images
UN
UN
ယနေ့မြန်မာအမျိုးသားအမျိုးသမီးများ၏ ဆံကေသာ
မောင်သန်းဆွေ(ထားဝယ်) Sunday, 23 October 2016
ယနေ့မြန်မာအမျိုးသား အမျိုးသမီး များ၏ ဆံကေသာမှာ နီကြင်ကြင်၊ ဝါတာ တာနှင့် ကျက်သရေကင်းမဲ့လှသော ကြောင့် ဤဆောင်းပါးကို ရေးလိုက်ရ ခြင်းဖြစ်ပါသည်။
နဂိုက ပိတုန်းရောင်မှောင်၍ မည်း နက်နေသော ဆံပင်အရောင်ကို ယခုအခါ အနီရောင်၊ အဝါရောင်ဆိုးနေကြသည်။ မြန်မာ့ကိုယ်နှင့် အနောက်တိုင်းခေါင်း ကဲ့သို့ ဖြစ်နေပါတော့သည်။ အမျိုးသား ငယ်များမှာ ဆံပင်အရောင်ဆိုးသည် သာမက ထိပ်၌ လက်သန်းလုံးခန့်ရှိ ဆံပင်တစ်စုကို စည်းထားလိုက်သေး သည်။ အနောက်တိုင်းဟန်ဟုပင် ထင်ပါ သည်။ အမျိုးသမီးများကို ကြည့်လိုက် လျှင်လည်း မြီးကောင်ပေါက်အရွယ်များ က ဆံတိုကုပ်ဝဲနှင့် တစ်ခေါင်းလုံးဆေး ရောင်ဆိုးထားပြီး အသက် ၄ဝ နားနီး နေသူများကမူ ခေါင်းထိပ်အမောက်နေရာ တွင် ဆံပင်အရောင်ဆိုးနေကြသည်။ ကြည့်ရဆိုးလှ၏။
ယခု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲ (၂၂) ကြိမ်မြောက်ကို ကျင်းပနေပါသည်။ လွန် ခဲ့သည့် (၂၁) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲသို့ စာရေးသူ ဝတ္တရား အရသွားရောက်ရသည်။ အမျိုးသမီး အဆိုပြိုင်ပွဲသို့ သွားရောက်ခဲ့သည်။ ပဲခူး တိုင်းဒေသကြီးမှ အဆိုပြိုင်နေသော အမျိုးသမီး ကလေးမှာ အသံရော ဆိုပုံ၊ ဆိုပေါက်ပါဘာမျှပြောစရာမရှိပါ။ မြန်မာ ဆန်ဆန်ဝတ်စားဆင်ယင်ထားသည်။ သို့ သော် ခေါင်းကဆံပင်မှာ အဝါရောင်ဆိုး ထား၏။ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန် ရှိသောညွှန်ကြားရေးမှူးချုပ်က စာရေးသူ ၏အနီးတွင် ထိုင်နေရာမှ-
''အဘ၊ ဒီအမျိုးသမီးလေးကို၊ အမှတ်လျှော့လိုက်မှ ထင်တယ်''ဟုပြော သည်။ စာရေးသူက -
''ဘာဖြစ်လို့လဲ''
''ဆံပင်ဆိုးထားလို့''
''သွားမလုပ်နဲ့၊ ခင်ဗျား ဒိုင်လူကြီး တွေကိုကြည့်လိုက်စမ်း''ဟု ပြောပြီး အသက် ၄ဝ ကျော်နေပြီဖြစ်သော အမျိုး သမီးအဆိုကျော် ဒိုင်လူကြီးနှစ်ယောက် ကို ပြလိုက်ရသည်။ ထိုအမျိုးသမီးအဆို ကျော် ဒိုင်လူကြီးနှစ်ယောက် ခေါင်းထိပ် အမောက်များမှာ အဝါရောင်ဆိုးထားကြ သည်။ ညွှန်ကြားရေးမှူးချုပ်ကြီးလည်း ဘာမျှမပြောတော့ပါ။
