images
UN
UN
ကိုယ်ဝန်ဆောင်များ စိတ်ရွှင်လန်းစေချင်
ပေါက်ပေါက် Tuesday, 04 October 2016
ပ်ပိုင်းဆိုင်ရာပြဿနာများကိုလည်း မွေးဖွားခါနီးထိ ကြုံတွေ့ရတတ်ပါတယ်။ အောက်ပါနည်းလမ်း ၁၇ သွယ်တို့က မိခင်လောင်းများ စိတ်ရွှင်လန်းစေဖို့ အတွက် အထောက်အပံ့ဖြစ်ကောင်းဖြစ် နိုင်ပါလိမ့်မယ်။
(၁) အချို့သော မိခင်လောင်းများဟာ ရင်သွေးကိုဝမ်းတွင်လွယ်ရသော ပထမသုံးလတာကာလအတွင်း ပျို့အန်တဲ့ဝေဒနာကို ခံစားကြရ ပါတယ်။ ထိုဝေဒနာမှကင်းဝေး အောင်(က)လတ်လတ်ဆတ်ဆတ် ကျိုချက်ထားတဲ့ နွားနို့တစ်ခွက်ထဲ ကို ထန်းလျက်တစ်ခဲ(သို့)နှစ်ခဲ ထုချေ၍ ထည့်ဖျော်သောက်ပါ၊ (ခ)ထမင်းစားဇွန်းတစ်ဇွန်းပမာဏ ရှိသော ဥသျှစ်သီးမှည့်နှင့်သကြား တို့ကို ဆတူရော၍ ဆန်ဆေးရည် တစ်ခွက်ထဲသို့ ရောဖျော်သောက် ပါ၊ (ဂ)သင်္ဘောသီးမှည့်ကို နံနက် တိုင်းစားပေးပါ။
(၂) ထို့နည်းတူ ကိုယ်ဝန်ဆောင်ပထမ သုံးလတာအတွင်း ဟော်မုန်း အဆင့်မြင့်တက်လာတာကြောင့် လည်း စိတ်ပင်ပန်းနွမ်းနယ်လာပြီး ခေါင်းကိုက်ဝေဒနာခံစားရတတ် ပါတယ်။အနားများများယူပေးပါ။
(၃) ကိုယ်ဝန်ရင့်လာလေ ခန္ဓာကိုယ် တဖြည်းဖြည်း ကြီးထွားလာလေ ဖြစ်တာကြောင့်သွေးထဲမှာသကြား ဓာတ်ပမာဏနည်းလာပြီး မူးဝေ လာတတ်ပါတယ်။ ဒါကြောင့် သွေးအတွင်း သကြားဓာတ်ပုံမှန် ရရှိစေဖို့အတွက် နည်းနည်းနှင့် မကြာခဏဆိုသလို အစာစားပါ။
(၄) စိတ်ဖိစီးမှုများခြင်းနှင့် ရေဓာတ် ခန်းခြောက်ခြင်းတို့ကမိခင်လောင်း ၏ ဦးနှောက်သွေးကြောတွေကို ရောင်ရမ်းစေတတ်လို့ ရေများများ သောက်ပေးပါ။
(၅) ကိုယ်ဝန်ဆောင်စဉ် ငါးမကြာခဏ စားသူသည် ငါးလုံးဝမစားသူ ထက် စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန် ကြောင့်ကြမှုကို လျော့ပါးစေနိုင် ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိုးရိမ်ကြောင့်ကြစိတ်ဟာ ရင်သွေး ငယ်ကို စိတ်ဖိစီးမှုဖြစ်စေကာ ဥာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးစေပါ တယ်။ ဒါကြောင့် ငါးများများ စားပါ။ မာကျုရီပါဝင်မှုနည်းတဲ့ အကြေးခွံပါသော ရေချိုငါးတို့ကို များများစားပေးပါ။ မာကျုရီပါဝင် မှုနည်းသော ပုစွန်၊ပင်လယ်စာများ ဖြစ်ကြတဲ့ ခုံး(ဂုံး)ကောင်၊ ကရု ကမာကောင်၊ယောက်သွား၊ တူနာ ငါးနှင့် ဆယ်လ်မွန်ငါးတို့ကိုလည်း စားပေးသင့်ပါတယ်။ သို့သော် ငါးတန်က သွေးတက်စေလို့ မစား သင့်ပေ။
(၆) အပူကောင်းစွာမပေးရသေးသော နို့များကိုရှောင်ပါ။ အဘယ်ကြောင့် ဆိုသော် ၄င်းနို့ထဲတွင် ရင်သွေးကို အဆိပ်ဖြစ်စေနိုင်သော(သို့)ရောဂါ ကူးစက်စေနိုင်သည့် အချင်းတိုင်မှ ဖြတ်သန်းဝင်ရောက်နိုင်သောအစာ အဆိပ်ဖြစ်စေသည့် ပိုးများပါဝင် နေပါတယ်။
