images
UN
UN
ထန်းကိုင်းရေနံမြေဧရိယာသတ်မှတ်ရေး ဒေသခံတောင်သူများအား လယ်ယာမြေလျော်ကြေးပေးအပ်
ကျော်ဇေယျ(မကွေး) Wednesday, 26 October 2016

မင်းလှ အောက်တိုဘာ ၂၆
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်း ထန်းကိုင်းရေနံမြေမှ ထန်းကိုင်းရေနံမြေဧရိယာအဖြစ် ဆောင်ရွက်မည့် တောင်သူခြောက် ဦး၏ ယာမြေဧရိယာ ၁၂ ဒသမ ၄၈ ဧကအတွက် ယာမြေလျော် ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက မင်းလှ မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး ၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်း အနားတွင် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်နှင့် မြို့နယ်အုပ်ချုပ်ရေး မှူး ဦးသိန်းဇော်တို့က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး ထန်းကိုင်း ရေနံမြေ အထွေထွေမန်နေဂျာ ဦးမျိုးဇော်ထွန်းမှ ၁၂ ဒသမ ၄၈ ဧက အတွက် ယာမြေလျော်ကြေး တစ်ဧကလျှင် ကျပ်၂၅သိန်း၊ သီးနှံ လျော်ကြေးတစ်နှစ်လျှင် ကျပ်ခုနစ် သိန်းနှုန်းဖြင့် သုံးနှစ်စာအတွက် ကျပ်၂၁သိန်း စုစုပေါင်းယာမြေနှင့် သီးနှံလျော်ကြေး တစ်ဧကလျှင် ကျပ်၄၆သိန်းဖြင့် ၁၂ ဒသမ ၄၈ ဧကအတွက် ယာမြေသီးနှံလျော် ကြေးငွေကျပ် ၅၇၄ ဒသမ ဝ၈ သိန်းတို့ကို တောင်သူများထံ ပေး အပ်ခဲ့ပြီး ငွေပေးချေမှုကို ရှင်း လင်းပြောကြားခဲ့သည်။ အခမ်း အနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး (၂) လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ် ရေးမှူး ဦသိန်းဇော်၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ခေတ္တရဲမှူးထင်လင်း အောင်၊ထန်းကိုင်းရေနံမြေ အထွေ ထွေမန်နေဂျာ ဦးမျိုးဇော်ထွန်းနှင့် အဖွဲ့၊ မြို့နယ်စည်ပင်ကော်မတီ အဖွဲ့ဝင်များ၊ ထန်းကိုင်းကျေးရွာမှ လျော်ကြေးငွေလက်ခံတောင်သူ ခြောက်ဦး စုစုပေါင်းအင်အား ၆၅ ဦးတက်ရောက်ခဲ့ကြသည်။