ကံအားလျော်စွာ ပဲခူတိုင်းမှ အဆို ပြိုင်သည့်အမျိုးသမီးကလေးမှာ ပထမရ သွားသည်။ အကယ်၍ ညွှန်ကြားရေးမှူး ချုပ်ကြီးကသာ အမှတ်လျှော့ခိုင်းလိုက် လျှင် ပထမရတော့မည်ဟုတ်ပါ။ ယခု (၂၂) ကြိမ်မြောက် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲဝင်သူများ မြန်မာဆန်ဆန်ယဉ်ကျေး စွာ ဝတ်စားဆင်ယင်ရမည့်အပြင် ဆံပင် များကိုလည်း အရောင်မဆိုးရဟူသော စည်းကမ်းကို ထည့်ထားသင့်ပါသည်။
အမျိုးသမီးများ၏ ဆံကေသာအလှ သည် လှိုပ်ထိပ်ခေါင်တင် ရေးသကဲ့သို့-
'မွှေးလို့ရယ် လှိုင်၊ အုပ်လုံးစံပယ် ကြိုင်ကဲ့၊ မြကေခိုင် မင်ရည်လဲ့ကို' ဆိုသည့်အတိုင်း မြရောင်၊ ပိတုန်းရောင်၊ မှောင်၍ မည်းနက်နေရမည်ဟူ၍လည်း ဆိုပါသည်။ ဆံကေသာ နီကြန့်ကြန့်ဖြစ် နေ၍ မရပါ။ ယခုအခါ အမျိုးသမီးများ ရော အမျိုးသားများပါ ဆံပင်ကိုအနီရောင် ဆိုးနေကြသည့်ခေတ်ဖြစ်သည်။ အနောက် တိုင်းသူတိုင်းသားများသူတို့၏ သဘာဝ အတိုင်း ဆံပင်နီနေသည်ကို လိုက်၍ မတုသင့်ကြပါ။ သူတို့၏ သဘာဝက ဆံပင်နီနေ၍ အနက်ရောင်ပင် ဆိုးနေရ သည်။ စာရေးသူတို့နှင့် ပြောင်းပြန်ဖြစ်နေ သည်။ ဆံပင်အရောင်ဆိုးခြင်းနှင့်ပတ် သက်၍ စာရေးသူ၏ ဆံပင်ညှပ်ဆရာ ပြောပြသည်ကို ကြားရဖူးသည်။ အချို့ ဆံပင်ဆိုးသူများသည် (အထူးသဖြင့် သင်္ကြန်နီးလျှင်) အမျိုးကောင်းအဖိုးတန် ဆံပင်ဆိုးဆေးများဖြင့် မဆိုးနိုင်၍ အပေါ စားဆံပင်ဆိုးဆေးဖြင့် အရောင်ဆိုးလေရာ အဆိပ်ဖြစ်ပြီး တစ်ခေါင်းလုံးပုပ်လာ၍ ခေါင်းတုံးတုံးလိုက်ရသည့်ဘဝသို့ ရောက် ရကြောင်း၊ အမျိုးသမီးလေးတစ်ဦးမှာ ခေါင်းတုံးတုံး၍ပင် မပျောက်ဘဲ ခေါင်း အရေပြားရောဂါဖြစ်သွားတော့ကြောင်း ဟူ၍ ဖြစ်ပါသည်။ သေသေချာချာတွေး ကြည့်လျှင် အလွန်ပင်အန္တရာယ်များ ပါသည်။
တစ်နေ့က၊ နေပြည်တော်မှ မိတ် ဆွေတစ်ဦးနှင့်တွေ့ရာ၊ သူက-
''ခုခေတ်၊ ဗီဒီယိုကားတွေကြည့်ရ တာ၊ သဘာဝမကျဘူးဗျာ''
''ဘာဖြစ်လို့လဲ''
