images
UN
UN
အသိနှင့်အလုပ်ထပ်တူဖြစ်ရေး
ဒ၈ုံသန်းမြင့် Wednesday, 02 November 2016
သဘောတရားဆိုသည်မှာ သဘောတရား အတွက် သက်သက်သာလျှင်လေ့လာဆည်းပူးရန် မဟုတ်မူဘဲ လက်တွေ့ဘဝတွင် အကျိုးရှိအောင် အသုံးပြုရေးအတွက် လမ်းညွှန်ချက်ဖြစ်ပေသည် ဟု မှတ်သားခဲ့ရပါသည်။
သို့ဖြစ်၍ သဘောတရား (အသိပညာ)ကို လက်တွေ့ဘဝတွင် အကျိုးရှိစွာ ကျင့်သုံးနိုင်ရေး အတွက် အခြေခံလိုအပ်ချက်များရှိပါသည်။ ၄င်း တို့မှာ အရာရာကိုဘဘာဝကျကျ ဆင်ခြင်သုံးသပ် တတ်ခြင်း၊ ဒိဋ္ဌဓမ္မကျသော အခြေအနေဖြစ်ရပ် တို့ကို ဒိဋ္ဌဓမ္မနည်းကျစွာ စိစစ်ဝေဖန်ပိုင်းခြား တတ်ခြင်းနှင့် ဘဝ၏ဖြစ်ရပ်များနှင့်အတူ ထက် ကြပ်မကွာလိုက်နာကျင့်ကြံလုပ်ကိုင်တတ်ခြင်းတို့ သည် သဘောတရားနှင့် လက်တွေ့ကိုဆက်စပ် အသုံးပြုနိုင်ရေးအတွက် အခြေခံလိုအပ်ချက်ပင် ဖြစ်ပေသည်။
ဤသည်ကို အကြိမ်ကြိမ်ဖတ်၊ အထပ်ထပ် ဖတ်ပြီးမှ ကိုယ်ပိုင်အသိပညာအဖြစ်သို့ ကျွန်တော် တို့ ကူးပြောင်းနိုင်ခဲ့ကြပါသည်။ အခြေခိုင်မှ အခြေမယိုင်မှာဖြစ်ပါတယ်။
မိမိဖတ်ခဲ့ရ၊ မှတ်ခဲ့ရသည်တို့ကို တစ်ဆင့် မျှဝေခြင်းသာဖြစ်ပါသည်။ အသိပညာ၊ တစ်နည်း သိမှုဗေဒ (နစငျအသာသူသါပ) (အတွေးအခေါ်ပညာ ရပ်)ဆိုသည်မှာ သဘာဝ၏ ဒိဋ္ဌဓမ္မသဘောကို လူသားတို့က မှန်ကန်သော နည်းလမ်းများအရ သိရှိသည့် လူသား၏ အသိပညာပင်ဖြစ်သည်ဟု ဆိုပါသည်။
အသိပညာသည်လူ့အဖွဲ့အစည်း၏ လက်တွေ့ လုပ်ငန်းနှင့်ဆိုင်သော လိုအပ်သည့်အခြေခံပင် ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် လူသည် အသိပညာကိုအခြေခံ၍ လက်တွေ့အလုပ်များကို အကောင်အထည်ဖော်ရသောကြောင့်ဖြစ်ပေသည်။
ယနေ့ခေတ်ပါတီစုံ ဒီမိုကရေစီနိုင်ငံရေးစနစ် ကို ကျင့်သုံးလျက်ရှိရာ ပါတီအသီးသီးသည် မိမိတို့ပါတီ၏ အခြေခံဝါဒများကို ရေးဆွဲပြဋ္ဌာန်း ကြရပေသည်။ ဤသို့သော ပါတီအခြေခံမူဝါဒ အတိုင်း ပါတီဝင်များသည် မိမိတို့ပါတီအား ရှင် သန်စေရန်နှင့် လက်တွေ့ဘဝတွင် ပြည်သူလူထု အား အကျိုးပြုစေရန် ကြိုးပမ်းဖော်ဆောင်ကြရ လေသည်။
