images
UN
UN
ရပ်ကွက် ကျေးရွာစည်းရုံးရေးမှူးနှင့် လစဉ်ပုံမှန်အစည်းအဝေး လွိုင်ကော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ
ဗျားမြာမောင်(ချိကယ်သူ) Wednesday, 05 October 2016

လွိုင်ကော် အောက်တိုဘာ ၅
ကယားပြည်နယ် လွိုင်ကော် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှကြီးမှူးပြီး လွိုင် ကော်ခရိုင်ပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက် ၁ဝ နာရီက ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူး နှင့်အဖွဲ့ဝင်များ လစဉ်ပုံမှန်အစည်း အဝေးပြုလုပ်သည်။
အစည်းအဝေးတွင် ကယား ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးပိုးရယ် အောင်သိန်း၊ အတွင်းရေးမှူးဦးဌေး ရယ်၊ ပြည်နယ်ကော်မတီဝင် ဒေါ်ဗျားမြာမောင်၊ လွိုင်ကော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးမျိုးမြင့်ဦးနှင့် ခရိုင် ကော်မတီဝင်များ၊ မြို့နယ်ကော်မတီ ဝင်ဥက္ကဋ္ဌ ဦးမောင်ရွှေနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာစည်းရုံးရေးမှူးနှင့်အဖွဲ့ဝင် များ စုစုပေါင်းအင်အား ၇ဝ ကျော် တက်ရောက်ခဲ့ကြသည်။