''မင်းသားရော မင်းသမီးကပါ ဆံ ပင်တွေ အရောင်ဆိုးထားကြတယ်။ ဒီတော့ ဇာတ်လမ်းထဲမှာ တောသူ တောင်သား လုပ်ကြတဲ့အခါ ဆံပင် အရောင်တွေက နီတီတီ ဝါတာတာ၊ ဖြစ်နေရော''
''အဲဒါ...ခင်ဗျား ခုခေတ်ကျေးရွာ တွေကို မရောက်ဖူးလို့ပြောတာ၊ ခု ခေတ်ကျေးရွာတွေမှာ အမျိုးသား အမျိုးသမီးတွေလည်း ဆံပင်အရောင် ဆိုးထားကြတယ်''ဟု ပြောလိုက်ရ သည်။
''ဟုတ်လား''ဟုသူကပြောပါသည်။
တလောကစာရေးသူ ကြည့်ရသော ဗီဒီယိုဇာတ်ကားတစ်ကားတွင် မင်းသား အောင်ရဲလင်းက ဆံပင်ကို ဝါဖျော့ဖျော့ အရောင်လေးဆိုးထားသည်။ မင်းသမီး ချစ်သုဝေ ခေါင်းမှာလည်း ဆံပင်ကို နီတီတီအရောင်ဆိုးထားသည်။ အောင် ရဲလင်းကလည်း အသားဖြူသည်။ ချစ်သုဝေကလည်းအသားဖြူ၍ကုလားမ ရုပ်နှင့်ဖြစ်ရာ၊ ခေတ်ကားဖြစ်၍ နှစ် ယောက်လုံးကလည်း ဘောင်းဘီတွေ ဂါဝန်တွေနဲ့ဖြစ်သောကြောင့် နိုင်ငံခြား ဇာတ်လိုက်နှစ်ယောက် မြန်မာကား ရိုက် နေသကဲ့သို့ဖြစ်နေပါသည်။
ယနေ့တောသူ တောင်သားများ ဆံပင်အရောင်လိုက်ဆိုးကြသည်မှာလည်း မြန်မာဗီဒီယိုကားများမှ မင်းသားမင်း သမီးများကိုလိုက်၍ တုပသောကြောင့် ဟု ထင်ပါသည်။ ပို၍ ဆိုးသည်မှာ ဇာတ်သဘင် ဖျော်ဖြေခန်းများသည် ဇာတ်မင်းသမီး ဆံထုံးနှင့် ဆံမြိတ်က အတုဖြစ်၍ အနက်ရောင်ဖြစ်နေပြီး၊ မင်း သမီးခေါင်းက အဝါရောင်၊ အနီရောင် ဖြစ်နေခြင်းပင်ဖြစ်ပါသည်။
မော်တော်ကားဖြင့် ရန်ကုန်မြို့ထဲတွင် သွားသောအခါ လမ်းဘေး ဝဲယာမှ အမျိုး သား အမျိုးသမီးများကို ကြည့်မိသည်။ ၁ဝယောက်တွင် ခုနစ်ယောက်လောက်က ဆံပင်အရောင်ဆိုးထားသူများဖြစ်နေသည်။ အမျိုးသားလေးများက ဆံပင်အရောင်ဆိုး သည့်အပြင် ခေါင်းတွင်ဆံပင်အစည်း လေးနှင့်ဖြစ်ပြီး၊ နားတွင် နားကပ်တစ် ဖက်ဝတ်ထားလိုက်သေးသည်။ နားထဲ ၌လည်း နားကြပ်တပ်ထားသည်။ လမ်း သွားရင်းသီချင်းနားထောင်သည်ဟု ထင် ရပါသည်။ (အထူးမှာ အမျိုးသားအသက် ကြီးသူအားလုံးတို့သည် ဆံပင်အရောင် မဆိုးထားပါ) အမျိုးသမီးများကမူ ကြီး ကြီးငယ်ငယ် ဆံပင်ကိုရက်စွဲနှင့် ဆံပင် အရောင်ဆိုးထားကြသည်။ ထို့အပြင် လမ်းဘေးလမ်းလျှောက်နေရင်း