လူသည် မိမိဘဝတည်မြဲရေးအတွက် ရုပ် ပတ်ဝန်းကျင်နှင့်လည်းကောင်း၊ လူမှုဆက်ဆံရေး ပတ်ဝန်းကျင်နှင့်လည်းကောင်း အချင်းချင်းအပြန် အလှန်၊ အတုံ့အလှည့် ဆက်သွယ်၍ မိမိ၏အသိ Óဏ်နှင့်ယှဉ်ပြီး တွေ့ကြုံခံစားသုံးသပ် တီထွင် ကြံဆောင်စီမံမှု အစုစုဟူသောအလုပ်များဖြင့်သာ မိမိ၏ကောင်းကျိုးဆိုးကျိုးကို ဖန်တီးနေကြရခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ပါတီများသည် ပါတီကိုကိုယ်စား ပြု၍ဖြစ်စေ၊ မိမိကိုယ်ကိုယ်ကိုယ်စားပြု၍ဖြစ်စေ၊ ပြည်သူထဲတွင်နေ၍ ပြည်သူထဲမှ၊ ပြည်သူကပေး သောအသိများဖြင့် ပါတီနှင့်မိမိဘဝတို့ တစ်ထပ် တည်းကျ၍ ပြည်သူတို့၏ ယုံကြည်မှု၊ အားကိုးမှု ဘဝ၏လက်တွဲဖော်အဖြစ် သဘောထားနိုင်ကြ မည်ဖြစ်ပေသည်။
ဤတွင်မိမိ၏ဘဝကို ပြည်သူ့ဘဝထဲ၌ မြှုပ်နှံ နိုင်ရေးဆိုသောအလုပ်သည် လွယ်ကူသည်တော့ မဟုတ်ပါပေ။ ပြည်သူဆိုသည်မှာ ဘဝမျိုးစုံ၊ အခြေအနေမျိုးစုံ၊ ခံစားချက်မျိုးစုံ၊ အသိပညာ၊ အသိအမြင်စုံနှင့် ဓလေ့စရိုက်မျိုးစုံရှိနေကြသည် ဖြစ်၍ 'အသွင်မတူ အိမ်သူမဖြစ်' ဆိုစကားအရ မိမိတို့၏အသိပညာရင့်ကျက်မှုက များစွာ အရေး ကြီးမည် ထင်ပါသည်။ ဆိုလိုသည်မှာ မိမိ၏ ပကတိစိတ်၊ ပကတိအသံကို ပြင်ရမည်ဖြစ်ပါ သည်။ အထူးသဖြင့် ပကတိအတွင်းစိတ်ကို ပြင်နိုင်ပါမှ အသားကျ၊ အဆင်ပြေ၊ တစ်သား တည်းဖြစ်ပေမည်။ သဟဇာတဖြစ်ပေမည်။
တကယ်ဆိုတော့ လူ၏အလုပ်ဟူသည် လူ၏ အသိ၊ စိတ်ပိုင်း၊ ဆန္ဒပိုင်းနှင့်ယှဉ်၍သာ ဖြစ်နေ ပေသည်။ အသိနှင့်မယှဉ်သော လူတို့၏အလုပ် ဟူသည် မရှိပါပေ။ လူတို့၏ ကာယကံမှု၊ ဝစီကံ မှု၊ မနောကံမှုတည်းဟူသော အလုပ်သုံးပါးစလုံး သည် လူ၏အသိစိတ်က ရှေ့ဆောင် ရှေ့ရွက်ပြု သည်ဟု ခံယူထားပါသည်။
