images
UN
UN
ကြွက်အန္တရာယ်ကာကွယ်နှိမ်နင်းရေးပညာပေးဆွေးနွေး
ကျော်ကျော်လတ်(ထားဝယ်) Thursday, 03 November 2016
သီးနှံများတွင်ကျရောက်ဖျက် ဆီးလေ့ရှိသည့်ကြွက်အန္တရာယ် ကာကွယ်နှိမ်နင်းရေးပညာပေးဆွေး နွေးပွဲကို ယမန်နေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ တိုင်းဒေသကြီး စိုက် ပျိုးရေးဦးစီးဌာနရုံး၌ကျင်းပသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသ ကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးတင်သန်းဆွေက တနင်္သာရီတိုင်းဒေသကြီးသည် ရေ၊ မြေ၊သဘာဝ ရာသီဥတုအခြေအနေ အရ နှစ်ရှည်သီးနှံပင်များနှင့် ရာသီ သီးနှံများ၊စပါးအပြင် ဥယျာဉ်သီးနှံ များစွာ ဖြစ်ထွန်းအောင်မြင်သော ဒေသတစ်ခုဖြစ်ကြောင်း၊ သီးနှံ စိုက်ပျိုးထုတ်လုပ်ဆောင်ရွက်ရာတွင် စီးပွားရေးထိခိုက်နိုင်သည့် ဖျက်ပိုး အနေဖြင့် ကြွက်၊ ဖြူ၊ ပွေး စသည် တို့သည် သီးနှံများကိုဖျက်ဆီးနေ သည်ကို တွေ့မြင်ရမှာဖြစ်ကြောင်း၊ ကာကွယ်ဆောင်ရွက်ရာတွင်လည်း အဓိကကျသောဖျက်ပိုး၏ သဘာဝ အပြုအမူ၊ မျိုးပွားမှုအချက်အလက် များကို သိရှိနိုင်မှသာလျှင် ပိုမို ထိရောက်သော ကာကွယ်မှုပြုလုပ် နိုင်မှာဖြစ်ကြောင်း၊ကာကွယ်နှိမ်နင်း ခြင်းဆိုင်ရာ ပညာပေးအစီအစဉ်က အကျိုးများစွာဖြစ်ထွန်းလိမ့်မည်ဟု ယုံကြည်ကြောင်း ဆွေးနွေးပြော ကြားသည်။ထို့နောက် သီးနှံကာကွယ် ရေးဌာနခွဲ(ရုံးချုပ်)မှ ကျွမ်းကျင်သူ ပညာရှင် ဒေါက်တာ ညိုမိထွေးက သီးနှံများတွင်ကျရောက် ဖျက်ဆီး တတ်သောြ<ွကက်၊ ဖြူ၊ ပွေး ကာ ကွယ်နှိမ်နင်းရေးနှင့်ပတ်သက်သည့် အဓိကကျသော ဖျက်ပိုး၏ဘာဝ အပြုအမူ မျိုးပွားမှုစသည့် အချက် အလက်များကို ပညာပေးဆွေးနွေး သည်။ အဆိုပါဆွေးနွေးပွဲသို့ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနညွှန်ကြားရေးမှူး ဦးတင်သန်း ဆွေ၊တိုင်းဒေသကြီး ဒုတိယဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး၊ ထားဝယ် ခရိုင် စိုက်ပျိုးရေးဦးစီးမှူးနှင့်မြို့နယ် ဦးစီးမှူးများ၊ တိုင်းဒေသကြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ၊ရော်ဘာခြံလုပ်ငန်းရှင် များနှင့် လုပ်ငန်းရှင်တောင်သူလယ် သမားများ တက်ရောက်ကြသည်။