images
UN
UN
လူကိုတည်ဆောက်ခြင်း
မောင်ယဉ်မင်း Monday, 10 October 2016
'လူဖြစ်ပေမဲ့ လူလိုသိဖို့ လွယ်မယ် မထင်နဲ့'ဟု ကျွန်တော့်အဖေကပြောဖူး သည်။ 'လူဆိုတာ အလိုက်သိရတယ်။ သူတစ်ပါးကို နားလည်ပေးရမယ်။ နှစ်ဖက်မျှကြည့်ရမယ်။ အတ္တမကြီးရဘူး' ဟုလည်း အမေကဆုံးမခဲ့သည်။ယခုအခါ မိဘနှစ်ပါးလုံးကွယ်လွန်သွားပြီဖြစ်သော် လည်း ကျွန်တော်ငယ်စဉ်က သင်ခဲ့ဖူး သော ပြည်သူ့နီတိ ကျွန်တော်၏စာဖတ် အား ဆရာသမားတို့၏ လမ်းညွှန်ပေးမှု ကြောင့် ဘဝကို အဓိပ္ပာယ်ရှိရှိ ရိုးသားစွာ ဖြတ်သန်းခဲ့သည်မှာ ကာလကြာခဲ့ပြီ ဖြစ်၏။
'လူဆိုသည်မှာ မိမိအား တော်သည် ထက်သည်'ဟုသာအပြောခံလိုကြသည်။ 'တုံးလိုက်တာ' ဟုတော့ မည်သူမျှ အပြောမခံချင်ကြပေ။ ထို့အတူ အားလုံး ၏အချစ်ကိုသာ ခံယူလိုကြပြီး အမုန်းကို တော့ လက်မခံချင်ကြသည်မှာ သဘာဝ ပင်ဖြစ်သည်။
'ဒီခေတ်ထဲမှာ မင်း အ,ရင်ခံရမှာပဲ' ဟု သူငယ်ချင်းတစ်ဦးက ပြောဖူးသည်။ တကယ်တော့ ထိုသို့ပြောခဲ့သူသည် 'အခွင့်အရေးမယူလိုခြင်း'နှင့် 'အ,ခြင်း' ကို ခွဲခွဲခြားခြားနားမလည်ဘဲ ရောထွေး နေခြင်းသာဖြစ်၏။ ကျွန်တော့်ဘဝတွင် အခွင့်အရေးယူခွင့် နှစ်ကြိမ်လောက်ရခဲ့ဖူး သော်လည်း ကျွန်တော့်အတွေးအခေါ်နှင့် ဆုံးဖြတ်ချက်များက လက်မခံခဲ့ပေ။ ထို့ ကြောင့်ရလာသည့်လစာလေးနှင့်မိသားစု စနစ်တကျသုံးစွဲနေရသောဘဝမှ တက် မလာခဲ့ပေ။ သို့သော် ကျွန်တော်ကျေနပ် သည်။ တကယ်တော့ ကျွန်တော်သည် လေအေးစက်တပ်ဆင်ထားသော အခန်း ထဲတွင် ကြက်ကင်စား၊ ဘီယာသောက် ရင်း ရင်တထိတ်ထိတ်နေရသော ဘဝ ထက် သာမန်သွပ်မိုးထရံကာအိမ်လေး မှာ သောကကင်းကင်းနှင့် စာဖတ်နေချင် သူဖြစ်သည်။
ကျွန်တော်သည် လျှပ်စစ်မီးသုံး သဖြင့် လစဉ် လတစ်လ၏တတိယပတ် တွင် ရုံးသို့သွားကာ မီတာဆောင်ရသည်။ သွားဆောင်တိုင်းလည်း တန်းစီရသည်။ တစ်ရက်မှာမီတာဆောင်ရန် ရုံးသို့ရောက် သွားသောအခါ ကျွန်တော့်ရှေ့မှာ တန်းစီ နေသူ ၂ဝ လောက်ရှိသည်။ တတိယ နေရာတွင် မိတ်ဆွေတစ်ယောက်ကိုတွေ့ သော်လည်း ကျွန်တော့် မီတာစာရွက် အတွက် သူ့အကူအညီကိုမယူဖြစ်ပေ။ နောက်ဆုံးမှာသာဝင်ပြီး တန်းစီလိုက်၏။ နောက်မှရောက်လာပြီး အခွင့်အရေးယူ တာမျိုးလည်း မလုပ်ချင်ပေ။
တဖြည်းဖြည်းနှင့်လူပိုများလာသည်။ မကြာခင်သူငယ်ချင်းတစ်ယောက်ရောက် လာသည်။ ကျွန်တော့်ကို နှုတ်ဆက်ပြီး နောက် ကြားဖြတ်တန်းစီကာ လှုပ်ရှား လိုက်သဖြင့် နောက်မှရောက်လာသော် လည်း သူကချက်ချင်းအဆင်ပြေသွားလေ သည်။ သူ့လက်ထဲမှာလည်း မီတာ စာရွက်တစ်ထပ်ကြီးပါသည်။