နားတွင် လက်ကိုင်ဖုန်းကို ကပ်ထားလိုက်သေး သည်။ စကားပြောနေဟန်မတူပါ။ လက် ကိုင်ဖုန်းရှိကြောင့်ြ<ွကားချင်၍ဟု ထင် သည်။ အကယ်၍ စကားပြောနေလျှင် လည်း လမ်းသွားရင်းပင် အဆက်မပြတ် စကားပြောနေရလောက်အောင် အလုပ် များသည်လား၊ ပိုဆိုးသည်က လမ်းဖြတ် ကူးရင်း လက်ကိုင်ဖုန်းနှင့် စကားပြော သွားခြင်းပင်ဖြစ်သည်။
တလောက ပန်းဆိုးတန်းနှင့် အနော် ရထာလမ်းမီးပွိုင့်တွင် ကားများက ရပ် စောင့်နေရသည်။ အသက် ၄ဝ ကျော်ခန့် ခပ်ဝဝ အသားမည်းမည်း မြန်မာအမျိုး သမီးတစ်ဦးက တစ်ခေါင်းလုံးဆံတိုနှင့် ဆံပင်အနီရောင်ဆိုးထားပြီး ဘောင်းဘီတို ကလေးဖြင့် ဒေါင့်ဖိနပ်အမြင့်ကြီးစီး၍ လက်ကိုင်ဖုန်းနားအနီးကပ်ကာ ဖြည်း ဖြည်းချင်း လမ်းဖြတ်ကူးနေသည်။ လူ သားချင်းစာနာရ၍၊ မကောင်းတတ်၍သာ ကားများက သူ့ကိုရှောင်သွားကြရသည်။ အားလုံးက တိုက်သွားချင်ပုံရသည်။ ကျွန်တော်လည်းထို့နည်းနှင်နှင်ပင်ဖြစ်၏။
စာရေးသူသည် နိုင်ငံတကာသို့ ရောက်ဖူးပါသည်။ အနောက်တိုင်းကို မဆိုလို အရှေ့တိုင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက် နမ်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင် နိုင်ငံများတွင် အမျိုးသား အမျိုးသမီးများ သည် စာရေးသူတို့ မြန်မာအမျိုးသား အမျိုးသမီးများလောက် ဆံပင်အရောင် ဆိုးမထားကြချေ။ ရှိတော့ရှိသည်။ အနည်းအကျဉ်းမျှသာ တွေ့ရသည်။ စာရေးသူတို့ မြန်မာအမျိုးသား အမျိုး သမီးများအနေဖြင့် နိုင်ငံတကာနှင့် စာ လျှင် တဆိတ်လွန်ကဲလွန်းနေသည်ဟု ထင်မိပါသည်။
အထူးသဖြင့် မြန်မာအမျိုးသမီးလေး များ၏ ဆံကေသာအလှကို အနာဂတ် အတွက် ရင်လေးမိသည်။ ခေတ်အလိုက် ဟူ၍ ဆင်ခြေပေးရုံဖြင့် မလုံလောက်ပါ။ ခေတ်အခြေအနေအရ ဂလိုဘယ်လိုက် ဇေးရှင်းဆိုသည့် ကမ္ဘာရွာဖြစ်နေသဖြင့် ကမ္ဘာနှင့်ရင်ပေါင်တန်းကာ အင်တာနေ ရှင်နယ်ဒီဇိုင်းနောက်သို့ လိုက်ရတော့ မည်လား။ ကိုယ့်လူမျိုးမှာ ကိုယ့်ယဉ် ကျေးမှုနှင့်ကိုယ် သူများနှင့်မတူသည့် သင်္ကေတ မရှိသင့်ဘူးလား စသည့် မေးခွန်းများကိုသာ ကိုယ့်ဘာသာကိုယ် မေးနေမိပါသည်။