images
UN
UN
ကွဲပြားမှုများကြားတွင် ဆက်ဆံရေးတည်ဆောက်ခြင်း သို့မဟုတ် ကချင်ပြည်နယ်ရှိငြိမ်းချမ်းရေးနှင့်ပဋိပက္ခများအားသုံးသပ်ခြင်း
ပြည့်ဖြိုးနိုင် Friday, 28 October 2016

(ယမန်နေ့မှအဆက်)
KIO အဖွဲ့၊ မြန်မာအစိုးရနှင့်စစ်ဘေး ရှောင်ဒုက္ခသည်စခန်းများကို စီမံခန့်ခွဲ သည့်အဖွဲ့များကြားတွင် အဖုအထစ်အချို့ ဖြစ်ပေါ်ခဲ့သည်။စစ်ဘေးရှောင်ဒုက္ခသည် စခန်းများတွင် နေထိုင်လျက်ရှိသော ဒုက္ခ သည်များ နေရပ်ဒေသများတွင် ပြန်လည် နေထိုင်နိုင်ရေးမှာ လူမျိုးစုခေါင်းဆောင် များ၏တူညီသောရည်မှန်းချက်ဖြစ်သည်။
စစ်ဘေးရှောင်ဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သူတစ်ဦးကအများ စုမှာ နေရပ်ဒေသများ၌ ပြန်လည်အခြေ ချနေထိုင်လိုကြကြောင်း၊ နယ်မြေသစ်များ တွင် နေထိုင်လိုသူများလည်းရှိကြောင်း၊ စစ်ဘေးရှောင်ဒုက္ခသည်စခန်းများတွင် ဆက်လက်နေထိုင်လိုသူဦးရေမှာ အနည်း ငယ်သာရှိကြောင်း ပြောသည်။ သို့သော် စစ်ဘေးရှောင်ဒုက္ခသည်များ၏ နေရပ် ဒေသများတွင် ပြန်လည်နေထိုင်လိုသော ဆန္ဒများမှာ စစ်ရေးနှင့်ဆိုင်သောအခြေ အနေများနှင့် တိုက်ရိုက်ဆက်စပ်လျက်ရှိ ပြီး အဓိကကျသည့်အတားအဆီးများဖြစ် သည်ဟုလည်း ဆိုရမည်ဖြစ်သည်။ တပ် မတော်ဘက်မှ နယ်မြေစိုးမိုးရေးလုပ်ငန်း စဉ်များကို ဆက်လက်ထိန်းသိမ်းထားပြီး နိုင်ငံရေးနှင့်ဆိုင်သော ဆွေးနွေးမှုများမှာ လည်း ယုံကြည်မှုနည်းပါးနေသည့်အခြေ အနေများကြောင့် ရှေ့ဆက်နိုင်ရန် ခက်ခဲ နေခြင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်များ အတွက် လျော့ပါးသွားခြင်းမရှိသည့် အတားအဆီးများဖြစ်နေသည်။
ထို့ကြောင့် စစ်ဘေးရှောင်ဒုက္ခသည် စခန်းများကို တာဝန်ယူနေသည့်အဖွဲ့ အစည်းများသည် ပြန်လည်နေရာချထား ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူ ဖြစ်စေမည့် လုပ်ငန်းစဉ်များကို ဖော် ဆောင်ရန်ဆုံးဖြတ်ခဲ့ကြသည်။ စစ်ဘေး ရှောင်ဒုက္ခသည်များ နေရပ်ဒေသများ၌ ပြန်လည်နေထိုင်နိုင်သောအခြေအနေသို့ ရောက်ရှိချိန်၌ အကူအညီဖြစ်စေမည့်အစီ အစဉ်များကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ သို့သော် စစ်ဘေးရှောင်ဒုက္ခသည်စခန်း အချို့၌မူကချင်တိုင်းရင်းသားများအတွက် တောင်းဆိုထားသော နိုင်ငံရေးနှင့်ဆိုင် သည့်တောင်းဆိုမှုအားလုံး ပြည့်ဝချိန် ရောက်မှသာ နေရပ်ဒေသများတွင် ပြန် လည်နေထိုင်မည့်အခြေအနေများကို မြင် တွေ့ခဲ့ရသည်။ စစ်ဘေးရှောင်ဒုက္ခသည် စခန်းများကို စီမံခန့်ခွဲနေသူများကြား၌ ကွဲပြားမှုများရှိနေခြင်းမှာ ကချင်ပြည်နယ် ရှိ မတူညီသော မျိုးနွယ်စုများကြားတွင် ကွဲပြားမှုများ ဖြစ်ပေါ်စေလျက်ရှိသည်။
တိုင်းရင်းသားနိုင်ငံရေးကဏ္ဍကိုစုစည်းခြင်း
လူမျိုးစုခေါင်းဆောင်များက ကချင် ပြည်နယ်၏ အနာဂတ်နှင့်ပတ်သက်သော ရှုမြင်ချက်များမှာ အပေါင်းလက္ခဏာ ဆောင်သည်ဟု ဖွင့်ဟခဲ့သည်။ ၂ဝ၁၅ခု နှစ်ကကျင်းပခဲ့သော ရွေးကောက်ပွဲတွင် ကချင်နိုင်ငံရေးပါတီများ အရေးမလှခဲ့ သော်လည်း ၂ဝ၂ဝပြည့်နှစ်တွင်ကျင်းပ မည့်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများ ကို ကချင်နိုင်ငံရေးခေါင်းဆောင်များက ပြုလုပ်လျက်ရှိသည်။
