images
UN
UN
တိုက်ခန်းအရောင်းအဝယ်ပြုလုပ်ရာတွင် တိကျခိုင်မာသည့်ဥပဒေမရှိခြင်းကြောင့် အခက်အခဲများစွာရှိနေ
မေလွင် Saturday, 05 November 2016
အိမ်ခြံမြေဈေးကွက်အတွင်း တိုက်ခန်းအရောင်းအဝယ်များ၌ တိကျခိုင်မာသည့် ဥပဒေမရှိသေး သောကြောင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
လက်ရှိအချိန်တွင် ဆောက် လုပ်ရေးနှင့် အဆောက်အအုံဆိုင်ရာ ဥပဒေများ ရေးဆွဲနေသော်လည်း ဈေးကွက်အတွင်း ဥပဒေမရှိခြင်း ကြောင့် ကန်ထရိုက်တာနှင့် မြေရှင် များကြား ပြဿနာများကြုံတွေ့ နေရသကဲ့သို့ ကြိုပွိုင့်ဝယ်ယူသူ များမှာလည်း ပြဿနာအခက်အခဲ များနှင့် ကြုံတွေ့နေလျက်ရှိသည်။
''တိကျသေချာတဲ့ သဘော တူညီချက်ရှိမှပဲ ဝယ်သင့်တယ်။ အခုက တိကျသေချာမှုတွေရှိတာ နည်းတဲ့အခါကျတော့ ကြိုရောင်း ကြိုဝယ်တာတွေမှာ ပြဿနာတွေ၊ အခက်အခဲတွေနဲ့ ကြုံရတာပေါ့။ ဥပဒေတွေရေးဆွဲနေတယ်ဆိုလည်း နိုင်ငံတကာစံချိန်၊ စံညွှန်းနဲ့ညီတဲ့ ဥပဒေတွေဖြစ်သင့်တယ်''ဟုဝါရင့် အိမ်ခြံမြေအကျိုးဆောင် ဒေါ်ဝင်း က ပြောသည်။
ပြည်တွင်း၌ ကြိုပွိုင့်ဝယ်ယူမှု အတွက် ငွေပေးသွင်းမှုပြုလုပ်ရာ၌ ဆောက်လုပ်သည့် ကုမ္ပဏီပေါ်မူ တည်၍ ပေးသွင်းရသည့် ငွေပုံစံ ကွာခြားကြပြီး၊ ငွေအကျေပေး သွင်းပြီး အခန်းအပ်ပြီးသော်လည်း နေထိုင်ခွင့်မကျသေးသည့်အတွက် ပြန်လည်ရောင်းချ၍ မရသည့် ပြဿနာများနှင့် ကြုံတွေ့နေရ ကြောင်း ဈေးကွက်အတွင်းမှ သိရ သည်။
ပြည်ပနိုင်ငံများတွင် ကြိုပွိုင့် ဝယ်ယူသူများကို အိမ်သော့အပ် သည့်အခါ တန်ဖိုး၏ ၈၅ ရာခိုင် နှုန်းအထိပေးသွင်းရပြီး ကျန်သည့် ၁၅ ရာခိုင်နှုန်းကိုနေထိုင်ပြီး တစ်နှစ် ကြာမှသာ ပေးသွင်းရခြင်းဖြစ် သည်။
ထိုသို့ အခြားနိုင်ငံများတွင် ဥပဒေကို အတိအကျထုတ်ပြန်ထား ကြသော်လည်း ပြည်တွင်း၌တိကျ သည့် ဥပဒေမရှိသေးသောကြောင့် အားနည်းချက်များရှိနေပြီးအရောင်း အဝယ်ပိုင်းတွင် ပြဿနာနှင့်အခက် အခဲများစွာရှိနေကြောင်း ထောက် ပြကြသည်။