images
UN
UN
မွေးမြူရေးတိရစ္ဆာန်တို့၏ အမူအကျင့်နှင့် ကိုင်တွယ်ထိန်းသိမ်းမှု
ဒေါက်တာနေဝင်း(မွေးကု) Monday, 31 October 2016

မွေးမြူရေးတိရစ္ဆာန်များ၏ အမူ အကျင့်များအားကြည့်ပါက သက်သာ ချောင်ချိစွာနေထိုင်ရသော တိရစ္ဆာန်များ က မသက်မသာနေထိုင်ရသော တိရစ္ဆာန် များထက်ပို၍ သန်စွမ်းသည်ကိုတွေ့ရပါ သည်။ မွေးမြူရေးတိရစ္ဆာန်များအား ကိုင် တွယ်ထိန်းသိမ်းရာတွင် တိရစ္ဆာန်တို့၏ အရွယ်အစားအလိုက် ထုတ်လုပ်မှုအပိုင်း အခြားအလိုက်ပေါ်မူတည်ပြီး ၄င်းတို့၏ အမူအကျင့်များအား ကြည့်ရှု၍ကိုင်တွယ် ထိန်းသိမ်းရန် လိုအပ်ပါသည်။
နွားမွေးမြူရေးတွင် နွားမများစား မြုံ့ပြန်ရန်အတွက် မြေပြင်တွင်လဲလျောင်း ၍ စားမြုံ့ပြန်တတ်ကြပါသည်။ နို့ပေး နွားမများသည် စူးရှသောအသံ၊ သတ္တု အချင်းချင်းပွတ်တိုက်သည့်အသံများအား မကြိုက်သကဲ့သို့ မှောင်သည့်နေရာများ ထက် အလင်းရောင်ရရှိနေရာများအား ပို၍ကြိုက်နှစ်သက်ကြောင်းတွေ့ရပါသည်။ ကျွဲများတွင်မူ ပြောင်လက်သော ကိရိယာပစ္စည်းများနှင့် မိုးကာအင်္ကျီပွတ် တိုက်သံများအားမကြိုက်နှစ်သက်ကြပါ။
နွားမများအနေဖြင့် ၄င်းတို့၏ သားငယ်များအား ရန်သူအဖြစ်သတ်မှတ် ထားသူများ၏ဘေးရန်မှ ကာကွယ်ရာ တွင် ဦးခေါင်းအား အောက်သို့နှိမ့်ချ၍ ချိုသွေးခြင်းအား ပြုလုပ်တတ်ပါသည်။ နွားသိုးများအားကိုင်တွယ်ရာတွင် နွားသိုး နှစ်ကောင်အား တစ်နေရာတည်းအတူတူ ထား၍ မရသကဲ့သို့ မည်သည့်နွားသိုးနှင့် မည်မျှ အကျွမ်းတဝင်ရှိစေကာမူ နွားသိုး အား ကျောပေး၍မနေရပါ။ နွားသိုးများ သည် လူစိမ်းများနှင့် တွေ့သည့်အခါ နှာခေါင်းဖြင့်နမ်းရှုပ်၍စူးစမ်းတတ်ပါသည်။ နွားသိုးများ၊ နွားထီးများ၊ ရှေ့လက်ခွာ အား မြေကြီးတွင်ခုတ်၍ နှာမှုတ်နေပါက ရန်ပြုတော့မည့် လက္ခဏာပင်ဖြစ်ပါ သည်။ နွားငယ်ကလေးများအား ကိုင် တွယ်ရာတွင် ပိုမိုအန္တရာယ်ကင်း၍ နွားငယ်ကလေးများမှ လူစိမ်းများနှင့်တွေ့ သည့်တိုင်အောင် လျှာအားထုတ်၍ လျက် တတ်လေ့ရှိပါသည်။
မွေးမြူသူများအနေဖြင့် နွားများ အလိုက်ခံရပါက ထွက်ပြေးခြင်း မပြု လုပ်ဘဲ ရပ်နေရန်ဖြစ်ပါသည်။ ရပ်နေ ခြင်းအားဖြင့် ၄င်းတို့ကဆက်၍မလိုက် တော့ဘဲ နောက်ကြောင်းပြန်လှည့်သွား တတ်ပါသည်။ အကယ်၍ ဆက်လက် ထွက်ပြေးပါက ချော်လဲ၍ ထိခိုက်အနာ တရဖြစ်နိုင်ပါသည်။ နွားမွေးမြူရေးတွင် အဓိကသတိထားရမည့် အချက်တစ်ခု အနေဖြင့် နွားမများနှင့် နွားငယ်ကလေး များအား ညင်သာစွာကိုင်တွယ်ရန်ဖြစ်ပါ သည်။ နွားမများအား ခြောက်လှန့်ခြင်း ဖြင့်ကြောက်လန့်နေသည့်နွားမကအန္တရာယ် ပေးနိုင်ပါသည်။