ကချင်ပြည်နယ် ဒီမိုကရက်တစ်ပါတီ သည် ၂ဝ၂ဝပြည့်နှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရည်မှန်းချက်ကြီး မားစွာဖြင့် ပြင်ဆင်မှုများပြုလုပ်လျက်ရှိ ရာတွင် ဖက်ဒရယ်စနစ်နှင့်ဆိုင်သော
အကြောင်းအရာများနှင့်အတူပါတီရှင်သန် ခိုင်မာရေးနှင့်ဆိုင်သည့် လုပ်ဆောင်ချက် များလည်း ပါဝင်လျက်ရှိသည်။ ထို့အပြင် ကချင်လူမျိုးစုခေါင်းဆောင်များနှင့်လည်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ သည်။ ၂ဝ၂ဝ ရွေးကောက်ပွဲ ကချင်ပြည် နယ်ကို ကိုယ်စားပြုသော အားကောင်း သည့် အခြေအနေများပေါ်ထွက်လာစေ ရန်အတွက် ဆောင်ရွက်လျက်ရှိသော အစီအမံများထဲတွင် တိုင်းရင်းသားနိုင်ငံ ရေးကဏ္ဍကိုလည်း ထည့်သွင်းရမည်ဖြစ် သည်။ အဆိုပါကဏ္ဍသည် KIO အဖွဲ့နှင့် မြန်မာအစိုးရကြားရှိ ဆက်ဆံရေးအပေါ် တွင် မူတည်နေမည်ဖြစ်သော်လည်းအချို့ သောအကြောင်းအရာများမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကဖွဲ့စည်းခဲ့သည့် အစိုးရအတွက် အုပ်ချုပ်ရေးနှင့်ဆိုင်သော အကြောင်းအရာများတွင် အားကောင်း လာစေရန် အကောင်းမြင်ပေးသကဲ့သို့ ဖြစ်နိုင်သည်။
ကချင်ပြည်နယ်နှင့်ဆိုင်သော လက်ရှိ အခြေအနေများကို သုံးသပ်ကြည့်မည်ဆို ပါက မည်သည့်အရာများဖြစ်ပေါ်လာ မည်ကို စောင့်ဆိုင်းကြည့်ရှုနေသည့်အနေ အထားမျိုး ဖြစ်နေသည်ဟု သတ်မှတ်ရ မည်ဖြစ်သည်။ လူမျိုးစုခေါင်းဆောင်များ ၏အမြင်တွင် KIO အဖွဲ့သည် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီမှုစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးခြင်းမရှိသေးသော်လည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များမှာ ပုံမှန်ခရီးဆက် နေသည့်အသွင် ဖြစ်နေသည်။ ထို့အပြင် KIO အဖွဲ့သည် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များအပြင်ဘက်သို့ ရောက်ရှိနေခြင်း မရှိဟုလည်း ရှုမြင်လျက်ရှိသည်။ ကချင် ပြည်နယ်ရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အတွက် တိုင်းရင်းသားနိုင်ငံရေးကဏ္ဍကို ပိုမိုကောင်းမွန်သည့် အနေအထားသို့ ရောက်ရှိစေရန် ကြိုးပမ်းရမည်ဖြစ်သည့် အပြင် KIO အဖွဲ့နှင့် မြန်မာအစိုးရကြား တွင် ဆွေးနွေးမှုများဆက်လက်ပြုလုပ် နိုင်ရေးမှာလည်း အရေးကြီးသည့်အချက် ဖြစ်သည်ဟု လက်ခံထားရန် လိုအပ်မည် ဖြစ်သည်။
လူမျိုးစုခေါင်းဆောင်အများစုကှုဥ အဖွဲ့အနေဖြင့် ၁၉၉ဝပြည့်လွန်နှစ် များကလုပ်ဆောင်ခဲ့သည့်အတိုင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များတွင် ဦးဆောင် သူနေရာမှပါဝင်ရန် လိုလားလျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းသည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် အကောင်းဆုံး အခွင့်အလမ်းဖြစ်သည်ဟုလည်းယုံကြည် လျက်ရှိသည်။ သို့သော် တိုင်းရင်းသား နိုင်ငံရေးကဏ္ဍတွင် တည်ငြိမ်သည့်တိုး တက်မှုများဖြစ်ပေါ်စေရန် ဆောင်ရွက် မည့်အစီအစဉ်များသည် ကချင်ပြည်နယ် အတွက် အဓိပ္ပါယ်ပြည့်ဝသောအပြောင်း အလဲများ ဖန်တီးပေးနိုင်ရန် လိုအပ်မည် ဖြစ်သည်။ ကချင်ပြည်နယ်အတွင်း၌ နေ ထိုင်လျက်ရှိသော မတူညီသည့်မျိုးနွယ်စု များအတွက် နိုင်ငံရေးကဏ္ဍနှင့်ဆိုင်သော ဆောင်ရွက်မှုများလည်းပါဝင်ရန် လိုအပ် မည်ဖြစ်သည်။
(Ref;Building Relationships Ac-ross Divides: Peace And Conflict of Kachin State By Dr.Lau-rens J.Visser)
(ဆက်လက်ဖော်ပြပါမည်)