သို့ဖြစ်၍ မိမိတို့နားလည်ခံယူအပ်သည်မှာ 'လူတို့၏အသိနှင့်ယှဉ်သော အလုပ်ကသာလျှင် လူတို့၏အရေးအရာတို့ကို ပြဋ္ဌာန်းနိုင်သည်'ဟူ၍ ခိုင်မာစွာလက်ခံထားပါပေသည်။ လူတို့၏အလုပ် သုံးပါးအနက် တစ်ပါးပါးကို လူတို့က မလုပ်မီ ယင်းအလုပ်ကိုဖြစ်စေချင်သည့်စိတ်ဆန္ဒ၏ လှုံ့ ဆော်မှု၊ တိုက်တွန်းမှု၊ စေ့ဆော်မှု၊ ရှေးရှုမှု၊ အာရုံ ပြုမှုတစ်ခုခုသည် အလျင်ဖြစ်လာ၏။ (ဏမနခနိန) ဖြစ်လာသည်ဟုဆိုရပေမည်။
ဤအသိဖြင့်ပင် အလုပ်ကိုဖြစ်စေပါသည်။ အသိကတစ်မျိုး (စိတ်ဆန္ဒမပါဘဲ) တကယ့်အမှန် ဘဝလုပ်နေရသည်က တစ်မျိုးဖြစ်နေမည်ဆိုပါက အသိနှင့် အလုပ်သည် တစ်ထပ်တည်းကျခြင်းမရှိ ဟူ၍ ဆိုရပေမည်။ မှတ်ချက်ပြုရပေမည်။
ပါတီများ၊ တစ်နည်းပါတီဝင်များသည် မိမိ တို့ပါတီက ချမှတ်ထားသော လမ်းညွှန်မူဝါဒများ ကောင်းမွန်သော်လည်း ပြည်သူ့ထံတွင် ကျင့်သုံး နေသည်က စိတ်ပါလက်ပါမရှိဖြစ်နေမည်ဆိုပါ က အသိနှင့်အလုပ် ထပ်တူမကျခြင်းဖြစ်သည် ဆိုရပေမည်။
သို့ဖြစ်၍ ဆရာကြီးရွှေအောင် ရေးသည့် 'ကုသိုလ်နှင့် အကုသိုလ်'ဆိုသည့် စာအုပ်ထဲမှ စိတ်နှင့်ပတ်သက်သည့် ရေးသားချက်အချို့က
မဇ္ဈိမပဋိပဒါကျသော ဆုံးမနည်းဟူသည်မှာ စိတ္တာနုပဿနာသတိပဋ္ဌာန်နည်းဖြစ်၏။''
''စိတ်သည်သွားချင်ရာသွားတတ်၏။ မသိ လျှင်ခက်၏။ သိလျှင်လွယ်၏။ မသိခြင်းသည် အဝိဇ္ဇာဖြစ်၏။ သိခြင်းသည် ဝိဇ္ဇာဖြစ်၏။ ထို့ ကြောင့် မိမိ၏စိတ်ကို မိမိက သိအောင် သတိဖြင့် အမြဲတမ်းစောင့်ကြည့်အပ်၏။ သွားချင်ရာ သွားပါ စေ။ ကိစ္စမရှိ၊ သွားမှန်းသိဖို့သာလို၏။''
''စိတ်သည် လောဘအာရုံသို့လည်း သွား တတ်၏။ ဒေါသအာရုံသို့လည်း သွားတတ်၏။ မောဟအာရုံသို့လည်း သွားတတ်၏။ ဖောက်ပြန် တတ်၏။ ခုန်ကူးတတ်၏။ တွေဝေတတ်၏။ အာဏာ၌မက်မောတတ်၏။ ကြည်နူးတတ်ပေ သည်။ မက်မောတတ်ပေသည်။ နိုင်ရေးသမား များ ကိုယ့်စိတ်ကိုယ်သိရန်ဖြစ်ပေသည်။''
ကိုယ့်စိတ်ကိုသိနေမှသာလျှင် ကောင်းခြင်း၊ ဆိုးခြင်း၊ လမ်းကြောင်းမှန်ခြင်း၊ လမ်းကြောင်းလွဲ ချော်နေခြင်းစသည်တို့ကို သတိပြုနိုင်၊ ထိန်း ကျောင်းနိုင်မည်ဖြစ်ပေသည်။တစ်နည်းဆိုသော် အသိနှင့်အလုပ်ထပ်တူကျခြင်းမည်ပေသည်။
