images
UN
UN
မြောက်ဥက္ကလာ စာရေးဆရာများစာပေပေါင်းကူးအစီအစဉ်အရ သရေခေတ္တရာနှင့်ပျူမြို့ဟောင်းသို့လေ့လာရေးခရီးသွားရောက်
စံလင်း Thursday, 03 November 2016
ရန်ကုန်မြို့ မြောက်ဥက္ကလာပ အခြေစိုက် စာရေးဆရာများနှင့် ပြည်မြို့ခံစာရေးဆရာများ ရင်းနှီး ချစ်ခင်စွာ စာပေပေါင်းကူးအစီ အစဉ်အရ ရန်ကုန်မှ စာရေးဆရာ ခြောက်ဦးသည် ပြည်မြို့သို့ ယခုလ ၁ ရက်တွင် လေ့လာရေးခရီးသွား ရောက်ခဲ့သည်။
ရန်ကုန်အခြေစိုက် စာရေး ဆရာများဖြစ်ကြသော ကေတု လှနိုင်၊ နုချော(ဥက္ကလာ)၊ ဝင့်မိုး (ဥက္ကလာ)၊ ဆင်တဲဝမြတ်ဖုန်း၊ ပဉ္စမံဒီရိုင်းနှင့် သရဝဏ်(ပြည်)တို့ ပြည်မြို့သို့သွားရောက်ပြီး သရေ ခေတ္တရာမြို့ဟောင်း ကမ္ဘာ့အမွေ အနှစ်ယဉ်ကျေးမှုဌာန၊ ရွှေဘုံသာ မုနိ၊ ရွှေဆံတော်ဘုရား၊ ဆယ်ထပ် ကြီးဘုရား၊ ရွှေဘုန်းပွင့် စာကြည့် တိုက်၊ နဝဝါသီစာကြည့်တိုက်များ သို့ သွားရောက်လေ့လာခဲ့ကြရာ ပြည်မြို့ခံ စာရေးဆရာများဖြစ် သော ညီညီအောင်(မိုးမေတ္တာ)၊ ဒေါက်တာယဉ်ဝေလွင်၊ အောင် (ဓာတု)၊ နန်းမုံဝေ၊ ရည်ဇော်မောင် (ပြည်)၊ မင်းယွန်း(ခေတ္တရာ)၊ ညီဈာန်နှင့် စာပေချစ်သူများက လိုက်လံရှင်းပြ ဧည့်ခံခဲ့ကြောင်း သိရသည်။