(၇) (၂၁)ရာစု အမျိုးသမီးအများ စုဟာ ကော်ဖီကိုပုံမှန်သောက်သုံး သူများဖြစ်ပါတယ်။ ကိုယ်ဝန် လွယ်ရတဲ့အခါ ကဖိန်းဓာတ် ရုတ် တရက် ဖြတ်လိုက်ခြင်းကြောင့် ခေါင်းကိုက်၍ စိတ်နောက်ကျိလာ တတ်ပါတယ်။ ကိုယ်ဝန်ဆောင် ချိန်မှာ ကော်ဖီမသောက်သင့်သော် လည်း စိတ်ဖိစီးမှုပြေလျော့စေဖို့ အတွက်တဖြည်းဖြည်းချင်းကော်ဖီ လျှော့သောက်၍ဖြတ်ပေးပါ။
(၈) ခေါင်းတစ်ခြမ်း ကိုက်ခြင်းက ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေး မီးဖွားချိန် ရှုပ်ထွေးမှုများကြား ဆက်စပ်မှုရှိနေတတ်ပြီးအထူးသဖြင့် အသက်အရွယ်ကြီးရင့်သော အမျိုး သမီးများ အန္တရာယ်ပိုများနိုင်တာ ကြောင့် မပေါ့ဆသင့်ပါဘူး။
(၉) များသောအားဖြင့် သားဦးကိုယ် ဝန်ဆောင်သူမိခင်လောင်းများမှာ စိတ်ထိခိုက်လွယ်ကြပါတယ်။အဲဒီ လိုမဖြစ်ရအောင် အသက်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ပါ။ စိတ်ငြိမ် အောင်တရားမှတ်ပါ။ အဓိဋ္ဌာန် ပုတီးစိပ်ပါ။ ပရိတ်တရားကြား နာပါ။ ရွတ်ဖတ်ပါ။
(၁ဝ) ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ခန္ဓာ အပူချိန်မြင့်တက်လာတာ ကြောင့် ရေမှန်မှန်ချိုးဖို့လိုအပ်ပါတယ်။ ပူအိုက်သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ရေမချိုးဖြစ်ပါက မျက်နှာနှင့် နဖူးပေါ်မှာ စိုစွတ်တဲ့ အဝတ်စတစ်စကပ်ပေးပါ။
(၁၁) တစ်နေ့ကို နာရီဝက်ခန့် လမ်းမှန် မှန်လျှောက်ပါ။ အဲဒီလို လေ့ကျင့် ခန်းလုပ်ခြင်းက ဦးနှောက်မှ အန် ဒေါ်ဇင်ဟော်မုန်းကို ထုတ်ပေးတာ ကြောင့် သွေးလည်ပတ်စီးဆင်းမှု ကောင်းမွန်လာပြီး မွေးဖွားစဉ် နာကျင်ခြင်း ဝေဒနာကို လျော့ပါး သက်သာစေပါတယ်။
(၁၂) ကိုယ်ဝန်ကိုလက်ဖြင့် အသာပွတ် ၍ ဘုရားစာဆိုပေးခြင်း၊ မိမိရင် သွေးကို မည်မျှချစ်ခင် မျှော်လင့် နေကြောင်း အားပေးစကားပြော ပေးခြင်း စသည်တို့ကို မကြာခဏ လုပ်ပေးပါ။ ဒီနည်းက စိတ်ဖိစီး စေတတ်သော ဟော်မုန်းထွက်ရှိ မှုကိုပြေလျော့စေတဲ့အပြင် မိခင်နှင့် ရင်သွေးငယ်တို့ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။
(၁၃) မီးဖွားခြင်းနှင့်ပတ်သက်၍ အတွေ့ အကြုံရှိသူများ၏စကားများနှင့် ကျန်းမာရေးသုတစာများကို နှိုင်း ယှဉ်ဖတ်ရှုပြီးနောက် နားဝေတိမ် တောင်ဖြစ်သွားတတ်ပါတယ်။ ခေါင်းအေးအေးထားပါ။ မိမိ ကိုယ်ဝန်အပ်ထားသော ဆရာဝန် ၏ ညွှန်ကြားချက်အတိုင်းသာ လိုက်နာပါ။
