images
UN
UN
လူငယ်အရေးအရာမြှင့်တင်ပါ
သုတနိုင် Saturday, 29 October 2016

ကမ္ဘာ့ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း (UN Charter)တွင် လူငယ်များနှင့်စပ်လျဉ်း၍ အောက် ပါတို့ပါဝင်သည်-
(က) လူငယ်တို့မျှော်မှန်းသည့် ပညာရေး အဆင့်အတန်းကို အချိုးညီစွာ ပြီး မြောက်အောင် သင်ကြားနိုင်ရေး။
(ခ) လူငယ်တို့၏အရည်အချင်းနှင့်ညီသည့် အလုပ်အကိုင်အခွင့်အလမ်းရရှိရေး။
(ဂ) လူအဖွဲ့အစည်းအတွက် လိုအပ်သည့် အစာအာဟာရ ရရှိရေးတွင် အပြည့် အဝပါဝင်ဆောင်ရွက်နိုင်ရေး။
(ဃ) လူမှုစီးပွားပတ်ဝန်းကျင် တိုးတက် ကောင်းမွန်အောင်မြှင့်တင်ရင်း ရောဂါ အန္တရာယ် ကာကွယ်တားဆီးပြီး ကောင်းမွန်သော ကျန်းမာရေးအဆင့် မြှင့်တင်ရေး။
(င) လူမျိုး၊ ဘာသာ၊ ဘာသာစကား၊ ကျား/မ မခွဲခြားဘဲ လူအခွင့်အရေး တန်းတူညီမျှရေး။
(စ) ရပ်ရွာလူမှုစီးပွားရေးကိစ္စများတွင် ပါဝင်ဆုံးဖြတ်နိုင်ခွင့်ရှိရေး။
(ဆ) အားကစား၊ ယဉ်ကျေးမှု၊ အပန်းဖြေမှု များဖြင့် မြို့ပြရောကျေးလက်ပါလူမှု အဆင့်အတန်းမြင့်မားလာရေး။
အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂ ၁၉၉၅ ခုနှစ် အထွေထွေညီလာခံကချမှတ်ခဲ့သည့် လူငယ်လုပ် ငန်းများဆိုင်ရာကမ္ဘာ့အစီအစဉ် The World Pro-gramme of Action for Youth (WPAY) ၌ ဦးစားပေးလုပ်ငန်းနယ်ပယ် ၁၅ ရပ်ကို အောက်ပါ အတိုင်း ဖော်ပြထားသည်-
(၁) ပညာရေး(Education)
(၂) အလုပ်အကိုင်ရရှိရေး(Employment)
(၃) ဆင်းရဲမှုနှင့် ငတ်မွတ်မှုလျှော့ချရေး
(Hunger and poverty)
(၄) ကျန်းမာရေး(ံနေူအ့)
(၅) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး
(Environment)
(၆) မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်း
ပပျောက်ရေး (Drug abuse)
(၇) လူငယ်ရာဇဝတ်ပြစ်မှုကျဆင်းရေး
(Juvenile delinquency)
(၈) အားလပ်ချိန်လှုပ်ရှားမှုပြုလုပ်ရေး
(Leisure-time activities)
(၉) မိန်းကလေးများနှင့်အမျိုးသမီးငယ်များ ရေးရာ (Girls and young women)
(၁ဝ) လူငယ်များကလူမှုအဖွဲ့အစည်းများတွင် တက်ြ<ွကစွာ ပါဝင်လှုပ်ရှားဆောင်ရွက် ခွင့်ရရှိရေးနှင့် အဆုံးအဖြတ်ပြုရာ၌ ပါဝင်ခွင့်ရရေး (Full and effective participation of youth in the life of society and in decision-making)
(၁၁) ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်တွင် ပါဝင် ရေး(Globalization)
(၁၂) သတင်းအချက်အလက်၊ နည်းပညာ ဆိုင်ရာလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင် ရေး(Information and communication technologies)
(၁၃) HIV/AIDS ရောဂါကာကွယ်တားဆီး ရေး(HIV/AIDS )
(၁၄) လူငယ်နှင့် ပဋိပက္ခပြဿနာများတွင် ဖြေရှင်းရေး (Youth and conflict)
