images
UN
UN
သင်တန်းနှင့် ကျွမ်းကျင်မှု
ချစ်နိုင်(စိတ်ပညာ) Thursday, 20 October 2016
''ဆရာဦးချစ်နိုင်လားခင်ဗျာ''
''ဟုတ်ပါတယ်၊ ကျွန်တော်ပါ''
''ဆရာနဲ့တွေ့ချင်နေတာ အတော်ပဲဗျာ။ ကျွန်တော်မေးစရာလေးတွေရှိလို့ မေးရင်ရ မလား''
''ရပါတယ်၊ မေးပါ၊ ဖြေနိုင်တာဖြေမှာပေါ့''
''ဆရာတို့မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုက အခြေခံစာရေးနည်းသင်တန်းဖွင့်မယ်ဆို။ ဟုတ်သလား''
''စာရေးနည်းအခြေခံသင်တန်းကို ဒီအောက် တိုဘာ ၁ ရက် မှ ၃၁ ရက်နေ့အထိ ဖွင့်ထား ပါတယ်။ ဟုတ်ပါတယ်''
''သင်တန်းဝင်ကြေး ဘယ်လောက်ပါလဲ''
''ကျပ်နှစ်သောင်းပါ''
''ဘယ်မှာဖွင့်မှာလဲ ဆရာ''
''ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း၊ အမှတ် ၂ဝဝ၊ ရှစ်လွှာမှာရှိတဲ့ခန်းမမှာပါ။ ဓာတ်လှေကား ရှိပါတယ်''
''ဘယ်သူတွေက သင်ပြမှာလဲ''
''သတင်းစာတွေထဲမှာပါတဲ့အတိုင်းပါပဲ။ ဆရာကြီးလယ်တွင်းသားစောချစ်၊ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ)၊ ဆရာမကြီးကြူကြူသင်း၊ ဆရာမကြီးမမိုးမြေ၊ ဆရာမ မစန္ဒာ၊ ဆရာမ မနှင်းဖွေး၊ မောင်စိန်ဝင်း (ပုတီးကုန်း)၊ မြင်းမူ မောင်နိုင်မိုး၊ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) စသည်ဖြင့် နိုင်ငံကျော်စာရေးဆရာတွေကပို့ချ ဆွေးနွေးကြမှာပါ''
''ဘယ်ဘာသာရပ်တွေပါသလဲဆရာ''
''စကားပြေရေးနည်း၊ ဝတ္ထုတိုရေးနည်း၊ ဝတ္ထုရှည်ရေးနည်း၊ ဆောင်းပါးရေးနည်း၊ ကဗျာ ဖွဲ့နည်းစသည်ဖြင့်စာပေနဲ့ဆိုင်ရာတွေ ဟောပြော ကြမှာပဲ''
''အရင်လည်း ဒီဆရာကြီး၊ ဆရာမကြီးတွေ သင်တာ၊ သင်တန်းဖွင့်ခဲ့ဖူးတယ်နော်''
''မှန်ပါတယ်။ ယခင် ခြောက်ကြိမ်ရှိခဲ့ပါပြီ။ အခုသင်တန်းက သတ္တမမြောက်အမှတ်စဉ် (၇) သင်တန်းပါ။ အများစုက ဒီဆရာကြီးများပဲ သင် ခဲ့ကြတာပါ''
''ဆရာ၊ ဘယ်လိုမှတော့ မအောင့်မေ့နဲ့နော်။ ကျွန်တော်က တဲ့တိုးပဲမေးပါရစေ။ ဒီသင်တန်း တက်ပြီးရင် စာရေးဆရာဖြစ်ကရောလား''
''မဖြစ်ပါဘူး''
''ဟင်...ဒါဆိုဘာအကျိုးထူးမှာလဲ''
