images
UN
UN
ကျူးဘား နမူနာယူရမည့် မြန်မာ့ဒီမိုကရေစီကူးပြောင်းမှုဖြစ်စဉ်
ပြည့်ဖြိုးနိုင် Friday, 07 October 2016

(ယမန်နေ့မှအဆက်)
မြန်မာနိုင်ငံသို့သွားရောက်ခဲ့သော ကျူးဘားကိုယ်စားလှယ်အဖွဲ့သည် ¤င်း တို့နိုင်ငံနှင့်နီးစပ်မှုများစွာရှိသော အီလစ် များဦးဆောင်ခဲ့သည့် မြန်မာနိုင်ငံ၏အသွင် ကူးပြောင်းမှုနှင့်ဆိုင်သော အတွေ့အကြုံ ကောင်းများကို မျက်မြင်ကိုယ်တွေ့လေ့ လာနိုင်ခဲ့သည်။ ၂ဝ၁၁ခုနှစ်တွင် အစပြုခဲ့ သော မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု များတွင် တပ်မတော်ခေါင်းဆောင် ဟောင်းများဦးဆောင်ခဲ့သည့် အသွင် ပြောင်းအစိုးရသည် သမိုင်းနှင့်ချီ၍ ထိန်း ချုပ်ကန့်သတ်မှုများစွာပြုလုပ်ထားခဲ့သော လူမှုရေးကဏ္ဍနှင့် စီးပွားရေးကဏ္ဍများ တွင်သာမကနိုင်ငံသားများ၏ နိုင်ငံရေး ဖြစ်တည်မှုနှင့်ဆိုင်သောကဏ္ဍများတွင်ပါ အားလုံးအံ့အားသင့်ခဲ့ရသည့်ဖြေလျှော့မှု များ ပြုလုပ်ခဲ့သည်။
အသွင်ကူးပြောင်းမှုများ ဖော်ဆောင် ရာ၌ မြန်မာ့တပ်မတော်သည် လက်ရှိ ကျင့်သုံးလျက်ရှိသော အခြေခံဥပဒေဖြင့် အဆုံးအဖြတ်ပေးနိုင်သည့် လုပ်ပိုင်ခွင့် အချို့ကိုပိုင်ဆိုင်ထားသည်ဟု တွေ့ရမည် ဖြစ်သည်။ ၂ဝဝ၈ခုနှစ်က ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏အခြေခံဥပဒေတွင် တပ် မတော်အား အခြေခံဥပဒေနှင့်ဆိုင်သည့် အကြောင်းအရာများကို အဆုံးအဖြတ်ပေး နိုင်သည့်လုပ်ပိုင်ခွင့်အား ပေးအပ်ထား ခြင်းဖြစ်သည်။၂ဝ၁၅ခုနှစ်နိုဝင်ဘာလက ကျင်းပခဲ့သောရွေးကောက်ပွဲတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ် တော်ကိုယ်စားလှယ် ရာခိုင်နှုန်း ၈ဝ ခန့်အနိုင်ရရှိခဲ့ပြီး လွှတ်တော်များတွင် တပ်မတော်သားကိုယ်စားလှယ်ဦးရေမှာ ၂၅ရာခိုင်နှုန်းရှိနေသည်။ ၂ဝဝ၈ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အခြေခံဥပဒေအား ပြင်ဆင်လိုပါက လွှတ်တော်ကိုယ်စား လှယ် ၇၅ ရာခိုင်နှုန်းနှင့်အထက် ထောက် ခံရန် လိုအပ်မည်ဖြစ်သောကြောင့် တပ် မတော်သည် ထိရောက်သည့်လုပ်ပိုင်ခွင့် တစ်ရပ်ကိုပိုင်ဆိုင်ထားသည်ဟုသတ်မှတ် ရမည်ဖြစ်သည်။ ထို့အပြင် တပ်မတော် သည် အစိုးရအဖွဲ့အတွင်း၌အရေးကြီး သည့်ဝန်ကြီးဌာနများဟု သတ်မှတ်ရမည့် ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန များကိုလည်းဝန်ကြီးများ ခန့်အပ်ပိုင်ခွင့် ရရှိထားသည်။
မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ကျူးဘားကိုယ်စားလှယ်အဖွဲ့တွင် ပါဝင် ခဲ့သည့် အဖွဲ့ဝင်အများစုက မြန်မာနိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် အသွင်ကူး ပြောင်းမှုများဖော်ဆောင်ရာ၌ တပ်မတော် အား အလျှော့ပေးမှုများစွာပြုလုပ်ခဲ့ရ သည်ဟုယူဆကြောင်း ထင်မြင်ချက်ပေး ခဲ့သည်။ အဖွဲ့ဝင်အချို့ကလည်း အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် ကရုဏာ သက်သည့် သုံးသပ်ချက်များပြုလုပ်ခဲ့ သည်။ သို့သော် အဖွဲ့ဝင်အားလုံး၏ရှုမြင် ချက်များကို ပေါင်းစည်းကြည့်မည်ဆိုပါ က မြန်မာနိုင်ငံ၏အခြေအနေများနှင့် ကျူးဘားနိုင်ငံတွင် ဖြစ်ပေါ်လာဖွယ်ရှိ သော အသွင်ကူးပြောင်းမှုများမှာ မျဉ်း ပြိုင်အနေအထားဖြစ်နိုင်သည်ဆိုသော အချက်မှာမူ ရှင်းရှင်းလင်းလင်းရှိခဲ့သည်။ တင်းကျပ်သည့် အုပ်ချုပ်မှုပုံစံများဖြင့် အုပ်ချုပ်ခဲ့သည့် ခေါင်းဆောင်များသည် အသွင်ကူးပြောင်းမှုများပြုလုပ်သည့်ကာလ အတွင်း၌ ဖြည်းဖြည်းချင်းပျောက်ကွယ် သွားကာ နိုင်ငံရေးနှင့်စီးပွားရေးကဏ္ဍ များ၌ ¤င်းတို့၏ပါဝင်ပတ်သက်မှုများနှင့် ¤င်းတို့အား သစ္စာခံသည့်အဖွဲ့အစည်း များသည် နောက်ဆုံးမျိုးဆက်အနေ အထားသို့ ရောက်ရှိသွားသည်ဟု သတ် မှတ်ရမည့် အနေအထားမျိုးရှိသည်။
ဒီမိုကရက်တစ်လုပ်ငန်းစဉ်များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကြားမှ ဆက်နွှယ်မှုများမှာ အကဲဆတ်သည့် အနေအထားမျိုး ရှိနေမည်ဖြစ်သည့်အပြင် အာမခံနိုင်သည့် အခြေအနေသို့လည်း ရောက်ရှိဦးမည်မဟုတ်ပါ။ နိုင်ငံရေး အခင်းအကျင်းများအရ သုံးသပ်ရမည် ဆိုပါက တပ်မတော်အစိုးရလက်ထက် တွင် ဦးဆောင်ခဲ့သူများသည် မြန်မာနိုင်ငံ ၏ အပြောင်းအလဲများ၌စီးပွားရေးကဏ္ဍ အပါအဝင် အခြားကဏ္ဍများ၌ အဆင် ပြေပြေခရီးဆက်နိုင်ရန် စီစဉ်ထားခဲ့ပြီး ဖြစ်သည်ဟု သတ်မှတ်ရမည်ဖြစ်သည်။
တပ်မတော်အစိုးရလက်ထက်တွင် အုပ် ချုပ်ရေးပိုင်း၌ ပါဝင်ခဲ့သူများအချို့သည် အကျိုးအမြတ်ကြီးမားသည့် စီးပွားရေး လုပ်ငန်းများဖြစ်သော သတ္တုတူးဖော်ရေး နှင့်ဆောက်လုပ်ရေးလုပ်ငန်းများ၌ ကျယ် ပြန့်စွာပါဝင်နိုင်ရန် ဆောင်ရွက်ခဲ့သည်ဟု တွေ့ရမည်ဖြစ်သည်။ ရန်ကုန်မြို့ရှိအချက် အချာကျသည့် နေရာအများစုကိုလည်း တပ်မတော်အစိုးရနှင့် အလွမ်းသင့်ခဲ့သည့် ခရိုနီများကသာ ပိုင်ဆိုင်ထားသည်ဟု တွေ့ရမည်ဖြစ်သည်။ သို့သော် လက်တင် အမေရိကနိုင်ငံများ၌မူ စီးပွားရေးကဏ္ဍ၌ ပုဂ္ဂလိကပိုင်ပြုလုပ်ရန် ကြိုးပမ်းသည့် ကနဦးလုပ်ငန်းစဉ်များကို ခရိုနီအရင်းရှင် စနစ်ဟု ခေါ်ဆိုကြသည်။
ရန်ကုန်မြို့တွင် မြင်တွေ့ခဲ့ရသော အခြေအနေများကြောင့် ကျူးဘားကိုယ် စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သူအများစုမှာ အံ့အားသင့်ခဲ့ကြသည်။ ဆင်းရဲနွမ်းပါးမှု ကို ဖော်ထုတ်ပြနိုင်သောအခြေအနေများ၊ အခြေခံအဆောက်အအုံကဏ္ဍဆိုင်ရာ အားနည်းချက်များ၊ လာရောက်ခဲ့ချိန် သည် မိုးရာသီဖြစ်ခြင်းကြောင့်ရေလျှံ နေသောလမ်းများနှင့် ရွှံ့နွံများရှိနေသော လမ်းများကိုမြင်တွေ့ခဲ့ရ၍ အံ့အားသင့်ခဲ့ ခြင်းဖြစ်သည်။ ကျူးဘားများအတွက် ဆင်းရဲနွမ်းပါးမှုနှင့် အခြေခံအဆောက် အအုံကဏ္ဍ အားနည်းမှုများမှာထူးဆန်း သည့်အရာများမဟုတ်ပါ။ အဖွဲ့ဝင် တစ်ဦးက ဒီမိုကရက်တစ်အပြောင်းအလဲ များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များကို နေ့ချင်းညချင်းဖြစ်ပေါ်စေခြင်း မရှိဟုယူဆမိကြောင်း ပြောသည်။