သိုး၊ ဆိတ်မွေးမြူရေးတွင် ပိုင်ရှင် များအနေဖြင့် သိုးနှင့်ဆိတ်တို့အား အတူ တူထား၍ မွေးမြူကြသော်လည်း အကျင့် စရိုက်ချင်းမတူညီကြပါ။ ဆိတ်များသည် တောင်တက်ကျွမ်းကျင်သည့်သတ္တဝါများ ဖြစ်၍ ခြေချော်ခြင်း၊ ချော်လဲခြင်းတို့မဖြစ် ကြပါ။ သိုးများမှာ ဆိတ်များလောက် ခြေချောင်းများ မခိုင်သည့်အတွက် အလွယ်တကူလဲတတ်ကြ၍ အုပ်စုဖွဲ့၍နေ တတ်ကြပါသည်။ သိုးများသည် ဆိတ် များထက် ရာသီဥတုဒဏ်အားပို၍ခံနိုင် ရည် ရှိကြပါသည်။ ဆိတ်များသည် အန္တရာယ်ကျရောက်ပါက ထွက်ပြေး တတ်ကြသော်လည်း ပြေးစရာနေရာမရှိ ၍ ချောင်ပိတ်မိပါက ပြန်လည်ခုခံတတ် ကြပါသည်။ ဆိတ်များနှင့်သိုးများသည် ၄င်းတို့အား အန္တရာယ်ပြုတိုက်ခိုက်လာ သူများအား ၄င်းတို့၏ချိုအား အသုံးပြု၍ ပြန်လည်တိုက်ခိုက်တတ်ကြပါသည်။ သိုးနှင့်ဆိတ်များ ရှေ့ခြေထောက်ဖြင့် ခွာ ခုတ်နေပါက ပြန်လည်တိုက်ခိုက်ရန် ပြင် ဆင်နေသည်ဖြစ်ပါသည်။
ဝက်မွေးမြူရေးတွင် ဝက်သိုးများ (သို့မဟုတ်) ဝက်ထီးများတွင် ကြီးမား သည့်အစွယ်များပါရှိ၍ ကိုင်တွယ်သူအား အန္တရာယ်ပြုတတ်ပါသည်။ ဝက်များ သည် အမြင်အာရုံအားနည်းသော သတ္တဝါ များဖြစ်၍ ၄င်းတို့၏ပတ်ဝန်းကျင် ဖြစ် ပျက်နေမှုများအား အကြားအာရုံဖြင့်လည်း ကောင်း၊ အနံ့အာရုံဖြင့်လည်းကောင်း အာရုံခံ၍ သိရှိကြပါသည်။ ထို့ကြောင့် ဝက်များတွင် အကြားအာရုံသည် အရေး ကြီးသည့် အာရုံခံစားမှုတစ်ခုဖြစ်ပါသည်။ ဝက်များသည် အမြင့်သို့တက်နိုင်သည့် သတ္တဝါများ မဟုတ်ကြပါ။ ဝက်များ သည် အပေါင်းအသင်းခင်မင်တတ်သည့် သတ္တဝါများဖြစ်၍ ဝက်မွေးမြူရေးပြုလုပ် ရာတွင် အနည်းဆုံး ဝက်နှစ်ကောင်မွေး မြူထားရန် သင့်ပါသည်။
ကြက်မွေးမြူသူများအနေဖြင့် ကြက် များအား ကိုင်တွယ်ရာတွင် ၄င်းတို့၏ အမူအရာများကိုကြည့်၍ ကိုင်တွယ်ရန်လို အပ်ပါသည်။ ကြက်ခြံအတွင်း အန္တရာယ် တစ်ခုကျရောက်ပါက ကြက်တစ်ကောင် ၏ သတိပေးအော်သံက ကျန်ကြက်များ အား အန္တရာယ်တစ်ခုကျရောက်တော့မည် ဖြစ်ကြောင်း သိရှိကြပါသည်။