''စာပေစကားတွေကြားရ၊ မှတ်ရ၊ ဗဟုသုတ အမြတ်ရမှာပေါ့။ ဖတ်ဖို့၊ ရေးဖို့၊ လေ့ကျင့်ခန်း ပေးတာလုပ်ရတော့ စာရေးသားရာ ယခင်ထက် ပိုပြီး တိုးတက်နိုင်စရာရှိတယ်ပေါ့''
''စာရေးချင်ရင် ဘာလုပ်ရမလဲဆရာ''
''ဆရာကြီးမင်းသုဝဏ် ညွှန်ပြခဲ့တာကတော့ လေ့လာစုဆောင်းပါ။ တုပရေးသားလေ့ကျင့်ပါ၊ ကိုယ်တိုင် တီထွင်ဆန်းသစ်အောင် ပြုစုရေးသားပါ (စု၊ တု၊ ပြု)လို့ပြောခဲ့တာပဲ။ ကျွန်တ်ာတို့လည်း ဒီနည်းနဲ့ စာတွေရေးလာကြတာပါပဲ''
''တခြားစာရေးဆရာတွေလမ်းညွှန်တာတွေ ကော''
''အများကြီးပေါ့။ ရွှေဥဒေါင်း၊ ပီမိုးနင်း၊ သူရိယကန္တိ၊ တင့်တယ်၊ ရန်ကုန်ဘဆွေ၊ သော်တာ ဆွေ၊ ရွှေကူမေနှင်း၊ ဦးအုန်းသော်၊ ဦးဘိုးငွေ၊ တင်မိုး၊ ပျဉ်းမနားမောင်နီသင်း၊ အောင်သင်း၊ မောင်ခင်မင်(ဓနုဖြူ)၊မြင်းမူမောင်နိုင်မိုး၊ ဝင်းငြိမ်း၊ ဒဂုန်ရွှေမျှား၊ ဓူဝံစသည်ဖြင့် ရှိကြပါတယ်''
''အများအားဖြင့် ဘာတွေပြောကြပါသလဲ''
''ဟာ...ဒါကကျယ်ပြန့်တယ်။ စကားပြေနဲ့ ကဗျာမတူဘူး။ ဝတ္ထုနဲ့ ဆောင်းပါးလည်း မတူ ဘူး။ အေးဗျာ၊ အတိုဆုံးယေဘုယျအချက်တစ်ခု ပြောရမယ်ဆိုရင် 'စာရေးလိုသော် စာများများ ဖတ်ပါ'လို့ ထင်ရှားတဲ့ စာရေးဆရာကြီးများ ရေးလေ့ပြောလေ့ရှိပါတယ်''
''စာရေးဆရာဖြစ်ရင် ဘာအကျိုးရှိမှာလဲ ဆရာ''
''စာရေးဆရာတွေရဲ့ မူလရည်ရွယ်ချက်က လည်း အမျိုးမျိုးရှိနိုင်သလို စာရေးဆရာဖြစ်လာ ရင် ဘာအကျိုးတွေရရှိနိုင်သလဲဆိုတာကလည်း (ကြိုးစားဖြေကြည့်) စမ်းတဝါးဝါးပြောရရင်တော့ ထင်ရှားကျော်ကြားမှုရချင်ရမယ်။ စာမူခငွေကြေး လည်းရမယ်။ လုပ်ပိုင်ခွင့်အာဏာတိုးပြီး ရချင် လည်းရမယ် (အထက်လူကမကြိုက်ရင် ရာထူး မတိုးဘဲ ပယ်ချခံရတာမျိုးလည်းဖြစ်နိုင်တယ်)၊ သြဇာတိက္ကမရချင်ရမယ်။ စာဖတ်သူတွေရဲ့ ချစ် ခင်လေးစားမှုကိုရမယ်။ ပေါ်ပြူလာဖြစ်ကောင်း ဖြစ်မယ်။ စာရေးဆရာဖြစ်ချင်ခဲ့တာ စာရေးဆရာ ဖြစ်လာရပြီဆိုပြီး မိမိကိုယ်ကို ကျေနပ်နှစ်သက်မှု၊ အားရဂုဏ်ယူမှု၊ ပီတိသောမနဿဖြစ်တာလည်း ရှိနိုင်တယ်။ စာပေဆုရတာမျိုး၊ နိုင်ငံနဲ့လူမျိုးရဲ့ ကောင်းကျိုးအတွက် တကယ်ဆောင်ရွက်နိုင်ခဲ့ရင် မိမိဘဝကို သိက္ခာရှိတယ်လို့