(၁၅) မျိုးဆက်များအတွင်း ဆက်ဆံပေါင်း စည်းရေး (Intergenerational relations/Int-ergenerational issues)
၂ဝ၁၅ ခုနှစ်အထိရေးဆွဲခဲ့သည့် ထောင်စုနှစ် ရည်မှန်းချက် လုပ်ငန်းစဉ်ရှစ်ရပ်တို့တွင် လူငယ် များပါဝင်လုပ်ဆောင်နိုင်သည့် အခန်းကဏ္ဍများစွာ ပါရှိသည်။ ၂ဝ၁၅ ခုနှစ် စက်တင်ဘာလ ၂၅-၂၇ ရက်တို့တွင် ကျင်းပခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂ ထိပ်သီး
ညီလာခံက ၂ဝ၁၅ ခုနှစ် အလွန်ဖွံ့ဖြိုးမှု အစီအစဉ်အဖြစ် 'ရေရှည်တည်တံ့သောဖွံ့ဖြိုးမှု အတွက် ၂ဝ၃ဝ အစီအစဉ်'(Transforming Our World: the 2030 Agenda for Sustainable Development) ကိုသဘောတူချမှတ်ခဲ့သည်။ ထိုအစီအစဉ်များထဲမှ လူငယ်တို့လုပ်ဆောင်နိုင် သည့် လူငယ့်အရေးအရာအဖြာဖြာကို လူငယ်တို့၏ 'အား'ဖြင့် လုပ်ဆောင်ခြင်းဖြင့် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ်များ လေ့ကျင့်ပျိုးထောင် ရာလည်းရောက်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ရာလည်း မြောက်ပေမည်။
ကမ္ဘာ့နိုင်ငံအသီးသီးရှိ အစိုးရနှင့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများသည် တိုင်းပြည်၏ အနာဂတ်စွမ်းအားရှင်လူငယ်များကို မှန်ကန်စွာ လေ့ကျင့်ပြုစုပျိုးထောင်လျက်ရှိကြသည်။ လူငယ် ရေးရာမူဝါဒနှင့်လုပ်ငန်းစဉ်များချမှတ်၍ လူငယ် ကောင်စီ၊ လူငယ်ဖိုရမ်၊ လူငယ်ကွန်ရက်စသည် ဖြင့် အမည်အမျိုးမျိုးဖြင့် အဖွဲ့အစည်းများစွာ လှုပ်ရှားဆောင်ရွက်လျက်ရှိကြသည်။
အာဆီယံအသိုက်အဝန်းတွင် ပါဝင်သောနိုင်ငံ များအချင်းချင်း အပြန်အလှန်ချစ်ကြည်ရေး၊ လေ့လာရေးခရီးစဉ်များ၊ ဖိုရမ်များ၊ စကောလား ရှစ်အစီအစဉ်များပြုလုပ်၍ အတွေ့အကြုံနှင့် အမြင်ဖလှယ်ခြင်းများပြုလုပ်လျက်ရှိသည်။
ကမ္ဘာနှင့်ဒေသတွင်း လူငယ်လှုပ်ရှားဆောင် ရွက်မှုများကို လေ့လာပြီးနောက် မြန်မာနိုင်ငံ၏ လူငယ်ရေးရာကို ဆက်လက်လေ့လာကြည့်ကြ ပါစို့။ ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော သန်း ခေါင်စာရင်းအရ မြန်မာနိုင်ငံ၏လူဦးရေစုစုပေါင်း သည် ၅၁ ဒသမ ၅ သန်းရှိပါသည်။ ယင်းအနက် အသက်အုပ်စုအလိုက် လူငယ်ဦးရေအချိုးအစား များကို အောက်ပါအတိုင်းတွေ့ရှိရသည်-
အသက် ၁ဝ-၁၄ နှစ်ဦးရေ = ၅၁ဝ၈၃၆၂ (ကျောင်းသားကျောင်းသူ ၃၉၄ဝ၂၁၈ ပါဝင်)
အသက် ၁၅-၁၉ နှစ်ဦးရေ = ၄၆၂၅၉၈၉ (ကျောင်းသား ကျောင်းသူ ၁၄၄၂၂၇၄ ပါဝင်)
အသက် ၂ဝ-၂၄ နှစ်ဦးရေ = ၄၃၃၁ဝ၆၉ (ကျောင်းသား ကျောင်းသူ ၂၄၄၂၆၈ ပါဝင်)
အသက် ၂၅-၂၉ နှစ်ဦးရေ = ၄၁၄၆၁၃၄ (ကျောင်းသား ကျောင်းသူ ၂၉၄၁၂ ပါဝင်)
အသက် ၃ဝ-၃၄ နှစ်ဦးရေ = ၃၈၉၈၈၆၁ (ကျောင်းသား ကျောင်းသူ ၉၆၇၆ ပါဝင်)
စုစုပေါင်း = ၃၂၂၁ဝ၄၁၅
(ကျောင်းသား ကျောင်းသူ ၅၆၇၅၈၃၈ ပါဝင်)
