images
UN
UN
အူရီဒူးအမှတ်တံဆိပ်အရောင်းဆိုင်များတွင် iphone 7 နှင့် iphone 7 Plus အား အရစ်ကျစနစ်ဖြင့် ရောင်းချမည်
PTK Friday, 04 November 2016
အူရီဒူးအမှတ်တံဆိပ်အရောင်း ဆိုင်များတွင် iphone 7 နှင့် iphone 7 Plus အား ယနေ့မှ၍ အရစ်ကျစနစ်ဖြင့် ရောင်းချမည် ဖြစ်ကြောင်း အူရီဒူးမြန်မာမှ သိရ သည်။
iphone 7 နှင့်iphone 7 Plus အားဝယ်ယူရန် အသက် ၁၈ နှစ်ပြည့်မှတ်ပုံတင်မိတ္တူ၊ တစ်လ အတွင်းထုတ်ယူထားသော ရပ် ကွက်ထောက်ခံစာမူရင်း၊ အိမ် ထောင်စုစာရင်းမိတ္တူ(သို့) အိမ်ငှား စာချုပ်မိတ္တူ လျှောက်ထားသူအား တာဝန်ယူမည့်သူ၏ ထောက်ခံစာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ နှင့် လက်ရှိလုပ်ကိုင်နေသော ကုမ္ပဏီမှ ရယူထားသောဝင်ငွေ ထောက်ခံစာတို့အား ယူဆောင်၍ ပူးတွဲလျှောက်ထားရမည်ဖြစ်သည်။
ဟန်းဆက်များအား ခြောက် လ သို့မဟုတ် ကိုးလ သို့မဟုတ် ၁၂ လအရစ်ကျဖြင့်ဝယ်ယူနိုင်မည် ဖြစ်ပြီး (၁)ရန်ကုန်ရှိ အူရီဒူးအမှတ် တံဆိပ်အရောင်းဆိုင်လမ်းမတော် အမှတ် ၇၉၃၊ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ် (၂) အူရီဒူး အမှတ်တံဆိပ် အရောင်းဆိုင် ကျောက်တံတားအမှတ် ၁၂၅၊ အနော်ရထာလမ်း၊ ပန်းဆိုးတန်း လမ်းနှင့် ၃၆လမ်းကြား နိုင်ဂရု တာဝါ၊ အခန်း ၇(၃) အူရီဒူးအမှတ် တံဆိပ်အရောင်းဆိုင် ဗဟန်းအမှတ် ၁၉၂၊ ကမ္ဘာအေးဘုရားလမ်း မြန်မာပလာဇာ ဒုတိယထပ်၊မန္တ လေးမြို့တွင် မဟာအောင်မြေ အမှတ် ၁၃၉ မြေညီထပ် ၇၃ လမ်းနှင့် ၃၇ လမ်းထောင့်ရှိ အူရီဒူး အရောင်းဆိုင်နှင့် နေပြည်တော်ရှိ ဒက္ခိဏသီရိ ဃစေငအေူ အဆောက် အအုံရှိ အူရီဒူးအရောင်းဆိုင်များ တွင် အရစ်ကျဖြင့် ဝယ်နိုင်မည်ဖြစ် သည်။
အူရီဒူးမြန်မာမှ ဝယ်ယူထား သောiphone 7 နှင့်iphone 7 Plus အား အူရီဒူးမှ တစ်လလျှင် တစ်ကြိမ်ဖြင့် ၁၂ လခံစားခွင့်ရ ရှိမည့် ငွေဖြည့်လက်ဆောင်များ ပေးအပ်မည့်ဖြစ်ပြီး အူရီဒူးဆင်းမ် ကတ်လက်ဆောင်ထည့်ပေးမည် ဖြစ်ရာ လစဉ်တစ်လကျပ် ၁၅ဝဝဝ ဖုန်းငွေဖြည့်မည်ဆိုပါက တစ်လ လျှင် ငွေဖြည့်လက်ဆောင် ကျပ် ၂၅ဝဝဝအား ရက် ၃ဝစာ အသုံး ပြုခွင့်ကို ၁၂ လတိုင်ရရှိမည်ဖြစ် ကြောင်း သိရသည်။