images
UN
UN
လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်းနိုင်ရေး စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းရှေ့တန်းထွန်စက်စခန်းခွဲဖွင့်လှစ်
မင်းမင်းထွေး(ပျော်ဘွယ်) Thursday, 03 November 2016
ကျေးလက်ဒေသများရှိတောင် သူများ လယ်ယာထွန်ယက်ရေး တွင် အဆင်ပြေစွာ အချိန်မီထွန် ယက်နိုင်ရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းနိုင် ရန်ရည်ရွယ်၍ ပျော်ဘွယ်မြို့နယ် ဝက်လက်ကျေးရွာအုပ်စု ရွာသာ ကျေးရွာအနီး ချောင်းမကြီးရှေ့ တန်းစခန်းတွင် ယမန်နေ့ နံနက် ၉နာရီကစက်မှုလယ်ယာဝန်ဆောင် မှုလုပ်ငန်း ရှေ့တန်းထွန်စက်စခန်း ခွဲကို မြို့နယ်စက်မှုလယ်ယာဦးစီး ဌာနမှဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါ စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်း ရှေ့တန်း ထွန်စက်စခန်းခွဲကို ပြင်ပပုဂ္ဂလိက အငှားထွန်စက်များနှင့် နှိုင်းယှဉ် လျှင် တောင်သူများအနေဖြင့် ဈေးနှုန်းချိုသာစေရေး၊ တောင်သူ များအနေဖြင့် ထွန်စက်ငှားရမ်းလိုမှု တစ်ခုအတွက် မြို့ပေါ်သို့ လာ ရောက်ရသည့်ဒုက္ခ ကင်းဝေးစေ ရေး၊ ထွန်ယက်စိုက်ပျိုးချိန်အမီ ထွန်ယက်နိုင်ရေးတို့ကိုရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း မြို့ နယ်ဦးစီးမှူး ဦးဝင်းရွှေက တက် ရောက်လာသည့် တောင်သူများ အား ရှင်းလင်းဆွေးနွေးသည်။
''ကျွန်တော်တို့ အခုဆိုရင် ဆောင်းသီးနှံအတွက် ထွန်ယက်ဖို့ ပြင်ဆင်ရတော့မှာပါ။ ပုဂ္ဂလိက ထွန်စက်ငှားရမ်းခဈေးနှုန်းနဲ့ နှိုင်း ယှဉ်ရင် စက်မှုလယ်ယာရဲ့ထွန်စက် ငှားရမ်းခက သက်သာနေတော့ တောင်သူတွေအတွက် အများကြီး အဆင်ပြေပါတယ်''ဟု သစ်ဆိမ့် ပင်ရွာမှ တောင်သူဦးသန်းနိုင်က ပြောသည်။
စက်မှုလယ်ယာဦးစီးဌာနအနေ ဖြင့် ၁၆ သွားထွန်တစ်ဧက ကျပ် ၆၅ဝဝ၊ သုံးသွားထယ်တစ်ဧက ကျပ် ၁၃ဝဝဝ၊ ခုနစ်သွားထယ် တစ်ဧက ကျပ် ၁၃ဝဝဝ၊ ရိုတာ ဗေတာ တစ်ဧက ကျပ် ၁၃ဝဝဝ၊ ရိတ်သိမ်ြးေ>ွခလှေ့တစ်ဧက ကျပ် ၃၅ဝဝဝ နှုန်းဖြင့် မြင်းကောင်ရေ ၉ဝ ရှိ ထွန်စက်ငါးစီး၊ မြင်း ကောင်ရေ ၇၅ ရှိထွန်စက်ငါးစီး၊ ရိတ်သိမ်ြးေ>ွခလှေ့စက် တစ်စီးတို့ ဖြင့် တောင်သူများ အဆင်ပြေစေ ရေးအတွက် ဝန်ဆောင်မှုလုပ်ငန်း များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။