(၁၄) သားဦးကိုယ်ဝန်ဆောင်ရသူများ အဖို့ မီးဖွားခြင်းအတွေ့အကြုံ မရှိ သေးတာကြောင့်လည်း စိုးရိမ်ပူ ပန်မှုမရှိပါနှင့်။ ခေတ်မီဆေးသိပ္ပံ နည်းပညာများ တိုးတက်ခေတ်မီ နေသည့်အတွက် 'ယောက်ျား ဖောင်စီး၊ မိန်းမမီးနေ'ဆိုတဲ့စကား ကို ရာဇဝင်ထဲမှာသာ ထားရစ်ခဲ့ ပါတော့။
(၁၅) အာထရာလ်ဆောင်းကြည့်၍ မွေး လာမည့်ကလေးကို သားသား၊ မီးမီး ကြိုတင်ခန့်မှန်းလေ့ရှိကြပါ တယ်။ သို့သော် အာထရာလ် ဆောင်းအဖြေက ၁ဝဝ ရာခိုင်နှုန်း မမှန်တတ်တဲ့သာဓကများရှိတာကို သတိချပ်ပါလေ။
(၁၆) ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေး ချိန်တိုးလာခြင်းနှင့်ဗိုက်ကြောများ ပြတ်ခြင်းတို့ကြောင့် အလှပျက်မှာ ကို တွေးမပူပါနှင့်။ ဒါယာယီသာ ဖြစ်ပြီး ကလေးမွေးပြီးနောက် ကာလတစ်ခုအကြာမှာ ဗိုက်ကြော ပြတ်တာတွေက သူ့အလိုလို ပြေ ပျောက်သွားသလို ကိုယ်အလေး ချိန်လျော့ကျသွားအောင်လည်း ပြန်လည်ပြုပြင်လို့ရပါတယ်။
(၁၇) အလှအပမြတ်နိုးသူ ကိုယ်ဝန် ဆောင်မိခင်များ ကလေးမွေးပြီး နောက် ဗိုက်ကြောမပြတ် အလှ မပျက်စေဖို့အတွက် အောက်ပါ နည်းလမ်းကောင်းများကို မျှဝေပေး လိုက်ရပါတယ်။ (က)ဗီတာမင်အီး ဆေးတောင့်ဖောက်၍ လိုးရှင်းအဆီ အဖြစ် အရေပြားပေါ် သုတ်လိမ်း ပါ။ ၁ဝဝ ရာခိုင်နှုန်း စစ်မှန်တဲ့ ဗီတာမင်အီးကို ရွေးချယ်တတ်ပါ စေ။ (ခ)အုန်းဆီကလည်း ဗီတာမင် အီးလိုပဲ အသားအရေကို အားဖြည့် ၍ အကြောပြတ်ခြင်းမှ ကာကွယ် ပေးနိုင်တာကြောင့် အုန်းဆီလိမ်းပါ။ အုန်းဆီထဲကို လက်ဖက်ဆီ အစက် အနည်းငယ်ထည့်ပြီးလိမ်းရင် အာနိ သင်ပိုကောင်းပါတယ်။ (ဂ)ကော်ဖီ စေ့မှုန့်တွေကလည်းအကြောပြတ်ရာ မဖြစ်အောင် ကာကွယ်ကုသပေးနိုင် ပါတယ်။ ကော်ဖီစေ့မှုန့်ကို ရေပျစ် ပျစ်ဖျော်၍လိမ်းပါ၊(နောက်တစ် နည်း)ကော်ဖီစေ့မှုန့်ကို ရှားစောင်း လက်ပပ်အနှစ်(သို့)သံလွင်ဆီရော ပြီး နေ့စဉ်လိမ်းပေးပါ။ မိနစ် ၂ဝ ခန့်အကြာ ကြက်သီးနွေးရေနဲ့ ညင် ညင်သာသာဆေးကြောပါ။ (ဃ) ကြက်ဆူဆီဟာ အကြောပြတ်ရာကို ကုသပေးနိုင်တဲ့ အကောင်းဆုံး သဘာဝဆေးပါပဲ။အဆီကပျစ်လွန်း ရင် သံလွင်ဆီရောထည့်ပြီး ကျဲ အောင်လုပ်ကာလိမ်းပေးပါ။ အသာ အယာနှိပ်နယ်ပြီး ၁ဝ မိနစ်၊ မိနစ် ၂ဝ ကြာထားလိုက်ရင် အရေပြား ထဲကို အဆီထိုးဖောက်ဝင်ရောက် သွားစေပါတယ်။ (င)ှ့နေ ကြအအနမ က အသားအရေကို အစိုဓာတ် ထိန်းပေးနိုင်တဲ့ အဆီဖြစ်တာ ကြောင့် လိမ်းထားရင် ရေဓာတ် ပြည့်နေစေပါတယ်။ှ့နေ ကြအအနမ ပါတဲ့ ခရင်မ်လိမ်းတာကြောင့် အရေပြားတင်းအားကို ကောင်းမွန် စေပြီး အကြောပြတ်ရာကို သက် သာစေပါတယ်။ (အထူးသတိပြု ရန်မှာ ၄င်းနည်းများကို ကလေး မီးဖွားပြီးမှ လိမ်းကြပါရန် အကြံ ပြုလိုက်ပါရစေ။)