ခံယူနိုင်တာပေါ့လေ။ ပြည်သူ့အကျိုးကို ဝန်ဆောင်နိုင်တာ၊ သမိုင်းက ပေးအပ်လာတဲ့တာဝန်ကို ကျေပွန်တာ ဝမ်းသာစရာ ပေါ့။ စာရေးဆရာအများစုကတော့ စေတနာ့ ဝန်ထမ်းပဲပေးဆပ်ချင်ကြတာများပါတယ်။ ရယူ လိုမှုထက် သူတို့က ကိုယ်စွမ်းသမျှလောကကိုပေး ဆပ်ရရင် ကျေနပ်တတ်တဲ့သူပဲများပါတယ်''
''စာရေးလို့ ချမ်းသာတဲ့လူရှိလားဆရာ''
''မြန်မာပြည်မှာ ရိုက်နှိပ်တဲ့စောင်ရေ၊ ဝယ် ယူအားပေးတဲ့စောင်ရေသောင်းဂဏန်းလောက်ပဲ ရှိတာမို့ ချမ်းသြာ<ွကယ်ဝလောက်အောင် ဝင်ငွေ မများလှပါဘူး။ သာဓု၊ တင့်တယ်၊ တက္ကသိုလ် ဘုန်းနိုင်၊ မောင်သာရ၊ ဆွေလှိုင်ဦး၊ မင်းသိင်္ခ၊ ခင်နှင်းယု၊ ခင်ဆွေဦး၊ ဂျူး စသည်ဖြင့် သူ့ ခေတ်သူ့အခါက ရောင်းအကောင်းဆုံးစာရေး ဆရာတွေဟာလည်း အိမ်ဆောက်ရုံ၊ ကားဝယ်စီး ရုံလောက်ပါပဲ။ အင်္ဂလန်မှာတော့ အေဂျေကေရို လင်းဆိုတဲ့ စာရေးဆရာမဟာ ဟယ်ရီပေါ်တာ ဝတ္ထု ရှစ်အုပ်ရေးသားထုတ်ဝေတာနဲ့ သန်ြး<ွကယ် သူဌေးဖြစ်တယ်။ စောင်ရေသန်းချီရောင်းရတာ ရယ်၊ သူ့ဝတ္ထုကိုရုပ်ရှင်ရိုက်တာရောင်းရလို့ရယ်။
ဂရိတ်ဗြိတိန်ဘုရင်မကြီး အယ်လီဇဘက် ထက်တောင် သူကပိုပြီး ချမ်းသြာ<ွကယ်ဝသွားပြီ ဆိုပဲ။
''အဲသလိုမျိုးအားကျစရာတွေ မြန်မာပြည်မှာ ဖြစ်လာရင် ကောင်းမယ်နော်''
''ဟုတ်တာပေါ့''
''တချို့လည်း တစ်အုပ်တည်းနဲ့ ပေါက်သွား တာမျိုးလည်း ရှိတယ်နော်''
''ရှိတာပေါ့''
''နမူနာပြောလို့ရလား ဆရာ''
''ကမ္ဘာ့စာပေတွေထဲမှာ ရောဘတ်လူးဝစ် စတီဗင်ဆင်ဆိုတာ ရတနာသိုက်ကျွန်း Treasure Island ပထမဦးဆုံးဝတ္ထုနဲ့ ကမ္ဘာကျော်သွားခဲ့ဖူး ပါတယ်။ လေရူးသုန်သုန် Gone With the Wind ဝတ္ထုကို ရေးခဲ့တဲ့စာရေးဆရာမ မာဂရက်မစ်ချယ် ဆိုတာလည်း ဒီတစ်အုပ်တည်းနဲ့ ကမ္ဘာကျော်တာ ပဲ''
''မြန်မာပြည်မှာကော ဆရာရယ်''
''ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ် တမ်းနဲ့ အတွေးအခေါ်များ၊ မင်းဆွေရဲ့ဓား၊ ခင်ဆွေ ဦးရဲ့ တို့တိုင်းဌာနီ၊ နတ်နွယ်ရဲ့ မြန်မာပြည်မြောက် ပိုင်း၊ နိုင်ဝင်းဆွေရဲ့ မဟူရာမေတ္တာ၊ ချစ်ဦးညိုရဲ့ လင်္ကာဒီပချစ်သူ။ မြန်မာမှာတော့ တစ်ပုဒ်၊ တစ် အုပ်တည်းမကပါဘူး။ အခြားထင်ရှားတဲ့ စာအုပ် တွေလည်း ရေးသားကြပါသေးတယ်''
