images
UN
UN
ပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်းမိသားစု ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ ငွေကျပ် ၁၅ သိန်း လှူဒါန်း
သာလှ(ပျဉ်းမနား) Wednesday, 05 October 2016

နေပြည်တော် အောက်တိုဘာ ၅
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်နှင့်ဇနီးဒေါ်မူမူဝင်း မိသားစုကနေပြည်တော်ဇမ္ဗူသီရိမြို့ နယ် ဧက ၁ဝဝဝ ဝန်ထမ်းအိမ်ရာ အတွင်းရှိ ကရုဏာကမ္ဘာ ဘိုးဘွား ရိပ်သာ၌ ဘိုးဘွားရိပ်သာ ဝေယျာ ဝစ္စအတွက် ငွေကျပ် ၁၅ သိန်းကို ယနေ့နံနက် ၉ နာရီခွဲက လှူဒါန်း ခဲ့သည်။
အဆိုပါလှူဒါန်းငွေကျပ် ၁၅ သိန်းကို ဘိုးဘွားရိပ်သာတာဝန်ခံ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က လက် ခံခဲ့သည်။ လက်ရှိတွင် ကရုဏာ ကမ္ဘာဘိုးဘွားရိပ်သာ၏ တည်နေ ရာ၊ တည်ဆောက်ထားရှိပုံအဆင့် ဆင့်နှင့် အလှူရှင်များ၏ လှူဒါန်း မှုအားဖြင့်တည်ဆောက်ခဲ့ပုံတို့အပြင် ဘိုးဘွားများ နေရာချထားပေးမှု၊ နေ့စဉ်အသုံးစရိတ်၊ ထပ်မံတိုးချဲ့ တည်ဆောက်ရန်ရှိသော ဆေးရုံ တည်ဆောက်ရေးတို့နှင့်စပ်လျဉ်း၍ လည်း ဦးသောင်းမြင့်ကအလှူရှင် မိသားစုအား ရှင်းလင်းတင်ပြ ခဲ့သည်။ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ လှူဒါန်းလိုသူများအနေဖြင့် နေ့စဉ် ၁၅ ဦးထက်မနည်းလှူဒါန်းကြရန် ဆက်သွယ်လျက်ရှိပြီး ရိပ်သာသို့လာရောက်နေထိုင်လိုသူများအနေဖြင့်လည်း ၄င်းတို့၏ ဒေသ၌တည်ရှိသော တပ်မတော်တိုင်းစစ်ဌာနချုပ်များသို့သွားရောက် စာရင်းပေးသွင်းပြီး အသေးစိတ်စိစစ်မှုဖြင့် လက်ခံလျက်ရှိကြောင်း၊ ထိုသို့ပြုလုပ်ရခြင်းမှာလည်း အမှန်တကယ်စွန့်လွှတ်စွန့်စားခဲ့သူ၊ တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့သူများ ဟုတ်မဟုတ်ကိုစိစစ်ရခြင်းဖြစ်ပြီး ထိုသူ များကို ဦးစားပေးအနေဖြင့်ထားရှိရန် ရည်ရွယ်ကြောင်းစသည်တို့ကို ဦးသောင်းမြင့်က အလှူရှင်သို့ရှင်းလင်းပြောကြားသည်။
ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်မိသားစုအနေဖြင့် ယနေ့လှူဒါန်းမှုသည် ပထမဆုံးအကြိမ်လှူဒါန်းခြင်းဖြစ်ပြီး ဘိုးဘွား ရိပ်သာ၏အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ ရှေ့ဆက်လှူဒါန်း ပေးရန်ရှိကြောင်း၊ ဘိုးဘွားရိပ်သာ၏အုပ်ချုပ်မှုရုံး ဧည့်သည်တော် မှတ်တမ်း၌လည်း ကရုဏာကမ္ဘာဘိုးဘွားရိပ်သာအားဦးဆောင်စီမံ ပေးကြသောပုဂ္ဂိုလ်များအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဘိုး ဘွားရိပ်သာနှင့်ပတ်သက်၍ကျရာကဏ္ဍမှ ပါဝင်ပူးပေါင်းဆောင် ရွက်ပါမည်ဟု ဧည့်သည်တော်မှတ်တမ်းတွင် ရေးသားခဲ့သည်။