images
UN
UN
ပြန်လည်အသက်သွင်းသင့်သော အမေ့လျော့ခံဆက်ကြောင်းတစ်ခု သို့မဟုတ် စတီးဝဲလ်လမ်းမကြီး
ပြည့်ဖြိုးနိုင် Wednesday, 12 October 2016

မြန်မာနှင့် အိန္ဒိယကြားတွင် နယ်စပ်ဖြတ်ကျော်ချိတ် ဆက်မှုများ ပြုလုပ်ခဲ့ သည့် လမ်းမကြီးတစ်ခု သည် မြင့်မားသော တောင်စဉ်တောင် တန်းများပေါ်တွင် စွန့်ပစ်ခံအနေအထား သို့ ရောက်ရှိခဲ့သည်မှာ ကာလတစ်ခု ကြာမြင့်ခဲ့သည်ဖြစ်သည်။ အဆိုပါလမ်းမ ကြီးသည် ဒေသတွင်းရှိ ပထဝီအနေ အထားအရ အရေးပါသည့်ဒေသ သုံးခု ကိုချိတ်ဆက်ထားခြင်းဖြစ်ကာ အရှေ့ပိုင်း ဟိမဝန္တာတောင်တန်းများပေါ်တွင် အစ ပြုကာ ပတ်ကွိုင်တောင်တန်းများပေါ်သို့ ဦးတည်သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် မြန်မာနိုင်ငံအတွက် အသက်သွေးကြော မြစ်တစ်စင်းအဖြစ် သတ်မှတ်ထားသည့် ဧရာဝတီမြစ်၏ အဓိကအကျဆုံး ရေဝေ ရေလဲမြစ်ဖြစ်သော ချင်းတွင်းမြစ်အထက် ပိုင်းဒေသများကို ဖြတ်သန်းသွားခဲ့သည်။
အိန္ဒိယနှင့်မြန်မာကြားတွင် ရာစုနှစ် နှင့်ချီ၍ ဖြတ်သန်းသွားလာမှုပြုလုပ်ခဲ့ သည့် နယ်စပ်ဂိတ်များထဲတွင် ပန်ဆောင် တောင်ကြားလမ်းလည်း ပါဝင်ခဲ့သည်။ အိန္ဒိယဘက်မှာ အဆိုပါတောင်ကြားလမ်း ကို ဖြတ်သန်းသွားခဲ့မည်ဆိုပါက မြန်မာ နိုင်ငံအတွင်းရှိ စစ်ကိုင်းတိုင်းဒေသကြီး တွင်ပါဝင်သော ပန်ဆောင်ရွာသို့ ရောက် ရှိမည်ဖြစ်သည်။ အဆိုပါရွာတွင် ဗမာ တိုင်းရင်းသားများနှင့် နာဂတိုင်းရင်းသား များ အများဆုံးနေထိုင်ကြသည်။ပန်ဆောင် ရွာနှင့်အနီးဆုံးမြို့မှာ ကီလိုမီတာ ၆ဝ ကွာဝေးသည်။သွားရောက်ရသည့်လမ်းမှာ အမေ့လျော့ခံအနေအထားသို့ ရောက်ရှိ နေသည့် စတီးဝဲလ်လမ်းမကြီးဖြစ်ကာ မိုးရာသီကာလ၌ အသုံးပြုနိုင်ခြင်းမရှိပေ။
သောကြာနေ့တိုင်းတွင် ပန်ဆောင်ရွာ ၌နေထိုင်သူများသည် အိန္ဒိယနိုင်ငံအတွင်း သို့ဝင်ရောက်ကာ တစ်ပတ်စာအသုံးပြု မည့် အသုံးအဆောင်များနှင့် စားနပ်ရိက္ခာ များကို ဝယ်ယူကြသည်။ သောကြာနေ့ ကို မြန်မာနေ့ဟု ဒေသခံများက ခေါ်ဆို ကြကာ နန့်ပေါင်းမြို့အတွင်းရှိဈေးတွင် လိုအပ်သည်များကို ဝယ်ယူကြခြင်းဖြစ် သည်။ တောင်ကြားလမ်းကို ဖြတ်ကျော် ရာ၌ အချို့က ခြေကျင်ဖြတ်ကျော်ကြကာ အများစုမှာမူ မော်တော်ဆိုင်ကယ်များဖြင့် ဖြတ်ကျော်ကြခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသားများသည်လည်း လစဉ် ၁ဝ ရက်၊ ၂ဝ ရက်နှင့် ၃ဝ ရက် များတွင် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက် ခွင့်ရရှိကြပြီး အဆိုပါနေ့များကို အိန္ဒိယ နေ့များဟု ဒေသခံများက ခေါ်ဆိုကြသည်။ မြန်မာနိုင်ငံအတွင်းသို့ လာရောက်ကြ သည့် အိန္ဒိယနိုင်ငံသားအများစုသည် အလည်အပတ်သဘောဖြင့် လာရောက်ကြ ခြင်းဖြစ်ကာပန်ဆောင်ရွာရှိဈေးတွင်အမှတ် တရပစ္စည်းများ ဝယ်ယူလေ့ရှိသည်။
မြန်မာနိုင်ငံနှင့်ထိစပ်နေသော အိန္ဒိယ ပိုင်နက်အတွင်းရှိ အေရူနာချယ်ပရာဒက်ရှ် ပြည်နယ်အစိုးရသည် နှစ်နိုင်ငံကြားတွင် အပြန်အလှန်ဖြတ်ကျော်မှုများပြုလုပ်ရန် အတွက် အိန္ဒိယစစ်တပ်လက်အောက်ရှိ နယ်ခြားစောင့်တပ်များ၏ ခွင့်ပြုချက် ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ ပန်ဆောင်ရွာရှိဈေးတွင် ဟင်းသီးဟင်း ရွက်များအပါအဝင် မြန်မာအရသာကဲ သော ရိုးရာစားသောက်ဖွယ်ရာများကို ရောင်းချကြကာ လာရောက်လည်ပတ် သော ဧည့်သည်များသည်လည်း ရိုးရာ အစားအစာများကို ဦးစားပေးစားသုံးလေ့ ရှိသည်။ ထမင်းနှင့်အသီးအရွက်များကို တွဲဖက်စားသုံးခြင်း၊ ဆန်ခေါက်ဆွဲစားသုံး ခြင်းများကို အများဆုံးပြုလုပ်လေ့ရှိသည်။
အိန္ဒိယနှင့်မြန်မာကြားရှိ ထိစပ်နေ သော နယ်စပ်ဒေသများတွင် နေထိုင်ကြ သော အိန္ဒိယနိုင်ငံသားများသည် ဆန် ခေါက်ဆွဲကို အထူးနှစ်သက်ကာ
ဆန် ခေါက်ဆွဲစားသုံးလိုသောကြောင့် မြန်မာ နိုင်ငံအတွင်းသို့ သွားရောက်လည်ပတ်သူ များလည်း ရှိသည်။ ထို့အပြင် ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်လေယာဉ် များ ပျက်ကျခဲ့သည့်နေရာတစ်ခုဖြစ်သော ပြန်လမ်းမဲ့ရေကန်သို့လည်း သွားရောက် လည်ပတ်ကြသည်။
မြန်မာအမျိုးသားများ ဝတ်ဆင်လေ့ ရှိသည့် လုံချည်နှင့်မြန်မာအမျိုးသမီးများ မျက်နှာတွင် အလှဆင်သည့်အနေဖြင့် အသုံးပြုသော သနပ်ခါးတို့မှာ လာရောက် လည်ပတ်သူများအတွက် ထူးဆန်းသည့် အရာများ ဖြစ်ကြသည်။ လုံချည်ဝတ်ဆင် ထားသည့် အမျိုးသားများနှင့်သနပ်ခါး လိမ်းထားသည့် အမျိုးသမီးများသည် ၄င်းတို့၏ထုတ်ကုန်များကို ရိုးသားပွင့် လင်းစွာဖြင့် ရောင်းချကြသည်။