''ဆရာနဲ့စကားပြောရတာ ကောင်းတယ်။ ဆက်ပြီး ဆွေးနွေးလို့ရလားဆရာ''
''ဆွေးနွေးခပေးရင် ရပါတယ်''
''ဘယ်လောက်လဲဆရာ ပြောပါ''
''နောက်တာပါ။ ခင်ဗျားစာပေမှာ ဒီလောက် စိတ်ဝင်တစားရှိတာ သိရလို့ ကျွန်တော်တကယ်ပဲ ဝမ်းသာနေပါတယ်''
''ဆရာ၊ ကဗျာနဲ့စကားပြေ ဘယ်ဟာက ပို ခက်သလဲ''
''ကဗျာက စကားလုံးကို အခြေခံယူနစ်ပြု တယ်။ အနုစိတ်တယ်။ အရောင်အသွေးဖြန့်ဖြာ ထွက်တယ်။ အနက်အဓိပ္ပာယ်ကော အသံရောပါ တယ်။ စာဖတ်သူနှစ်သက်လက်ခံနိုင်အောင် သီကုံးဖွဲ့နွဲ့တတ်ဖို့ ပိုခက်ပါတယ်''
''စကားပြေက လွယ်သလား''
''လွယ်တယ် ခက်တယ် မပြောလိုပါဘူး။ စကားပြေက ကာရန်မလိုဘူး။ နဘေမလိုဘူး။ ပါပါ-မပါပါရတယ်။ စကားလုံးအပေါ်မှာ အခြေ ပြုတာထက် ဝါကျတည်ဆောက်မှု၊ သဒ္ဒါ၊ ပုဒ် ထားမှန်ကန်ညီညွတ်ဖို့က ပိုပြီးအသက်ဝင်တယ်။ သဒ္ဒါရေးထုံးမှားရင် အနက်အဓိပ္ပာယ်လွဲပြီး ထွက် မယ်။ မပေါ်လွင်ဘဲနေမယ်။ စကားပြေ သာမန် ရေးတာထက် စာဖတ်သူနှစ်သက်အောင် ဆွဲ ဆောင်ဖမ်းစားနိုင်ဖို့ကတော့ ခက်ခဲတာပါပဲ''
''စကားပြေကောင်းအောင်ဘယ်လိုရေးမလဲ''
''ကျွန်တော်တို့ရှေ့က ဆရာ့ဆရာတွေ ရေးခဲ့ ပြောထားခဲ့ပြီးသား ရှိပါတယ်။ စကားပြေကောင်း ရေးမယ်ဆိုရင် ဒီအင်္ဂါရပ်တွေ ရှိရမယ်-
၁။ ရှင်းရှင်းလင်းလင်း
၂။ မှန်မှန်ကန်ကန် (စာလုံးပေါင်းသတ်ပုံ၊ သဒ္ဒါ၊ ရေးထုံး)
၃။ ပြေပြေပြစ်ပြစ်
၎။ ထိထိရောက်ရောက် (ရည်ရွယ်ချက် ထမြောက်)
၅။ လှလှပပ (အနုပညာမြောက်လို့ ဖတ် သူမှာနှစ်သက်အားရ၊ စွဲမှတ်မိ)
ဒီအချက်တွေနဲ့ ရေးတတ်စေချင်တာပေါ့''
''ကဗျာကတော့ ဝါကျမလိုဘူးနော်''
''ဝါကျဖွဲ့ဖို့ မလိုပါဘူး။ နားအရသာလည်း ရှိစေရမယ် (သဒ္ဒလင်္ကာရ)၊ ခံစားမှုမှာ သီကုံးသူ နဲ့ဖတ်ရကြားရသူ စိတ်ချင်းနားလည်သွားစေရ မယ် (အတ္ထာလင်္ကာရ)''
''ဆရာမောင်စိန်ဝင်း (ပုတီးကုန်း) တစ်ခါက စာပေဟောပြောပွဲတစ်ခုမှာ စာရေးသူမှာ စာရေး တော့မယ်ဆိုရင် အနည်းဆုံးသုံးခုရှိရမယ်လို့ ပြော သွားခဲ့ဖူးတယ်ဆရာ''
''ပြောပါဦး။ ဘာတွေတဲ့လဲ''
''ဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း(ပုတီး ကုန်း)ပြောခဲ့တာ ကျွန်တော်မှတ်ထားမိတာလေးကို ပြန်ပြောတာပါနော်။ ဟို...''