လောကတွင် မှားနိုင်စရာ၊ မှားတတ်စရာ အကြောင်းတရားများအနက် ပဓာနကျသော အကြောင်းတရားမှာ အသိမှားမှုဖြစ်ပေသည်။ ပါတီများသည်လည်း အသိမှားမှု၊ အမြင်မှားတတ် မှုကို အစဉ်သဖြင့် အသိစိတ်ဖြင့် ထိန်းကျောင်းနိုင် ရပေမည်။သို့မှသာ မိမိတို့မျှော်မှန်းထားသည့် ပြည်သူ့ဘဝလမ်းကြောင်းမှန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပေသည်။
သတိပြုရမည့်အချက်မှာ လူတို့၏မူလ သဘာဝစိတ်သည် အတ္တဟိတ၊ မိမိကိုယ်ကျိုး စိတ်ဖြစ်သည်။ ဤသည်မှာ စိတ်ကိုသိခြင်း ဖြစ် ပေသည်။ စိတ်ကိုသိမှ ထိန်းကျောင်းနိုင်မည် ဖြစ်ပါသည်။
လူတို့သည် အသိမှန်ကန်မှုကို ဖြစ်စေရန် အတွက် အနည်းဆုံးလိုအပ်ချက်များမှာ လူလူ ချင်းစာနာသောစိတ်ထားတတ်ရေးဖြစ်သည်။ မိမိကိုယ်ကိုယ်မိမိဝေဖန်စစ်ဆေးတတ်သောစိတ်၊ မိမိကိုယ်ကိုယ် သတိတရားလက်ကိုင်ထား၍ ထိန်းချုပ်တတ်သောစိတ်များကို ပျိုးထောင်သွား ရန်ဖြစ်ပါသည်။
တစ်နည်းဆိုသော် ပါတီဆိုသည်မှာ ပြည်သူ ဘဝနှင့် မကင်းမကွာရှိနေရေးဖြစ်သည်။ ပြည်သူ တို့၏အမှန်ဘဝကိုသိနေရေးဖြစ်ည်။ မိမိကမှန်နေ သည်ဟု ထင်နေရသော်လည်း ပြည်သူတို့၏ ဘဝ အမှန်၊ ခံစားချက်အမှန်ကိုမသိခြင်းသည် အသိနှင့် အလုပ်ထပ်တူကျခြင်းမရှိဖြစ်နေသည်ကို ဝေဖန် နိုင်ရန်ပင်ဖြစ်သည်။
မိမိတို့ဘဝတွင် ကြီးမားသောသင်ခန်းစာတစ် ခု ရဖူးပါသည်။ သမိုင်းသင်ခန်းစာဖြစ်ပါသည်။ ကိုကိုမောင်ကြီးရေးသည့် ''ကျွန်တော်သိသော တစ်ရံရောအခါများ''စာအုပ်မှ အသိနှင့်အလုပ် ထပ်တူမကျ ဖြစ်ခဲ့ရသည်ကို ထုတ်နုတ်တင်ပြ ပါမည်။
''မတ်လ (၁၉၆၂ ခုနှစ်) လေးရက်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းသည် ဖဆပလအဖွဲ့၊ ပထစ အဖွဲ့၊ ပမညတအဖွဲ့တို့၏ ခေါင်းဆောင်များနှင့် ဒဂုံရိပ်သာ၌ တွေ့ဆုံကာ မိမိတို့တော်လှန်ရေး ကောင်စီ၏ ဆန္ဒသဘောထားကို ပြောကြား ဆွေးနွေးလေသည်။''