အသက် ၁ဝ နှစ်မှ ၃၄ နှစ်အထိ လူငယ်ဦး ရေ ၃၂ သန်းကျော်ရှိပြီး အသက် ၁၅ နှစ်မှ ၂၉ နှစ်အထိသာယူပါက လူငယ်ဦးရေ ၂၃ သန်းရှိ သည်။ နိုင်ငံလူဦးရေ၏ လေးပုံတစ်ပုံမှ သုံးပုံနှစ် ပုံခန့်အထိသည် လူငယ်အုပ်စုဝင်များအဖြစ် မှတ်ယူနိုင်သည်။ ကျောင်းတက်နေသော ကျောင်း သား ကျောင်းသူများမပါ။ ပြင်ပတွင် မိဘများ နှင့်နေသူ၊ ဒေသနှင့်အခြားတွင် အလုပ်လုပ်နေသူ၊ အလုပ်လက်မဲ့ဦးရေ ပေါင်းခန့်မှန်း ၁၈ သန်းမှ ၂၆ သန်းအထိရှိနေနိုင်ပြီး အများစုသည် ကျေး လက်တွင် နေထိုင်သူများဖြစ်ကြသည်။ ဤသို့ဆို လျှင် တိုင်းပြည်၏ အနာဂတ်လူ့စွမ်းအားစုများ ကို အားပေးကူညီမြှင့်တင်ရန် များစွာလိုအပ်လျက် ရှိနေသည်ကို သုံးသပ်နိုင်ပါသည်။
နိုင်ငံအနေဖြင့် လူငယ်ရေးရာမူဝါဒ လုပ်ငန်း စဉ်များရေးဆွဲချမှတ်၍ အစိုးရနှင့်အစိုးရမဟုတ် သောအဖွဲအစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှု အဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်းဆောင်ရွက် ရန် လိုအပ်ချက်များစွာရှိနေပေသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်က တေဇလူငယ်၊ လမ်းစဉ်လူငယ်၊ လူရည်ချွန်စီမံ ကိန်းစသည်ဖြင့် လူငယ်လေ့ကျင့်ပြုစုပျိုးထောင်မှု ပြုသွားခဲ့သည်။ ဦးသိန်းစိန်အစိုးရကာလတွင် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့က ယူနီ ဆက်ဖ်၊ အက်ရှင်အိဒ်(ActionAid)စသည့် နိုင်ငံ တကာ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကလေး၊ လူငယ်ဆိုင်ရာအခြေအနေလေ့လာ သုံးသပ်ချက် (Situation Analysis )နှင့်တိုင်းဒေသကြီး၊ ပြည် နယ်များတွင် ကျေးလက်ဖွံ့ဖြိုးရေးလူငယ်သင် တန်းများပေးခြင်း၊ လူငယ်အဖွဲ့အစည်းများဖွဲ့စည်း ခွင့်ပြု၍ ၂ဝ၁၂ ခုနှစ်တွင် ပထမဆုံးလူငယ်ဖိုရမ် ကျင်းပခြင်းမှတစ်ဆင့် လူငယ်ကွန်ဂရက်ကျင်းပ နိုင်ရေး၊ ယင်းမှလူငယ်ရေးရာမူဝါဒချမှနိုင်ရေး အခြေခံများတည်ဆောက်ပေးခဲ့ရာ ယခုအခါ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် လူငယ်အဖွဲ့အစည်း များက အမျိုးသားအဆင့်လူငယ်ဆိုင်ရာမူဝါဒ များကို လက်ရှိအစိုးရကာလ၌ ချမှတ်နိုင်တော့ မည်ဖြစ်သည်။ ဦးသိန်းစိန်အစိုးရကာလတွင် ကင်းထောက်လူငယ်အဖွဲ့အစည်း ပြန်လည်ဖွဲ့စည်း နိုင်ခဲ့ပြီး နိုင်ငံတကာကင်းထောက်အဖွဲ့အစည်း များနှင့်ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်ခဲ့သည်။ လူရည်ချွန်စီမံကိန်းကို ပြန်လည်စတင်နိုင်ခဲ့ပြီး ထူးချွန်သူကျောင်းသားကျောင်းသူများအတွက် နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုချီးမြှင့်ရေးအစီ အစဉ်ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည်။
