images
UN
UN
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်သစ် ယခုလအတွင်း ဖွင့်လှစ်နိုင်ရန်စီစဉ်
စိုးစိုးစံ Saturday, 05 November 2016
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အတွင်း တည်ဆောက် လျက်ရှိသည့် ပြည်တွင်းခရီးသည် ထွက်ခွာဆောင်Terminal -3 အဆောက်အအုံသစ်ကို ယခုလ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိကြောင်း ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန အဆင့်မြင့် အရာရှိတစ်ဦးထံမှ သိရသည်။
ယင်းအဆောင်သစ်မှာ ပြည်တွင်း ခရီးသည် ထွက်ခွာဆောင်ဖြစ်ပြီး အချိန်မီပြီးစီးရေးဆောင်ရွက်လျက် ရှိပြီး အဆင့်မြှင့်တင်ခြင်းလုပ်ငန်း များလည်း ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း တည်ဆောက်ခဲ့ သော တိုးချဲ့လေဆိပ်အဆောင်သစ် များဖြစ်သည့်Terminal -1 ကို မတ်လအတွင်းက ဖွင့်လှစ်ခဲ့ပြီး အလျား မီတာ၂၄ဝ၊ အကျယ် ၉၇ ဒသမ ၇ မီတာရှိRC & Steel Building ဖြစ်ကာ မြေအောက်ခန်း အပါအဝင် ငါးထပ်အဆောက်အအုံ ဖြစ်ကြောင်း၊ ယင်းအဆောက်အအုံ တွင် ယာဉ်ရပ်နားသည့်နေရာမှဝင် ထွက်သွားလာနိုင်သော အလျား ၁ဝ၁မီတာ၊ အမြင့် ၂၄ ဒသမ ၄ မီတာရှိ Sky Link နှင့် ဆက်သွယ် ဆောက်လုပ်ထားကြောင်း သိရ သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မြန်မာနိုင်ငံအတွင်း ရှိ လေဆိပ်များအနက် ပြည်တွင်း ပြည်ပခရီးသွားဧည့်သည်အများ ဆုံး ဝင်ထွက်သွားလာသည့် လေ ဆိပ်တစ်ခုဖြစ်ပြီး ခရီးသွားဧည့် သည်များပြားလာသည့်အတွက် ယင်းကဲ့သို့လေဆိပ်အဆောက်အအုံ များကို တိုးချဲ့အဆင့်မြှင့်တင်ခြင်း များ ပြုလုပ်ခြင်းဖြစ်ကာ အဓိက အားဖြင့် ခရီးသည်ထွက်ခွာဆောင် သစ်များကို ဆောက်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။