''ဗိုလ်ချုပ်ကြီးနေဝင်းသည် မိမိတို့အားလုံး သည် တိုင်းပြည်လွတ်လပ်ရေးအတွက် ညီညီ ညွတ်ညွတ်ဆောင်ရွက်ခဲ့ကြပြီး တိုင်းပြည်ကြီးကို စည်းလုံးညီညွတ်စွာထူထောင်ခဲ့ကြကြောင်း၊ ယခု အခါ စည်းလုံးညီညွတ်မှုကြီးပြိုကွဲတော့မည့် အခြေအနေသို့ ရောက်လာသည်ကို သံဝေဂ ယူသင့်ပါကြောင်း၊ ရှေ့အဖို့တွင် မိမိတို့အားလုံး ရည်မှန်းထားခဲ့ကြသည့်ဆိုရှယ်လစ်စနစ်ထူထောင် ရေးကို မိမိတို့အားလုံးညီညွတ်စွာတာဝန်ယူပြီး ဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံရေးပါတီများနှင့် တိုင်ပင်ပြီး ညီညီညွတ်ညွတ် ဆောင်ရွက်လို ကြောင်း၊ နိုင်ငံရေးပါတီများအနေဖြင့် စဉ်းစား ပေးကြပါရန် တင်ပြပါကြောင်းဖြင့် တင်ပြ ဆွေးနွေးခဲ့ပါသည်။''
''မတ်လ(၁၉၆၂ခုနှစ်) ၆ ရက်နေ့ နံနက်ပိုင်း ၉နာရီတွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဗိုလ်မှူး ကြီးစောမြင့်၊ ဦးစောဦးနှင့် ကျွန်တော်တို့ သုံးဦးကို ကာကွယ်ရေးဦးစီးချုပ်ရုံးခန်း၌ ခေါ်ယူတွေ့ဆုံခဲ့ ပါသည်။''
''တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ် ကြီး နေဝင်းက ကျွန်တော်တို့အား ပဋိသန္ဓာရ စကားဖြင့် ရင်းနှီးစွာပြောဆိုပြီးနောက် နိုင်ငံတော် အာဏာသိမ်းယူရခြင်းနှင့်ပတ်သက်၍ အကျိုး အကြောင်းပြောပြပါသည်။''
''တိုင်းပြည်မတည်မငြိမ်ဖြစ်လာမှုနှင့် ဖရိုဖရ
ဖစ်ပွားလာမည့်အရေးကြောင့် အချိန်မီထိန်း သိမ်းလိုက်ရကြောင်း၊ မလွဲမရှောင်သာလို့ဒီလို လုပ်ရပြီးတဲ့နောက်တော့ တိုင်းပြည်ကိုလေးလေး နက်နက်ပြန်လည်ထူထောင်ရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကောင်းစားဖို့၊ လူများစုကောင်းဖို့ရည် စူးပြီးလုပ်သွားကြရမှာဖြစ်ကြောင်း၊ ကိုယ်တို့တော် လှန်ရေးကောင်စီတော့ဖွဲ့ပြီးပြီ။ သို့သော်တိုင်းပြည် ကို ဏသူငခပ မူဝါဒချပြဖို့လိုကြောင်း အဲ့ဒီတော့ အဓိကအချက်တွေကို ကိုယ်ပြောပြမယ်ဟု မိန့် ကြားပါသည်။''
