images
UN
UN
စက်မှုလယ်ယာဝန်ဆောင် မှုလုပ်ငန်း ရှေ့တန်းထွန်စက်စခန်း ဖွင့်
ကျော်ဌေး(ညောင်ဦး) Thursday, 27 October 2016

ညောင်ဦး အောက်တိုဘာ ၂၇
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ရွာသာအုပ်စု ရွာသာကျေးရွာ ဘုန်းတော်ကြီး ကျောင်းအနီး ပလပ်မြေပေါ်တွင် ယမန်နေ့ နံနက် ၉နာရီခွဲ၌ ခရိုင် စက်မှုလယ်ယာဦးစီးဌာန အမှတ် (၉၉)ထွန်စက် စခန်းတာဝန်ရှိသူ များက တောင်သူလယ်သမားများ အလွယ်တကူထွန်ယက်နိုင်ရန် ဝန် ဆောင်မှုလုပ်ငန်း ရှေ့တန်းထွန် စက်စခန်းခွဲဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်မှုလယ်ယာဝန် ဆောင်မှုလုပ်ငန်း ရှေ့တန်းထွန်စက် စခန်းခွဲကိုအပြင် ပုဂ္ဂလိကထွန်စက် များနှင့်နှိုင်းယှဉ်လျှင် တောင်သူ များထွန်ယက်ခ ဈေးနှုန်းချိုသာရန် နှင့် ညောင်ဦးမြို့ရှိ ခရိုင်စက်မှု လယ်ယာအမှတ်(၉၉) ထွန်စက် စခန်းနှင့်ဝေးလံသည့်အတွက်ကြောင့် လည်းကောင်း၊ တောင်သူထွန် ယက်စိုက်ပျိုးချိန်အချိန်မီ ဆောင် ရွက်နိုင်ရန်လည်းကောင်း ရည်ရွယ် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း တက် ရောက်လာသော တောင်သူများ အားညောင်ဦးခရိုင်စက်မှုလယ်ယာ ဦးစီးမှူးဦးကျော်ခင်ကပြောသည်။
ဆက်လက်၍ လယ်ထွန်စက် (၁၆)သွားနှင့်ထွန်ယက်လျှင် တစ် ဧကကျပ် ၆၅ဝဝ နှုန်း ခုနစ်သွား ထွန်နှင့်တစ်ဧကထွန်ယက်ပြီးလျှင် ကျပ် ၁၃ဝဝဝ နှုန်းစိုက်ပျိုးခင်းမြေ မညီ၍မြေညှိလိုလျှင် တစ်နာရီ မြေညှိခကျပ်၁၃ဝဝဝနှုန်းသာပေး ရမည်ဖြစ်ပြီး တောင်သူများစိတ် တိုင်းကျထွန်ယက်ပေးမည်ဖြစ် ကြောင်း ညောင်ဦးမြို့နယ်စက်မှု လယ်ယာဦးစီးဌာနမှူး ဦးကျော် ထင်က ရှင်းလင်းပြောသည်။
''ကျွန်တော်တို့ အခုအချိန် တောင်သူတွေမှာ ကြက်သွန်နဲ့ မတ် ပဲစိုက်ပျိုးတော့မယ့် အချိန်ဖြစ်ပါ တယ်။ မတ်ပဲစိုက်မယ့်ယာခင်း များကိုလည်း ထွန်ယက်ကြမှာပါ။ အခုလိုအချိန်မှာ မြေညှိစက်ကိုပဲ အများဆုံးသုံးပါတယ်။ မြေညှိ စက်ကို ကြက်သွန်နီစိုက်မယ့် ယာ ခင်းထဲမှာ ရေအစိုအခြောက် မြေ ကြီးအစိုအခြောက်ချိန်ပြီး အပေါ်ယံ သောင်သဲများကို အချိန်ကြာကြာ တွန်းဖယ်ညှိကြပါတယ်။ အခု ဒီ ဒေသမှာ ၁၆ သွားနှင့်ခုနစ်သွား ထွန်ခုံကိုတော့ ဆောင်းထွန်ရေး အဖြစ် မိုးကောင်းကြိုက်ယာမြေ တွေကိုထွန်ကြတော့မှာပါ။ဒီလိုလာ ရောက်ထွန်ယက်ပေးတော့ ဒီဘက် နယ်က တောင်သူတွေ အလွယ် တကူနှင့် ဈေးနှုန်းချိုသာစွာအသုံးချ ရတာပေါ့။ စိုက်ခင်းထဲ ငွေအရင်း အနှီးအဝင်နည်းတာပေါ့။ ပုဂ္ဂလိက ထွန်စက်ထွန်ခနှင့် နှိုင်းယှဉ်လျှင် အခုလို ဈေးနှုန်းချိုသာစွာနှင့် တောင်သူတွေဆီ အရောက်လာပို့ ပေးတဲ့အတွက်လည်း အထူးကျေး ဇူးတင်ရှိပါတယ်''ဟု ညောင်လှ ကျေးရွာသား ကြက်သွန်နီစိုက် တောင်သူ ဦးအောင်ကျော်မြင့်က ပြောသည်။