images
UN
UN
ဆရာတပည့်ကျင့်ဝတ်ငါးဖြာ စောင့်ထိန်းပါ
ကပ္ပတိန်သာစိန် Wednesday, 26 October 2016

လိုက်နာအပ်သော အကြောင်းအရာ အမူအကျင့်သည်နီတိဖြစ်ပေသည်။ မလုပ် မနေရ လိုက်နာရမည့်စည်းကမ်း မဟုတ် ပေ။ လူ့အသိုင်းအဝိုင်းတွင် အများက သဘောတူလိုက်နာကြသော ဓလေ့ထုံးစံ စည်းမျဉ်းများ (Customarry Law) သာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ ထိုဓလေ့ များကို ရှေးယခင်ကပင် ခေတ်သဘော အလျောက်လိုက်ခဲ့ကြသည့် နီတိများရှိ ကြသည်။ ပြည်သူအများက လိုက်နာကြ ၍ ပြည်သူ့နီတိဟု ဆိုကြသည်။ နီတိများ အနက် သိင်္ဂါလောဝါဒသုတ်ပါ ကျင့်ဝတ် များတွင် တချို့ကို ဖော်ပြရပါသည်။
ဆရာကျင့်ဝတ်ငါးပါး
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့၊ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ။
မိဘဆရာဟုဆိုသည့်အတိုင်း ဆရာ သည် တပည့်တို့အတွက် မိဘတစ်ဦး လည်းဖြစ်သည်။ တပည့်တို့၏ Óဏ်ရည် Óဏ်စ အမူအကျင့်ကိုကြည့်၍ ပန်းပုထု သကဲ့သို့ ပုံလောင်းပေးရသူလည်းဖြစ် သည်။ စေတနာရှိသော ဆရာသည် တပည့်များကို သားသမီးကဲ့သို့ ချစ်ကြ သည်။ ထို့ကြောင့် ဆရာတို့သည် တပည့် များကို -
(၁) အတတ်ပညာကို သင်ပေးသည်၊
(၂) ပညာသင်ပေးရင်း တပည့်တို့ကို အမူအကျင့်၊ နေမှုထိုင်မှုမှ စ၍ လမ်းမှန်ကို ပြသဆုံးမပေးသည်၊
(၃) မိမိသင်ပေးရမည့် ပညာပိုင်းကို ဆရာစားမချန် အကုန်အစင် သင် ပေးရသည်။
(၄) တစ်ခါတစ်ရံ တပည့်တို့ထံ ကျ ရောက်လာနိုင်သည့်၊ ဖြစ်လာနိုင် သည့် အန္တရာယ်များ၊ ဘေးရန်များ မကျရောက်စေရန် သတိပေးဆုံးမ သည်။ ဘေးအန္တရာယ်ဆုံလျှင် လည်း တားဆီးကာကွယ်ပေးတတ် ကြသည်။
(၅) အောင်မြင်နေသော တပည့်ကို အရည်အသွေးကိုလိုက်၍ လည်း ကောင်း၊ မထက်မြက်သော တပည့် တို့၏ အနေအထားကို လိုက်၍ လည်းကောင်း ဆက်လက် လုပ် ဆောင်ကြရမည်။ဘဝလမ်းကြောင်း၊ အလုပ်အကိုင်ပညာသင်ကြားရေး ကို တစ်ဖက်မှ ကူညီပံ့ပိုးပေးတတ် ကြသည်။
ရှေးခေတ်ကမူ ကျောင်းသားအရည် အသွေးလိုက်၍ ဆက်လက်ပညာဆည်း ပူးရန် သင့်လျော်သော ဆရာများသို့ လက်ပြောင်းလက်လွှဲ ကူညီကြသည်။ ဤကား ဆရာတို့လုပ်ဆောင်ကြရမည့် ကျင့်ဝတ်များကို နိတိဟုဆိုထားကြပါ သည်။
တပည့်ဝတ်ငါးပါး
