images
UN
UN
မကွေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ခရိုင် မြို့နယ် ပုံမှန်အစည်းအဝေးကျင်းပ
ဇော်မြင့်(မကွေး) Wednesday, 05 October 2016

မကွေး အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသ ကြီးကော်မတီဝင်များနှင့် ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ဘဏ္ဍာရေးမှူးများ၏ ပုံမှန်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယခုလ ၃ရက် နံနက် ၁ဝ နာရီတွင် တိုင်းဒေသကြီး ပါတီ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဆန်းညွန့်အောင်၊ တိုင်းဒေသကြီး ပါတီဘဏ္ဍာရေးမှူး ဦးကြည်ထွန်းနှင့် တိုင်းဒေသကြီးကော်မတီဝင်များ တိုင်း အရန်ကော်မတီဝင်များ ခရိုင်/မြို့နယ် ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာ ရေးမှူးများ စုစုပေါင်း ၁ဝ၅ ဦး တက် ရောက်ခဲ့သည်။
အခမ်းအနားတွင် သဘာပတိ ဒေါက်တာမောင်မောင်ဌေးက အဖွင့်အမှာ စကားပြောကြားရာ၌ ပါတီဗဟိုပြန်လည် ဖွဲ့စည်းပြီး လူငယ်၊ လူရွယ် မျိုးဆက်သစ် များနှင့်ဖွဲ့စည်းခဲ့ပါကြောင်း၊ဥက္ကဋ္ဌ(ဟောင်း) ဦးဆောင်သည့် လူကြီးများမှ ပါတီ ဦးဆောင်ကော်မတီအဖြစ် ၃၈ ဦးဖြင့် ဖွဲ့စည်းပြီး နောက်မှနေ၍ အကြံဥာဏ်များ ပေးခြင်း၊ လမ်းညွှန်ခြင်း၊ ထောက်ပြခြင်း များဖြင့် ပါတီတာဝန်ထမ်းဆောင်လျက် ရှိပါ၍ ယခုမျက်နှာစုံညီအစည်းအဝေးမှ တက်ရောက်ခွင့်ရရှိလာသော ကော်မတီ ဝင်များအဆင့်ဆင့်အနေဖြင့် အားကြိုး မာန်တက် ပါတီတာဝန်များကို ထမ်း ဆောင်နိုင်ပါကြောင်း ပရဟိတအဖွဲ့များ နှင့်မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲ ဆောင်ရွက်ကြရန်ဖြစ်ပြီး ကိုယ်တိုင်လည်း ပရဟိတအဖွဲ့များဖွဲ့စည်း၍ ပါတီပုံရိပ် ကို မြှင့်တင်ကြရန်၊ စည်းလုံးညီညွတ်စွာ ဖြင့် ပါတီတာဝန်များကို ထမ်းဆောင်ကြ ပါရန် မှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပါတီ ဘဏ္ဍာရေးမှူး ဦးကြည်ထွန်းက ပါတီ အဆင့်ဆင့်၏ဘဏ္ဍာရေးဆိုင်ရာများကို အသေးစိတ်ရှင်းလင်းသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်အလိုက်နှင့် မြို့နယ်အလိုက်ဥက္ကဋ္ဌများကမိမိတို့ဆောင် ရွက်လျက်ရှိသော ပါတီလုပ်ငန်းစဉ်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှု များ၊ ပါတီအဆင့်ဆင့်ပိုင် မြေအဆောက် အအုံ၊ ယာဉ်စာရင်းများထိန်းသိမ်းထား ရှိမှု၊ ပရဟိတအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မှု ကော်မတီဝင်/အရန် ကော်မတီဝင်များနှင့် ရေးရာကော်မတီ အလိုက်၊ နယ်မြေအလိုက် တာဝန်ပေးအပ် ထားရှိမှုများကို ဆွေးနွေးတင်ပြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များက ပြန်လည်ရှင်း လင်းဖြေကြားခဲ့ပြီး တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားရာ တွင် ၂ဝ၂ဝ ပါတီစုံဒီမိုကရေစီ ရွေး ကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအောင် နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုလုပ်ဆောင်ကြရန် မှာကြား၍ ညနေ ၅ နာရီတွင် အစည်းအဝေးပြီး မြောက်ခဲ့ကြောင်း သိရသည်။