စတီးဝဲလ်လမ်းမကြီးကို အမေရိကန် စစ်တပ်မှ ဗိုလ်ချုပ်ကြီး ဂျိုးဇက်စတီးဝဲလ် ၏ ဦးဆောင်မှုဖြင့် ဖောက်လုပ်ခဲ့ခြင်းဖြစ် သည်။ ၁၉၄၂ ခုနှစ်တွင် စတင်ဖောက် လုပ်ခဲ့ပြီး ၁၉၄၅ ခုနှစ်တွင် အဆုံးသတ် နိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ် ရှိ လီဒိုမြို့တွင် အစပြုကာ တရုတ်နိုင်ငံ ကူမင်းမြို့သို့ ချိတ်ဆက်ထားခြင်းဖြစ် သည်။ လမ်းမကြီး၏ စုစုပေါင်းအရှည် မှာ ၁၇၃၆ ကီလိုမီတာရှိသည်။
ဒုတိယကမ္ဘာစစ်အတွင်းက တရုတ် နိုင်ငံကို သိမ်းပိုက်ထားသည့် ဂျပန်များ အား တရုတ်စစ်သားများက တိုက်ခိုက် ရာ၌ စစ်လက်နက်အသုံးအဆောင်များ အပါအဝင် လိုအပ်သည်များကို ထောက်ပံ့ ရန်အတွက် အဆိုပါလမ်းမကြီးကို ဖောက် လုပ်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဒုတိယ ကမ္ဘာစစ်ပြီးဆုံးသွားချိန်မှစတင်ကာ စတီးဝဲလ်လမ်းမကြီးကို အသုံးပြုခြင်း မရှိခဲ့၍ အိန္ဒိယနှင့်မြန်မာကြားရှိလမ်းပိုင်း များမှာ အသုံးပြုရန်မလွယ်ကူသည့်အနေ အထားရောက်သည်အထိ ပျက်စီးသွားခဲ့ သည်။စတီးဝဲလ်လမ်းမကြီးသည် ဒုတိယ ကမ္ဘာစစ်အတွင်းက မဟာမိတ်တပ်များ အတွက် စစ်ရေးအရအသားစီးရရှိစေရန် အထောက်အကူဖြစ်စေခဲ့သည့် ပို့ဆောင် ရေးလမ်းကြောင်းတစ်ခုဖြစ်ခဲ့ကာ လက်ရှိ ခေတ်အခြေအနေအရလည်း ပြန်လည် အသက်သွင်းမည်ဆိုပါက အိန္ဒိယ၊ မြန်မာ နှင့် တရုတ်နိုင်ငံများအတွက် အကျိုး ကျေးဇူးများစွာရရှိစေမည့် အလားအလာ များရှိနေသည်။
အိန္ဒိယအစိုးရ၏ ပညာရှင်များနှင့် တရုတ်ဘက်မှပညာရှင်များသည် ပြီးခဲ့ သည့်နှစ်ပိုင်းအများအတွင်း စတီးဝဲလ် လမ်းမကြီးကို ပြင်ဆင်မှုများပြုလုပ်ကာ ပြန်လည်အသုံးပြုနိုင်သည့် အခြေအနေ ရောက်ရှိအောင် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းမှုများပြုလုပ်ခဲ့သည်။ သုံးနိုင်ငံ လုံးအတွက် ကုန်သွယ်ရေးဆက်ကြောင်း
သစ်တစ်ခု ဖြစ်လာနိုင်သည့်အပြင် တရုတ် အစိုးရက ဖော်ဆောင်နေသည့် စီမံကိန်း တစ်ခုဖြစ်သော ၂၁ ရာစု ပိုးလမ်းမသစ် စီမံကိန်းအတွက်လည်း ထည့်သွင်းစဉ်းစား သင့်သည့် အခြေအနေမျိုးရှိနေသည်။
(Ref;Stiwell Road: The Abandoned Route Through India, My-anmar And China Should Be Restored By Mirza Zulfiqur Rahm-an)
(ဆက်လက်ဖော်ပြပါမည်)