ဤသို့ဆရာတို့ဘက်က စေတနာ ထား တာဝန်ကိုယ်စီထား၍ သင်ပေး သလို တပည့်များဘက်ကလည်း လိုက် နာကြရမည့် နိတိများငါးချက်ရှိသည်။
ညီညာထြ<ွက၊ ဆုံးမနာယူ
လာမူကြိုဆီး၊ ထံနီးလုပ်ကျွေး
သင်တွေးအံရွတ်၊ တပည့်ဝတ်
မချွတ်ငါးခုသာ။
တပည့်ဝတ်ငါးပါးတို့ ဖြစ်ကြသည်။
(၁) အတန်းထဲတွင် မိမိနှင့်အတူ စာ သင်သူများ၊ ကျောင်းသားများ ချစ်ချစ်ခင်ခင် ထထြ<ွကြ<ွက စိတ်နေ စိတ်ထား ဆရာအပေါ်တစ်သဘော တည်းရှိရမည်။ တစ်ယောက် တစ် ပေါက် ကွဲပြားသော စိတ်ကို ဆရာထံ မထားရ။
(၂) ထိုသို့သော ညီညာသောစိတ်ဖြင့် ဆရာသင်ပေးသည့်စာများ၊ ဆုံးမ ပဲ့ပြင်သွန်သင်ခြင်းများကို နာယူ လက်ခံကြရမည်။
(၃) ဆရာတို့ ကျောင်းသို့ စာသင်ရန် လာသောအခါဖြစ်စေ၊ တစ်နေရာ၌ မထင်မှတ်ဘဲ တွေ့ဆုံသောအခါ ဖြစ်စေ ချိုသာသော နှုတ်ဆက် စကားဖြင့် ကြိုဆိုခြင်း၊ ပြောဆိုခြင်း များပြုရမည်။
(၄) ရှေးအခါက နယ်ရွာများ၌ ဆရာ တပည့်တို့သည် တစ်ရွာတည်းနေ ကြသည်များ၏။ ထိုအခါ အပန်း မကြီးလျှင် မိဘကိုပြုစုသကဲ့သို့ ဝေယျာဝစ္စ၊ ဆရာတို့၏ကိစ္စများကို အလုပ်အကျွေးပြု ကူညီကြရမည် ဖြစ်ပေသည်။

(၅) နောက်ဆုံးတွင် ကျောင်း၌လည်း ကောင်း၊ အိမ်၌လည်းကောင်း၊ သွားလာရာစကားပြောရာ၌ လည်း ကောင်း၊ ဆရာတို့သင်ပေးသော ပညာရပ်များကို အာရုံစိုက်၍ မှတ်လျက် သင်ကြားကြရမည်မှာ တပည့်တို့၏ တာဝန်ဖြစ်သည်ဟု ညွှန်ပြပါသည်။
တပည့်တို့ အဓိကတာဝန်လိုရင်းကား ဆရာကို မိဘများကဲ့သို့ ချစ်ခင်၍ သင် ပေးသောပညာကို ဂရုစိုက်ကျက်မှတ်ကြ ရမည်ဟု ဆိုလိုပါသည်။ ယခုခေတ်သို့ မတိုင်မီ ရှေးအခါကလည်း ဤကိစ္စကို အလေးထား၍ ပညာရှင်များက ဆုံးမခဲ့ ပါသည်။ ကန်တော်မင်ဆရာတော်၏ လောကသာရပျို့ ကောင်းကျိုးကိုယ်၌ တည်စေမင်းကဗျာတွင်
'မိဘဆရာ စကားနာ၍ ကျမ်းစာသိ မြင် တတ်အောင်သင်လော့'ဟု ဆိုခဲ့ပါ သည်။ ထို့အပြင်'ထုံးတီးနည်းနာ၊ အဖြာ ဖြာ၌ ပညာရှာမှီး မကြီးသက်ရွယ် မငယ် သော်က ကြိုးလုံ့လလျက် တုပ်ကွပုဆစ်၊ ဆရာစစ်၌ ကြောက်ချစ်ရိုသေ လုပ်ကျွေး တွေဖြင့် စာပေတတ်ကြောင်း အချောင်း ချောင်းလျှင် ကြိမ်းမောင်းသည်းခံ ဆရာ ထံ၌ သင်အံ့ကျက်လော့၊ တစ်နေ့တစ်ပါး မှတ်သားစေလေ ဝမ်းထဲခွေ၍ အထွေ အထူးဂုဏ်ကျေးဇူးကို ဆည်းပူးသိမြင်ြ<ွကယ်စေမင်း'ဟု တပည့်တို့လိုက်နာရ မည်ကိုဆုံးမခဲ့ပါသည်။ တချို့သောဆရာ သမားတို့၏ဆုံးမရာ၌ ကြမ်းတမ်းခြင်း၊ ရိုက်ပုတ်ခြင်းများရှိကြရာ၌ ထိုဆရာ တို့အပေါ် စိတ်မကွက်ဘဲ သည်းခံကြရန် လည်း လောကသာရပျို့