အသွင်ကူးပြောင်းမှုများတွင်ပါဝင်သော ဥပဒေစိုးမိုးရေးကဏ္ဍမှာလည်း ခက်ခဲ သည့်အခြေအနေများ ရင်ဆိုင်ရလေ့ရှိ သည့်အပြင် ကျေနပ်ဖွယ်အနေအထားသို့ ရောက်ရှိရန် လွယ်ကူလေ့မရှိပါ။ မြန်မာ နိုင်ငံတွင် အဆိုပါအခြေအနေများကို မြင် တွေ့နေရဆဲဖြစ်ကာ အကန့်အသတ်များ နှင့်ထိန်းချုပ်မှုများပါဝင်သောစနစ်များ ဆက်ရှိနေဆဲဖြစ်သည်။ ကျူးဘားကိုယ် စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သူများအတွက် အဆိုပါအခြေအနေများကို သိမြင်ခွင့်ရခဲ့ သောကြောင့် လက်တွေ့ရင်ဆိုင်ရာတွင် ဖြေရှင်းရန်အတွက် အဖြေရှာရန်ပြင်ဆင် ခွင့်ရဖွယ်ရှိသည်။ မြန်မာနိုင်ငံရှိနိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်အုပ်ချုပ် ရေးစနစ်၌ ခေါင်းဆောင်ခဲ့သူများနှင့် အလုပ်အတူလုပ်ခဲ့သူများအား ကျူးဘား ကိုယ်စားလှယ် ဆွေးနွေးခွင့်ရရှိခဲ့ခြင်း သည် ကျူးဘားကိုယ်စားလှယ်အဖွဲ့ဝင် များအတွက်သာမက နှစ်ဖက်လုံးအတွက် အကျိုးရှိစေမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ တက်ြ<ွကလှုပ်ရှားသူ များသည် နိုင်ငံရေးအကျဉ်းသားများ၏ လက်ရှိအခြေအနေနှင့်ဆိုင်သောအကြောင်း အရာများအပေါ် အာရုံစိုက်နေဆဲဖြစ် သည်။ အာဏာရှင်အုပ်ချုပ်ရေးစနစ်မှဒီမို ကရေစီအသွင်ကူးပြောင်းမှုများဖော်ဆောင် သည့်လုပ်ငန်းစဉ်တိုင်းသည် အစဉ်အမြဲ ရှုပ်ထွေးလေ့ရှိသည့်အပြင် ပါဝင်သည့် အကြောင်းအရာတိုင်းတွင်ကိုယ်ပိုင်ထူးခြား မှုများပါဝင်နေလေ့ရှိသည်။ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုများကို အသားပေးသည့် မြန်မာနိုင်ငံနှင့်ပတ်သက်သော အကြောင်း အရာများသည် ကာရစ်ဘီယံဒေသရှိ အကန့်အသတ်များရှိနေသော နိုင်ငံငယ် တစ်ခုဖြစ်သည့် ကျူးဘားကဲ့သို့နိုင်ငံ အတွက် ကြီးမားသည့်နမူနာယူစရာများ ရရှိဖွယ်ရှိသည်။ ကျူးဘားအနေဖြင့် ဖြေ လျှော့မှုများနှင့်လူ့အခွင့်အရေးနှင့်ဆိုင် သောအကြောင်းအရာများကို ဆောင်ရွက် ရာ၌ မြန်မာနိုင်ငံတွင်ဆောင်ရွက်ခဲ့သော မည်သည့်အရာများကို နမူနာယူမည် ဆိုသည်ကို လွယ်ကူစွာဆုံးဖြတ်နိုင်ဖွယ် ရှိသည်။ ကျူးဘားကိုယ်စားလှယ်အဖွဲ့ တွင်ပါဝင်ခဲ့သူများအနေဖြင့် ကိုယ်ပိုင် အတွေ့အကြုံများနှင့် နိုင်ငံ၏ပကတိဖြစ် တည်မှုများကိုအခြေခံကာအမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့်ပြောင်းလဲမှုများ ပေါ်ထွက်လာစေသော အသွင်ကူးပြောင်း မှုများဖန်တီးရန်အတွက် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်သည် အတွေ့ အကြုံကောင်းများစွာ ရရှိစေမည်ဖြစ် သည်။
(Ref: 'Disciplined Democracy'- Lessons For Cuba from Myanmar by Casey Cagley)