''ရဲရဲပြောပါ။ရပါတယ်။မှတ်မိသလောက်''
''စာရေးတဲ့သူမှာ ပြည့်စုံရမယ့်သုံးချက်က-
၁။ ဝေဒနာရှိရမယ်။ သူတကယ်ခံစားရမှ ရတယ်။
၂။ စေတနာရှိရမယ်။ မျှဝေချင်တဲ့ စေ့ ဆော်မှုပါရမယ်။
၃။ အတတ်ပညာအနုပညာလည်း ပါရ မယ် လို့ဆိုတယ်''
''ကောင်းတယ်ဗျာ။ မှတ်မိတာ တော်တယ် ဗျာ''
''ကျွန်တော်လည်း ကဗျာစပ်တာဝါသနာပါ တယ်''
''ကောင်းတာပေါ့''
''ရန်ကုန်လာတက်ဖို့တော့ မလွယ်သေးပါ ဘူး''
''ဒီတစ်ပတ်မမီလည်း နောက်အပတ်စဉ် ပေါ့''
''ကြိုးစားမယ်ဆရာ၊ စာရေးဖို့ရာ စိတ်ပါ ပါတယ်''
''စာရေးတယ်ဆိုတာ ဖတ်လည်းဖတ်၊ မှတ် လည်းမှတ်၊ တွေးလည်းတွေး၊ ရေးလည်းရေး။ အကြိမ်ကြိမ်အခါခါ (အာစိန္တကံ) ထပ်ကြိမ်တွေ စုပေါင်းစုစည်းပြီး တိုးတက်အောင်လေ့ကျင့်ရတာ မျိုးပဲ''
''ဟုတ်တယ် ဆရာ။ စာပေပညာဟာ ပါရမီ ရှိမှဆိုတာ ယခင်ဘဝဘဝတွေကဟာထက် လက်ရှိလေ့ကျင့်ကြိုးပမ်းမှုတွေ၊ ဆရာတို့ပြောနေ တဲ့များများဖတ်၊ များများမှတ်၊ များများတွေး၊ များများရေး၊ ဒါတွေက ပါရမီဆိုတဲ့ ဖြည့်ကျင့်မှု လို့ ကျွန်တော်ခံယူတယ်''
''ဒါပေါ့၊ ဒါပေါ့''
''ဆရာပြောလေ့ရှိတဲ့ စာကောင်းရေးချင်ရင် စိတ်ကောင်းအရင်မွေးဆိုတာလည်း ကျွန်တော် သဘောကျတယ်။ အဲဒါလေး''
''ကျွန်တော်ပြောတာမဟုတ်ဘူးဗျ။ ဆရာ ဇော်ဂျီ (ဦးသိန်းဟန်)ရေးခဲ့တာ၊ ပြောခဲ့တာပါ။ စိတ်ကောင်းအခြေခံမှ စာကောင်းပေကောင်း ထွက်နိုင်တယ်တဲ့။ စာကောင်းရေးချင်ရင် စိတ် ကောင်းမွေးရမယ်လို့လမ်းညွှန်ခဲ့ပါတယ်။ အမျိုး သားစာဆိုဆရာကြီးဇော်ဂျီရဲ့ စာပေတွေဟာ အင်မတန်ကျေးဇူးတရားကြီးမားလှပါတယ်။''
''စေတနာကောင်းရင် ကံကောင်းတယ်။ စေတနာမြင့်မှကံမြင့်တယ်။ စိတ်ကောင်း စေတနာ ကောင်းနဲ့ရေးမှသာ စာကောင်းပေကောင်းတွေ ထွက်လာမှာပေါ့။ ဆရာ ဟုတ်တယ်နော်။''
''ဟုတ်ပါတယ်။''