ကြက် ဆင်များတွင် အန္တရာယ်တစ်ခုခု ကျ ရောက်တော့မည်ဆိုပါက လည်ချောင်း တွင်းမှ ထူးခြားသည့်အသံတစ်ခုထွက် ၍ အော်တတ်ကြပါသည်။ ဘဲငန်းနှင့်ဘဲ များမှာမူ ကြောက်လန့်ပါက မူလအသံ ထက်ပို၍ ကျယ်လောင်စွာအော်တတ်ပါ သည်။ ကြက်ဘဲအားလုံးပင်လျှင် ရန်သူ အား တိုက်ခိုက်တော့မည်ဆိုပါက လည် ပင်းရှိ အမွေးများအားဖွ၍ ပြန်လည်ခုခံ ရန် ပြင်ဆင်တတ်ပါသည်။
ဘဲငန်းမွေးမြူရေးတွင် သတိထား ရမည့်အချက်တစ်ခုမှာ အချို့ဘဲငန်းအမ များမှာ ၄င်းတို့၏မိတ်ဖက်ဘဲငန်းအထီး သေဆုံးသွားပါက နောက်ထပ်တခြားဘဲ ငန်းအထီးအား လက်ခံခြင်းမရှိသည်ကို တွေ့ရှိရပါသည်။ဤသည်မှာ ဘဲငန်းအမ များက ၄င်းတို့၏ဘိုးဘွားဘဲငန်းအရိုင်း များ၏အကျင့်စရိုက်အား အမွေဆက်ခံ ခြင်းဖြစ်ပါသည်။ ဘဲငန်းအထီးများအနေ ဖြင့် ၄င်းတို့၏ မိတ်ဖက်ဘဲငန်းအမ ဥ ဥနေစဉ် အချိန်တွင်လည်းကောင်း၊ ဘဲငန်းကလေးများအား ထိန်းကျောင်းနေ စဉ်တွင်လည်းကောင်း ၄င်းမှ အစဉ်အမြဲ နောက်မှလိုက်လံစောင့်ရှောက်တတ်ကြ၍ ဖြစ်ပါသည်။
ကြက်မကြီးတွင်မူ ၄င်းတို့၏ဥများ အပေါ် ဝပ်နေချိန်တွင်လည်းကောင်း၊ ကြက်ကလေးများအပေါ် ဝပ်နေချိန်တွင် လည်းကောင်း အနှောင့်အယှက်ပေးပါ က ပြန်၍ဆိတ်တတ်ကြပါသည်။ ကြက် မကြီးများ ဒေါသကြီးလာပါက ရန်သူ အားစိုက်ကြည့်၍ ခွပ်ရန်အတက်များအား ပြင်ဆင်တတ်ကြပါသည်။ ငန်းမကြီးများ တွင်မူ ငန်းကလေးများအား ထိန်းကျောင်း နေစဉ်ကာလတွင် လူအား အန္တရာယ်ပြု တတ်ပါသည်။
ကြက်အများစုမှာ ၄င်းတို့အားဖမ်း ဆီးသည်ကို မုန်းတီးကြပါသည်။ ထို့ ကြောင့် ကြက်များအား အမှန်တကယ် ဖမ်းဆီးရန်လိုအပ်မှသာလျှင် ဖမ်းရန်ဖြစ် ပါသည်။ ကြက်များအား ဖမ်းဆီးရာတွင် ၄င်းတို့အနားသို့ ဖြည်းညင်းစွာချဉ်းကပ်၍ ချောင်ပိတ်၍ ဖမ်းရပါမည်။ ဖမ်းဆီးရာ တွင်လည်း လက်တစ်ဖက်မှ ကြက်၏ ကျောပေါ်တွင် အုပ်၍ကိုင်ပြီး အခြား လက်တစ်ဖက်မှ ကြက်၏ဝမ်းဗိုက်ကို ပိုက်၍ဖမ်းယူရပါမည်။ ကြက်များအား ဖမ်းရာတွင် ၄င်းတို့၏ခြေထောက်အား ဆုပ်ကိုင်၍မဖမ်းရပါ။ ကြက်များ၏ခြေ ထောက်များမှာ နူးညံ့သောကြောင့်ဖြစ်ပါ သည်။ ကြက်ငယ်ကလေးများအား ဖမ်း ဆီးရာတွင် လက်ဖြင့်ညှစ်၍မဖမ်းရပါ။ ထိခိုက်ဒဏ်ရာရလွယ်သောကြောင့်ဖြစ်ပါ သည်။ ကြက်များအား ဖမ်းဆီးရာတွင် လည်းကောင်း၊ ကိုင်တွယ်ရာတွင်လည်း ကောင်း ဖြည်းညင်းညင်သာစွာ ကိုင် တွယ်ရန်လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ မွေးမြူရေး တိရစ္ဆာန်များ ၏ အမူအကျင့်နှင့် ကိုင်တွယ်ထိန်းသိမ်းမှု များအား သိရှိနိုင်ပါရန် ရေးသားတင်ပြ လိုက်ရပါသည်။