images
UN
UN
မုန်တိုင်းငယ်အခြေအနေနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီမှ အသိပေးထား
အင်းသားကြီး Saturday, 22 October 2016

ရန်ကုန် အောက်တိုဘာ ၂၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တိုင်းဒေသကြီး နှင့် ပြည်နယ်ကဥက္ကဋ္ဌနှင့် အတွင်း ရေးမှူးများကိုလိပ်မူ၍ မုန်တိုင်း ငယ်နှင့်ပတ်သက်၍ ယနေ့ရက်စွဲ ဖြင့် အသိပေးအကြောင်းကြားထား သည်။
ဘင်္ဂလားပင်လယ်အော်အရှေ့ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်း ငယ်သည် အရှေ့၊ အရှေ့မြောက် ဘက်သို့ အနည်းငယ်ရွေ့လျားနေ ပြီး နောက် ၄၈နာရီအတွင်း ဆိုင်က လုန်းမုန်တိုင်းအဖြစ် အားကောင်း လာနိုင်ပြီးမြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေ၍ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားကြောင်း မိုးလေ ဝသနှင့် ညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ခန့်မှန်းချက်အရ သတိပေး ထုတ်ပြန်ထားသည်။
ယင်းမုန်တိုင်းငယ်၏အရှိန် ကြောင့် အောက်တိုဘာ ၂၃ရက်မှ ၂၅ရက်အတွင်း ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့ အပြား မိုးထစ်ချုန်းရွာပြီး နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း၊ မုန် တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်း ပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ် ခါတစ်ရံ မိုးသက်လေပြင်းကျ ရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း နှင့် မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီ ၃၅မိုင်အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားသည်။
အဆိုပါဆိုင်ကလုန်းမုန်တိုင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာတိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသခံပြည်သူများအား ကြိုတင် အသိပေးထားရန်နှင့် ကြိုတင် ကာကွယ်မှုများပြုလုပ်ထားရှိရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီက အသိပေးနှိုးဆော်ထား သည်။