''ဆရာနဲ့ပြောရတာ စကားကောင်းနေလို့ အချိန်တောင်ကုန်မှန်းမသိကုန်သွားတယ်။ အားနာ ပါတယ်။ သင်တန်းအကြောင်းမေးရင်း ကျွန်တော် ကလေရှည်မိတယ်။''
''မရှည်ပါဘူး၊ ရင်းရင်းနှီးနှီးစာကြောင်း ပေကြောင်းပြောရတာ ကျွန်တော်လည်းစိတ်ချမ်း သာတယ်။''
''ဆရာကစိတ်ပါလက်ပါရှိပုံရတော့မေးချင် ပါသေးတယ်။''
''မေးပါဗျာ''
''ကိုယ်တိုင်အလေ့အကျင့်များများရေးတာက လိုပါသလား ဆရာ၊ ဆရာကစာရေးနည်းအခြေခံ သင်တန်းတွေမှာ ပို့ချခဲ့ဖူးတယ်မဟုတ်လား။''
''စာပေနဲ့ စာနယ်ဇင်းအဖွဲ့ကစဖွင့်တဲ့အမှတ် စဉ်(၁)မှ (၆)အထိကျွန်တော်စကားပြေ၊ဆောင်းပါး ရေးနည်းကိုဆွေးနွေးခဲ့ပါတယ်။ သင်ယူသူကိုယ် တိုင်များများဖတ်၊ များများတွေး၊ များများမေး၊ များများရေး၊ ကိုယ်တိုင်လေ့ကျင့်မှသာထိရောက် ပါတယ်။''
''ဘာဖြစ်လို့လဲဆရာ''
''သင်ယူမှုမှာသုံးဆင့်ပါတယ်။ ပညာရေး လောက၊ အခြေခံ၊ အဆင့်မြင့်၊ ဆရာဆရာမများ အားလုံးသိပြီးသား''

၁။ ဗဟုသုတအကြားအမြင်ရဖို့ရယ်
(Knowledge)
၂။ သဘောထားအမြင်ရရှိစေဖို့ရယ်
(Attitude)
၃။ ကိုယ်စိတ်ဆက်စပ်တတ်မြောက်ရမယ် Psychosomatic Skill (K.A.P) သင်ယူသူ တကယ်တတ်ကျွမ်းဖို့ဆိုရင် ကြားရုံမျှ၊ မြင်ရုံမျှနဲ့ မရဘူး။ ပါဝင်လုပ်ဆောင်ရမယ်။ မိမိကိုယ်တိုင် ကိုယ်ကျလေ့ကျင့်လေလေတိုးတက်လေလေပဲ။''
''သဘောပေါက်ပါပြီဆရာ''
''သင်တန်းမှာ ဆရာဆရာမကနည်းနာလေး မျိုးနဲ့သင်လေ့ရှိပါတယ်''

၁။ ပို့= ပို့ချခြင်း Lecture
၂။ ပြ= သရုပ်ပြခြင်း Demonstration
၃။ ဆွေး= ဆွေးနွေးခြင်း Discussion
၎။ တွေ့= လက်တွေ့ရေးစေခြင်း Pratical Exercise
ဆွေးနွေးခြင်းမှာပါဝင်ပြီး မေးရ၊ တွေးရ၊ ဆွေးနွေးရပါမယ်။ လေ့ကျင့်ခန်းတွေေ ရးဖြေရပါ မယ်။ အမှတ်စဉ်(၄)လက်တွေ့များများ ရေး လေလေ တကယ်တတ်လေလေပဲ။ ရေးပြီးကျင့်မှ ကျွမ်းကျင်တယ်။''
''ရှင်းပါပြီ ဆရာ၊ ကျေးဇူးပါ''
''လိက္ခေယျ=ရေးသားရာ၏တဲ့''