images
UN
UN
ကရင်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့စည်း
တင်စိုး(ပဲခူး) Friday, 04 November 2016
ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရန်နှင့်ရေ ရှည်တည်တံ့စေရန်အတွက် ကရင် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ကော်မတီဖွဲ့စည်းခြင်းအခမ်းအနား ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁ဝ နာရီက ကျင်းပသည်။
ရှေးဦးစွာတက်ရောက်လာသော ကရင်တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုကော်မတီဝင်များက မိတ် ဆက်ပြီး ဆရာတော်ဦးကုသလက ဆုံးမသြဝါဒမိန့်ကြားသည်။ ဆက် လက်ပြီးကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးနော်ပွယ်စေးက အဖွင့်အမှာ စကားပြောကြားရာတွင် လက်ရှိ လုပ်ဆောင်နေမှုနှင့် ရှေ့ဆက်လုပ် ဆောင်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြီး ပဲခူးတိုင်းဒေသကြီး လွှတ်တော်တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌဦး တင်ဆန်းဦးက တိုင်းရင်းသားကော် မတီ၏လုပ်ဆောင်ရန်အချက်များ၊ ကော်မတီဖွဲ့စည်းရာတွင် လိုအပ် ချက်များကို ဆွေးနွေးအကြံပေး ပြောကြားသည်။
ယင်းနောက် ပဲခူးတိုင်းဒေသ ကြီး ပညာရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးဒေါ်စိုးစိုးနွဲ့ကမိတ် ဆက်အမှာစကားပြောကြားသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ကရင်တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုကော်မတီဖွဲ့စည်းခြင်းနှင့် အတည်ပြုခြင်း ဆက်လက်ဆောင် ရွက်ပြီးကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အမှတ်တရဓာတ်ပုံ များရိုက်ကြသည်။
အဆိုပါ ကရင်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုကော်မတီဖွဲ့ စည်းခြင်းသည် ဒုတိယအကြိမ် ဖြစ်ပြီး ကရင်တိုင်းရင်းသားစာပေ နှင့် ယဉ်ကျေးမှုကော်မတီအား ဥက္ကဋ္ဌနော်ပွယ်စေး၊ပဲခူးတိုင်းအရှေ့ ခြမ်းမှ ဒုတိယဥက္ကဋ္ဌဒေါက်တာ ကြည်စိုး၊ ပဲခူးတိုင်းအနောက်ခြမ်းမှ ဒုတိယဥက္ကဋ္ဌစောဝင်းမြင့်၊ နာယက ဆရာတော်ဦးကုသလ၊ဆရာတော် ဦးသုန္ဒရ၊ သိက္ခာတော်ရဆရာတော် စောထောလေ၊ စောအောင်ကြည် ဝင်း၊ စောကီးဒိုနှင့်ပဲခူးတိုင်းဒေသ ကြီးအရှေ့ခြမ်းမှ အဖွဲ့ခေါင်းဆောင် ၁၅ဦး၊ပဲခူးတိုင်းဒေသကြီးအနောက် ခြမ်းမှအဖွဲ့ခေါင်းဆောင်၁၅ ဦးတို့ ဖြင့်ဖွဲ့စည်းပြီး ပဲခူးတိုင်းဒေသကြီး ၂၈မြို့နယ်တွင်၂၆မြို့နယ်မှာ ကရင်၊ မွန်၊ ချင်း၊ ရှမ်း၊ ကယားနှင့်ပအိုဝ်း ဘာသာသင်ကြားမှုရှိကြောင်း သိရ သည်။