images
UN
UN
ရာသီချိန်ခါမရွေးစိုက်ပျိုးနိုင်စေရေး ဆည်မြောင်းများအဆင့်မြှင့်တင်တူးဖော်လျက်ရှိ
လွှမ်းသီဟ(ဝါးခယ်မ) Wednesday, 02 November 2016
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကြာဖြူကျေးရွာအုပ်စုနှင့် သဲကုန်း ကျေးရွာရှိ ဒေသခံတောင်သူလယ် သမားများ ရာသီအချိန်အခါမရွေး စိုက်ပျိုးသီးနှံများ စိုက်ပျိုးနိုင်စေရန် ဆည်မြောင်းများ အဆင့်မြှင့်တင် တူးဖော်မှုကို ယနေ့နံနက်ပိုင်းက ပြု လုပ် လျက်ရှိကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ဝါးခယ်မ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံး ချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒု ဦးစီးမှူး(မြို့ပြ) ဦးတိုးတိုး၊လုပ်ငန်း ကြီးကြပ်ရေးမှူး ဦးဝင်းရွှေနှင့် ဝန် ထမ်းများကကြီးကြပ်ပြီး ကြာဖြူ ကျေးရွာအုပ်စုရှိ အရှည် ၁ ဒသမ ၂ မိုင်ရှိ ရွှေလောင်းကျွန်းတှာ၁ – ၁၄ မြောင်း၊ အရှည် ၁ ဒသမ ၂မိုင်ရှိရွှေလောင်းကျွန်းတှာ၁– ၁၂ မြောင်း၊ အရှည် ၁ ဒသမ ၂ မိုင်ရှိ သဲကုန်း - ကြာဖြူ ဆက် သွယ်ရေးမြောင်းတို့ကို အကျယ် ၁၈ ပေ၊ ပျမ်းမျှအနက် ခြောက် ပေဖြင့် အဆင့်မြှင့်တင်တူးဖော်ခြင်း လုပ်ငန်းကို ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ယင်းသို့ စိုက်ပျိုးသီးနှံအတွက် ရေရရှိမှုကို ဆည်မြောင်းများအဆင့် မြှင့်တင် တူးဖော်ပေးလျက်ရှိပြီး လုပ်ငန်းများပြီးစီးသွားပါက ကြာ ဖြူကျေးရွာအုပ်စုနှင့် သဲကုန်း ကျေးရွာတို့မှတောင်သူလယ်သမား များ၏ စိုက်ပျိုးဧက ၅ဝဝ ကျော် အတွက် နွေ၊ မိုး၊ ဆောင်း ရာသီ မရွေး စိုက်ပျိုးသီးနှံများကို စိုက် ပျိုးသွားနိုင်မည်ဖြစ်ကြောင်း ကြာ ဖြူကျေးရွာမှ လယ်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦး၏ ပြောပြချက် အရ သိရသည်။