ကျွန်တော် ဆက်တွေးကြည့်မိသည်။ ကြားဖြတ်ဝင်ရောက်သူတစ်ဦးကြောင့် ကျန်သည့်လူတွေ ငါးမိနစ်လောက်အချိန် ပိုစောင့်လိုက်သော်လည်း ထိုငါးမိနစ် သည် ကျွန်တော်တစ်ယောက်တည်းက ပေးလိုက်ရသော ငါးမိနစ်မဟုတ်ပေ။
တန်းစီနေသော လူအားလုံးကပေး လိုက်ရသော ငါးမိနစ်ပေါင်းများစွာဖြစ် သည်။ ထိုလူကတော့ စဉ်းစားမိပုံမပေါ် ပေ။ သူ့အတ္တနှင့်သူအောင်မြင်သွားသည် ဟု ယူဆထားပုံရ၏။ နောက်တစ်နေ့ လက်ဖက်ရည်ဆိုင်တွင် သူနှင့်ဆုံသော အခါ သူကကျွန်တော့်ကိုပြောသည်။
'ခင်ဗျားကလည်း မနေ့က တုံးလိုက် တာ ကျွန်တော့်လိုကြားဖြတ်လိုက်ရင်ပြီး ရော'သူ့ကို ပြုံးပြရုံကလွဲပြီး မည်သို့မျှ မတုံ့ပြန်ခဲ့ပေ။ထို့အတူကျွန်တော့်ကို 'တုံး လိုက်တာ'ဟု ပြောလိုက်သည့်အတွက် လည်း ကျွန်တော်မကျေမနပ်မဖြစ်မိလိုက် ပေ။ ကျွန်တော်သည် လူလည်ကျချင်သူ မဟုတ်ပေ။ လူရည်လည်ချင်သူတစ် ယောက်သာဖြစ်သည်။
လူဆိုသည်မှာ မည်သူ့အမုန်းမျှမခံ ချင်ကြပေ။ ထို့ကြောင့် မြန်မာစကားမှာ လည်းရှိသည်။ 'ကြားထဲကဝင်ပြီး အမုန်း မခံနဲ့'ဆိုသောစကားဖြစ်သည်။ကျွန်တော် လည်းဆင်ခြင်သည်။ သို့သော် ထိုသို့ သော်ကအရေးကြီးသည်ဟုထင်ပါသည်။
တစ်ရက်မှာ ကျွန်တော် လိုင်းကား (အထူးကား)တစ်စီးကိုစီးသည်။ကျွန်တော် ရသောနေရာမှာ သုံးယောက်တန်းခုံဖြစ် သည်။ ထိုနေ့ကထိုင်ခုံမှာ ခရီးသည် အပြည့်ရှိသည်။ သို့သော် ကျွန်တော့်ရှေ့ ကသုံးယောက်တန်းတွင် လင်မယားဟု ယူဆရသော အမျိုးသားနှင့်အမျိုးသမီးက သူတို့၏လက်ဆွဲအိတ်ကိုချကာနှစ်ယောက် တည်းထိုင်နေလေသည်။ပထမခရီးသည် တစ်ယောက်တက်လာသည်။ နေရာမပေး ပေ။ နောက်တစ်ယောက် ထပ်တက်လာ သည်။ မသိချင်ယောင်ဆောင်နေသည်။ ထိုစဉ် ကလေးချီထားသော အမျိုးသမီး တစ်ယောက်တက်လာပြီး သူတို့ဘေးမှာ မတ်တပ်ရပ်သည်။ သူတို့က မလှုပ် ကျွန်တော်မနေနိုင်တော့ပေ။ အမုန်းခံဖို့ ဆုံးဖြတ်လိုက်၏။
'ဟေ့လူ ခင်ဗျားအိတ်ကြီးပေါင်ပေါ် တင် ကလေးအမေကိုနေရာပေးလိုက်ပါ' အမျိုးသားကလှည့်ကြည့်သည်။ကျွန်တော့် ကို ကျေနပ်ပုံမရ၊ အမျိုးသမီးက လှည့်ပြီး ကျွန်တော့်ကိုမျက်စောင်းထိုးသည်။ ဘာသာ ပြန်လိုက်လျှင်သူတို့အကြည့်များကအမုန်း တွေပါသည်။ ကျွန်တော်ဝမ်းမနည်းပေ။
မိမိအား'တုံးသည်'ဟု ပြောသည်ကို မကြိုက်သလို မိမိအားမုန်းမှာကို မကြိုက် သူသည်လည်း ကျွန်တော်ဖြစ်သည်။ သို့ သော် မီတာဆောင်စဉ်က 'တုံးသည်'ဟု ပြောလိုက်သောစကားနှင့် လိုင်းကားပေါ် ကအမုန်းမျက်လုံးများကိုတော့ ကျွန်တော် က သာယာနေမိခြင်းပင်ဖြစ်သည်။