''စီးပွားရေးက အရေးအကြီးဆုံးပဲ။ ဒီကိစ္စ မှာ အဓိကလုပ်ငန်းကြီးတွေကိုတော့ တိှု့အအေန ကသိမ်းပြီးလုပ်ရမယ်။ ဏမငလအေန လုပ်ငန်းတွေတော့ လည်း ခွင့်ပြုသလောက်ခွင့်ပြုထားရဦးမှာပဲ။ သမဝါယမကိုသေသေချာချာပြုပြင်ပြီး လေးလေး နက်နက်ကိုင်ရမယ်။ နောက်တော့လည်းဆိုရှယ် လစ်ဇင်ဘက်ကိုတစ်ဆင့်ပြီးတစ်ဆင့်ကူးသွားတာ ပေါ့လေ။''
''နိုင်ငံရေးကိစ္စတော့ အခုရှိတဲ့ပါတီတွေနဲ့ ညှိကြည့်ရမှာပဲ။ ညှိလို့ရရင်လည်းအားလုံးလက် တွဲပြီး အင်အားတစ်စုတည်းလုပ်ကြမှာပဲ။ မရရင် တော့ တို့ ဥညန ဏမေအပ စနစ်လုပ်ရမှာပဲ။ မလုပ် လို့မဖြစ်တော့ဘူး။ ဟိုအရင်လုပ်သလို၊ ပါလီမန် ဒီမိုကရေစီလုပ်သလို ပါတီတွေပြိုင်နေရင် ခရီး မတွင်ကျယ်ဘူး။ လယ်သမား၊ အလုပ်သမားတွေ တင်မဟုတ်ပါဘူး။ တိုင်းပြည်အတွက်တကယ် လုပ်ကြမယ့် စိတ်ကောင်းရှိတဲ့လူတွေအားလုံး စုစည်းပြီးလုပ်ကြမယ်။''
ဗိုလ်ချုပ်ကြီးက တစ်ခဏမျှစကားမဆက် သေးဘဲရှိစဉ် ဗိုလ်မှူးကြီးစောမြင့်ရော ကျွန်တော် တို့ပါတိုင်ပင်ထားခြင်းမရှိဘဲ တစ်ပါတီစနစ်က တော့ ခရီးတွင်တာအမှန်ဖြစ်ကြောင်း၊ သို့သော် နောင်အခါတွင် ကျွန်တော်တို့လူတွေပါတီဝင်တွေ က အာဏာမာန်ယစ်ပြီး ရပ်ထဲရွာထဲမှာမတရားမှု တွေလုပ်လာမှာကိုတော့ ကာကွယ်ထားဖို့လို ကြောင်းပြောမိပါသည်။
''ထိုအခါ ဗိုလ်ချုပ်ကြီးက ''ဟား ဒီလိုတော့ ဘယ်အဖြစ်ခံရမလဲ။ အဲ့ဒီလိုမတရားတာတွေ မဖြစ်ရအောင်တော့ သေသေချာချာအစီအမံတွေ လုပ်ရမှာပဲ''ဟုပြောပါသည်။ ဆက်လက်၍
''ဒီလိုရှိတယ်ကွာ အခုတို့လုပ်ကြည့်ကြမယ်။ ဆိုရှယ်လစ်ဇင်ပေါ့ကွာ။ အေး လုပ်ရင်းလုပ်ရင်း လုပ်ကြည့်လို့တိုင်းပြည်မကောင်းလာဘူး။ တို့ မှန်းသလိုဖြစ်မလာဘူးဆိုရင်တော့လည်း တို့ အချင်းချင်းတွေပဲကွာ ဗမာတွေအချင်းချင်းပြန် တိုင်ပင်ပြီးပြင်သင့်ရင်ပြင် ပြောင်းသင့်ရင်ပြောင်း လိုက်ကြတာပေါ့ကွာ''ဟု ပြောပါသည်။