လူငယ်အရေးအရာများ တိုးတက်လုပ်ဆောင် လာနိုင်မှုကြောင့် ၂ဝ၁၃ ခုနှစ်တွင် ဓနသဟာယ နိုင်ငံများအဖွဲ့က ထုတ်ပြန်သည့် ကမ္ဘာ့လူငယ် ဖွံ့ဖြိုးမှုအညွှန်းကိန်း (Global Youth Development Index)၌ မြန်မာနိုင်ငံသည် (ဝ ဒသမ ၄၃) နိုင်ငံ ၁၇ဝ အနက် အဆင့် ၁၃၈ ရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ် ကမ္ဘာ့လူငယ်ဖွံ့ဖြိုးမှုအညွှန်းကိန်း (Global Youth Development Index, 2016) တွင် မြန်မာနိုင်ငံသည် ဝ ဒသမ ၅၆၄၊ နိုင်ငံ ၁၈၃နိုင်ငံ အနက်အဆင့် ၁၂၃ အထိတိုးတက်လာခဲ့သည်။
၂ဝ၁၆ ခုနှစ် ကမ္ဘာ့လူငယ်ဖွံ့ဖြိုးမှုအညွှန်း ကိန်း (Global Youth Development Index, 2016) တွင် မြန်မာနိုင်ငံ၏ အညွှန်းကိန်းနှင့် ရမှတ်များကိုအောက်ပါအတိုင်းဖော်ပြထားသည်-
(က) ကမ္ဘာ့အဆင့်(Global Rank). (၁၂၃)
(ခ) လွှမ်းခြုံအညွှန်းကိန်း (YDI Overall Score)- (ဝ ဒသမ ၅၆၄)
(ဂ) ကျန်းမာရေးနှင့် လူမှုစီးပွားဘဝအဆင့် (Health&Well-being Rank) (၁၂၄)
(ဃ) ကျန်းမာရေးနှင့် လူမှုစီးပွားဘဝရမှတ် (Health & Well-being Score)
(ဝ ဒသမ ၅၈၁)
(င) ပညာရေးအဆင့် (Education Rank) (၁၄၁)
(စ) ပညာရေးရမှတ်(Education Score) - (ဝ ဒသမ ၅၄ဝ)
(ဆ) အလုပ်အကိုင်အခွင့်အလမ်းအဆင့် (Employment & Opportunity Rank) (၅၃)
(ဇ) အလုပ်အကိုင်အခွင့်အလမ်းရမှတ်(Employment & Opportunity Score) (ဝ ဒသမ ၆၅၅)
(ဈ) ပြည်သူ့ရေးရာ ပါဝင်ဆောင်ရွက်မှုအဆင့် (Civic Participation Rank) -(၁၃)
(ည) ပြည်သူ့ရေးရာ ပါဝင်ဆောင်ရွက်မှု ရမှတ်(Civic Participation Score) - (ဝ ဒသမ ၈၃၂)
(ဋ) နိုင်ငံရေးပါဝင်ဆောင်ရွက်မှု အဆင့် (Political Participation Rank) - (၁၆၅)
(ဌ) နိုင်ငံရေးပါဝင်ဆောင်ရွက်မှု ရမှတ်(Political Participation Score ) - (ဝ ဒသမ ၂၄၆)
(ဍ) ၂ဝ၁၆ လူငယ်ဖွံ့ဖြိုးမှုအညွှန်းကိန်း အဆင့် အလယ်အလတ် ( 2016 YDI level ). (Medium)
(ဎ) ၂ဝ၁ဝ လွှမ်းခြုံအညွှန်းကိန်း (2010 YDI OverallScore). (ဝဒသမ၄၈၈)
အထက်ပါလူငယ်ဖွံ့ဖြိုးမှု အညွှန်းကိန်းပါ အချက်များကို အောက်ဖော်ပြပါ မြန်မာနိုင်ငံ၏ လူ့အရင်းအမြစ်ဖွံ့ဖြိုးမှု အညွှန်းကိန်း (Human Development Index) နှင့် နှိုင်းယှဉ်လေ့လာ ကြည့်စေလိုပါသည်-
တိုင်းပြည်တိုးတက်အောင်စွမ်းဆောင်မည့် သူများသည် ထိုတိုင်းပြည်ရှိ လူ့အရင်းအမြစ်များ ဖြစ်သည်။ လူ့အရင်းအမြစ်ကို မွေးစအချိန်ကစ၍ မူလတန်းပညာမှ အဆင့်ဆင့်တိုးတက်လေ့ကျင့် ပြုစုပျိုးထောင်ရာက ဗလငါးတန်ပြည့်ဝအောင် လူငယ်ဘဝတွင် အစကောင်းရန်လိုသည်။အသက်ကြီးမှ ပြန်လည်လေ့ကျင့်ပျိုးထောင်ပေး ရန်ခက်ခဲသည်။ အညွှန်းကိန်းနှစ်ခု၏ အနှစ်ချုပ်မှာ သက်ရှည်ကျန်းမာရေး၊ ပညာတတ်မြောက်ရေး၊ အလုပ်အကိုင်ဝင်ငွေရရေးတို့သည် လူတစ်ဦးချင်း၊ တစ်အိမ်ထောင်ချင်းသာမက တစ်နိုင်ငံလုံး၏ လူမှုစီးပွားနှင့်တိုင်းပြည်ဖွံဖြိုးတိုးတက်မှုအတွက် 'ဖွံ့ဖြိုးမှုအချက်အချာအညွှန်းကိန်း'ဟု ဆိုရပါ မည်။