'လူကြီးမိဘ၊ ဆရာစသော စိုးရ သခင်၊ ကျေးဇူးရှင်တို့၊ ပြစ်တင်မောင်းမဲ၊ ရိုက်ပုတ်ဆဲလည်း၊ ဝမ်းထဲယုံ့ယုံ၊ ယုန် လျှင်ကြုံသည့်၊ ဆိုတုံ့မဝံ့၊ စောင်မာန်ညံ့ ၍ ကြောက်ရွံ့ရိုသေ သည်းခံတွေဖြင့်၊ ကောင်းသောနှလုံးယဉ်စေမင်း'
ဟု ဆရာမိဘအပေါ် သည်းခံရန် ဆုံးမခဲ့ပါသည်။
ဤသည်တို့ကား ဆရာတို့လိုက်နာရ မည့်ကျင့်ဝတ်နှင့် တပည့်တို့လိုက်နာရ မည့်ကျင့်ဝတ်များ ဖြစ်ကြပါသည်။ ဤ ကျင့်ဝတ်တို့ကား ရှေးခေတ်နှစ်ပေါင်း ၈ဝ ကျော်ခန့်က အဆုံးအမများဖြစ်ကြသည်။ ယခုခေတ်နှင့်ကား အနည်းငယ်ကွာခြား ကောင်း ကွာခြားမည်ထင်ပါ၏။ များ သောအားဖြင့် ရာခိုင်နှုန်း ၉ဝ သော ဆရာတို့သည် ဆရာဂုဏ်ရည်နှင့်ပြည့်စုံ ကြပါ၏။ ပီတိကိုစား အားရှိသူများဖြစ် ကြ၏။ သို့သော် ရန်ကုန်မြို့ရှိ တချို့သော ဆရာ ဆရာမများကား ထိုဂုဏ်ရည်နှင့် မပြည့်စုံကြပေ။ သူ့ထံ ကျူရှင်မတက် လျှင် ဆက်ဆံရေးက တစ်မျိုးဆက်ဆံနေ ကြသည်ဟု ကြားနေရ၏။ တပည့်အချင်း ချင်း မျက်နှာသာပေးစနစ်ကို ကျင့်သုံး ပြီး သွားရေး လာရေးအတွက် တပည့် တို့ထံမှ အလှည့်ကျကားတောင်းသုံးကြ ၏။ စားရေးသောက်ရေးအတွက် နောက် နေ့တွင် ဘာချက်လာပါ၊ ညာချက်လာ ပါဟု တပည့်များကို အလှည့်ကျစီမံ၏။ ဆရာမ မျက်နှာသာလိုသော တပည့်များ ကလည်း မိဘကို တစ်ဆင့်ပူဆာရပြန် ၏။ ငွေရေးကြေးရေးနှင့်ပတ်သက်၍ လည်း ငွေကောက်ခံခြင်း၊ အလှူငွေ ကောက်ခံခြင်းများ စသော အပုပ်နံ့များ ကိုလည်း ကြားနေရ၏။ ဆွမ်းဆန်ထဲြ<ွကက်ချေး ရွေးထုတ်ပစ်သလို ဆရာ လောကကို ညစ်ညမ်းစေသောဆရာများ ကို ဆရာလောကမှ လက်မခံသင့်ဟု အမှာစကားဆိုချင်၏။ ထို့အတူ တပည့် လောက၌လည်း ရှေးခေတ်နှင့်မတူပါ။ မတူကွဲပြားမှုများရှိပါလိမ့်မည်။ မူးယစ် ဆေးသုံးစွဲသူများ၊ ငွေဂုဏ်၊ ဓနဂုဏ် မောက်၍ ဆရာကို မထီမဲ့မြင် မလေး မစားပြုလုပ်သူ အများအပြားရှိပါလိမ့် မည်။ မည်သို့ဆိုစေ ဆရာစိတ်ဓာတ်၊ ဆရာတာဝန်ဖြင့် တပည့်တို့ကောင်း အောင် လုပ်ကြရမည်မှာ ဆရာတို့၏ တာဝန်သာဖြစ်ပါသည်။ မိဘဆရာ စကားနာယူ၍ ကျမ်းစာသိမြင်တတ် အောင်သင်ကြားရမည်မှာလည်း တပည့် ကောင်းတို့၏တာဝန်ဖြစ်ကြောင်းစေတနာ ကောင်းဖြင့် ရေးသားရပါသည်။