားနေကြရပါတော့သည်။
ယနေ့ခေတ်တွင် နိုင်ငံတကာအပါ အဝင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံ များသည် ပိုးသတ်ဆေး အမျိုးမျိုးနှင့် ဓာတုဓာတ်မြေသြဇာများလျှော့ချရေး၊ လုံးဝမသုံးစွဲရေးများကို အကောင်အထည် ဖော်ဆောင်ရွက်နေပြီဖြစ်သည်။ မြန်မာ နိုင်ငံကို ဓာတုဓာတ်မြေသြဇာ၊ ပိုးသတ် ဆေးအများဆုံးတင်ပို့သည့် တရုတ်နိုင်ငံ အပါအဝင်အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့တွင် ဓာတုဓာတ်မြေ သြဇာနှင့် ပိုးသတ်ဆေးသုံးစွဲမှုကို လျှော့ချ နေသကဲ့သို့ ဓာတုကင်းလွတ်သော သြဂဲနစ် စိုက်ခင်းများကိုလည်း ထူထောင်နေပြီဖြစ် သည်။ ရွှေလက်တို့ မြန်မာနိုင်ငံမှာတော့ အဲဒီ့အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာ သည့်ဓာတ်မြေသြဇာများကို တံဆိပ် အမျိုးမျိုးတပ်ပြီး ဈေးပေါပေါဖြင့်ရောင်းချ နေသကဲ့သို့ အသုံးပြုမှုလည်း မြင့်မားနေ ဆဲဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံခြား သို့တင်ပို့သော အသားငါးနှင့် အသီးအနှံ များတွင်ဓာတုဓာတ်ြ<ွကင်းများ ပါဝင်နေ သောကြောင့်လက်မခံဘဲ မြန်မာနိုင်ငံသို့ ပြန်ပို့သည့်ဖြစ်စဉ်များလည်း မကြာခဏ ဖြစ်ပွားနေသည်ကိုကြားသိနေရပါသည်။
ဓာတုဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေး၊ ပေါင်းသတ်ဆေးများသည် သီးနှံ များတွင် အချိန်အတိုင်းအတာတစ်ခုအထိ ပျော်ဝင်နေခြင်းကြောင့် ထိုကာလအတွင်း စားသုံးမည်ဆိုလျှင် လူများကို အဆိပ် သင့်စေနိုင်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် ဓာတုအဆိပ်သင့်သေဆုံးသည့်ဖြစ်ရပ်များ နှစ်စဉ်ဖြစ်ပေါ်နေပြီးမြန်မာနိုင်ငံတွင်လည်း မကြာခဏဖြစ်ပွားလျက်ရှိသည်။ထို့အပြင် ဓာတုဆေးဝါးအမျိုးမျိုးသည် ရွှေလက်တို့ စားသုံးမည့်အစားအစာအမျိုးမျိုးတွင်ပျော် ဝင်နေသောကြောင့် မြန်မာနိုင်ငံ၏ကင်ဆာ ဖြစ်ပွားမှုနှုန်းမှာ ကမ္ဘာက အသိအမှတ် ပြုရလောက်သည်အထိဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံ၏ကင်ဆာရောဂါဖြစ်ပွားမှု နှုန်းသည် ကမ္ဘာပေါ်တွင် ဒုတိယနေရာ မှာရှိပြီး သွေးချို၊ ဆီးချို၊ သွေးတွင်း အဆီများခြင်းနှင့် အဝလွန်ရောဂါဖြစ် ပွားနှုန်းလည်း မြင့်တက်လာနေပါသည်။ ထိုကဲ့သို့ ရောဂါများ ဖြစ်ပွားနေရခြင်းမှာ လူနေမှုဘဝပုံစံနှင့် အစားအသောက်များ လုံခြုံစိတ်ရမှုအားနည်းနေခြင်းကြောင့် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြော သည်။ ဆိုးဆေးပါသောအစားအစာ များ၊ အကင်မျိုးစုံ၊အရောင်ချွတ်ပြီး အနံ့ထည့် ထားသည့်ဆီများ၊ ထိုင်းနှင့် တရုတ်နိုင်ငံ မှလာသည့် ရယ်ဒီမိတ် အစားအစာများ၊ အချိုရည်များကစားသုံးသူတို့၏ အသက် အန္တရာယ်ကို ခြိမ်းခြောက်နေသည်။ မြန်မာပြည်သူများသည် မိမိတို့ အသက် အန္တရာယ်ကို ခြိမ်းခြောက်နေသည့် အစား အစာများကို လတ်တလောအသက်ရှင်ရပ် တည်ရေးအတွက်ဝယ်ယူစားသောက်နေ ကြရသည်။ ထို့ကြောင့်နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်သူများ နေ့စဉ်ဝယ်ယူစား သောက်နေရသည့် အစားအစာများတွင် ဓာတုအဆိပ်များကင်းဝေးစေရေးအတွက် ပြည်တွင်းပြည်ပပညာရှင်များ၊အဖွဲ့အစည်း များနှင့်ဆွေးနွေးတိုင်ပင်ကာရေတိုရေရှည် နည်းလမ်းများချမှတ်၍ ဆောင်ရွက်သင့် ပါသည်။သို့မှသာမြန်မာပြည်သူများအနေ ဖြင့်နေ့စဉ်အဆိပ်ကို ဝယ်စားနေရသည့် ဒုက္ခမှ ကင်းဝေးကြလိမ့်မည်ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။