မိမိတင်ပြလိုသည်မှာ လုပ်ရင်းနှင့်မှန်းသလို ဖြစ်မလာရင်၊ ပြင်သင့်ပြင်မည်ဟု အခိုင်အမာ အသိအမြင်ရှိပြီးဖြစ်သည်။ ထို့ကြောင့်လည်း ၁၉၈၇ခုနှစ်တွင် ပါတီဗဟိုနှင့် ဗဟိုအစိုးရတို့အား စီးပွားရေး၊ စီမံရေးအခြေအနေမှန်များကိုပြန်လည် ဆန်းစစ်ရန်ပြင်ဆင်နေချိန်တွင် နိုင်ငံရေးအခြေ အနေများပိုမိုရှုပ်ထွေးလာခဲ့ရလေသည်။ အသိနှင့် အလုပ်တစ်ထပ်တည်းမကျသောအခါ အချိန်မီ ပြောင်းလွယ်၊ ပြင်လွယ်ဖြစ်ရန်လိုအပ်သည့်သင် ခန်းစာပင်ဖြစ်ပါသည်။
ထိုစဉ်က အရှေ့တာင်အာရှနိုင်ငံများတွင် အမေရိကန်၏နိုင်ငံရေးမူဝါဒမှီာသာငညသွှ့နသမပ အရ ဆိုရှယ်လစ်နိုင်ငံများမဖြစ်ပေါ်ရေးအတွက် ဝင်ရောက်စွက်ဖက်ဟန့်တားနေချိန်ဖြစ်သည်။ တောင်ဗီယက်နမ်နိုင်ငံအား ကွန်မြူနစ်မြောက်ဗီ ယက်နမ်တို့ မလွှမ်းမိုးရေးအတွက် ဗုံးကြဲ တိုက် ခိုက်နေချိန်ဖြစ်သည်။ အမေရိကန်နိုင်ငံသည် အာရှ ဒေသများတွင် ကွန်မြူနစ်များ မလွှမ်းမိုးရေး အတွက် ဗီယက်နမ်စစ်ပွဲတွင် ဗုံးတန်ချိန် ၁၅သန်း ခန့်ကြဲချခဲ့ပြီး ၄င်းတို့အနက် ၁ဝရာခိုင်နှုန်းခန့်မှာ ပေါက်ကွဲမှုမရှိသေးကြောင်း ဖောက်ခွဲရေးပစ္စည်း များဖျက်သိမ်းရေးအဖွဲျ့နညနတ ကပြောပါသည်။
ထိုနည်းတူ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိ စပ်လျက်ရှိသည့် လာအိုနိုင်ငံရှိ ကွန်မြူနစ်ချေမှုန်း ရေးအတွက် ဃူကျအနမ သြာဘ များကို အတွဲလိုက် ကြဲချခဲ့သဖြင့် လာအိုပြည်သူများ ယနေ့တိုင် စစ်ဘေးဒဏ်ကို ခံစားနေရဆဲဖြစ်ပါသည်။ အင်ဒို ချိုင်းနားစစ်ပွဲကာလသည် ၁၉၆၂ခုနှစ်မှ ၁၉၇၅ ထိ ဖြစ်သည်။
မြန်မာနိုင်ငံတွင် တော်လှန်ရေးကောင်စီအစိုးရ သည် ပြည်သူတို့၏စားဝတ်နေရေးဘေးဒုက္ခမှ ကင်းလွတ်၍ သာယာဝပြောသော လူမှုဘဝတည် ဆောက်ရန်ဆိုသည့်အသိ၊ ခံယူချက်ဖြင့် ဆောင် ရွက်လျက်ရှိနေသော်လည်း ပြင်ပအင်အားကြီး နိုင်ငံတို့၏ ဝိုင်းပယ်၊ ပိတ်ဆို့၊ ဟန့်တားမှုများကို ခံစားခဲ့ရသဖြင့် အသိနှင့် အလုပ်ထပ်တူ မပြုနိုင်ခဲ့ ရခြင်းဖြစ်ကြောင်း အင်ဒိုချိုင်းနားကျွန်းဆွယ်နိုင်ငံ များ၏ နိုင်ငံရေး၊ စစ်ရေးဖြစ်စဉ်များဖြင့် ယှဉ်တွဲ လေ့လာသင့်ပါကြောင်း တင်ပြအပ်ပါသည်။