images
UN
UN
ထိခိုက်ဒဏ်ရာရဖွယ်အန္တရာယ်ရှိသည့်အတွက် Samsungအဝတ်လျှော်စက် ၂ ဒသမ ၈ သန်းအားပြန်လည် သိမ်းဆည်း
လူသစ် Saturday, 05 November 2016
အမေရိကန်ပြည်ထောင်စု စားသုံးသူထုတ်ကုန်လုံခြုံစိတ်ချရေး ကော်မရှင် (UPSC)က ထိခိုက်ဒဏ်ရာရဖွယ် အန္တရာယ်ရှိသည့်အတွက် Samsung အဝတ်လျှော်စက် ၂ ဒသမ ၈ သန်းအား မိမိသဘောနှင့် ပြန်လည်အပ်နှံလိုက အပ်နှံရန် ယမန်နေ့ကထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။ အဝတ်လျှော်စက်၏ ထိပ်ပိုင်းသည် အသုံးပြုနေချိန်အတွင်း မမျှော်လင့်ဘဲ ပြုတ်ထွက်သွားဖွယ်ရှိသည့် အန္တရာယ်ရှိကြောင့်း UPSC က ဖော်ပြခဲ့သည်။
Samsung အနေဖြင့် ၄င်း၏အဝတ်လျှော်စက်များ အလွန်အမင်း တုန်ခါမှု သို့မဟုတ် စက်၏အပေါ်ဘက်အစိတ်အပိုင်းအောက်ခံအထိုင်မှ ရုတ်တရက်ကျွတ်ထွက်သွားမှုနှင့်ပတ်သက်သည့် သတင်းပေါင်း ၇၃၃ ခုကိုလက်ခံရရှိခဲ့သည်ဟုဆိုသည်။ မေးရိုးကျိုးမှုတစ်ခုအပါအဝင် ထိခိုက် ဒဏ်ရာရရှိမှု ကိုးခုရှိကြောင်းသိရသည်။ အဆိုပါအဝတ်လျှော်စက်များကိုBest Buy, The Home Depot, Lowe's နှင့် Sears စသည့် လက်လီ ဆိုင်အသီးသီးမှတစ်ဆင့် ၂ဝ၁၁ခုနှစ် မတ်လမှ ၂ဝ၁၆ ခုနှစ် နိုဝင်ဘာလ အတွင်း ရောင်းချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အဆိုပါ အဝတ်လျှော် စက်ပိုင်ရှင်များအနေဖြင့် စက်၏အပေါ်ဘက်အစိတ်အပိုင်းခိုင်မြဲစေရန် အိမ်တိုင်ရာရောက်ပြင်ဆင်ပေးမှု သို့မဟုတ် စက်အသစ်တစ်လုံးပြန်လည် ဝယ်ယူရန် သင့်ငွေပြန်အမ်းမှုတစ်ခုခုကို ရွေးချယ်လက်ခံနိုင်ကြောင်းSamsung က ပြောကြားခဲ့သည်။ အိမ်အတွင်းဖြစ်ပေါ်လာဖွယ်ရှိသည့် မည်သည့်လုံခြုံရေးဆိုင်ရာ အန္တရာယ်ကိုမဆို လျှော့ချပေးပြီး စက်များပြန် လည်သိမ်းဆည်းမှုကို တုံ့ပြန်သည့်အနေဖြင့် ဖောက်သည်များအတွက် လွယ်ကူရိုးရှင်းသော ရွေးချယ်မှုများထောက်ပံ့ပေးရန်သည် ၄င်းတို့၏ ဦးစားပေးလုပ်ဆောင်ချက်ပင်ဖြစ်ကြောင်းSamsung Electronics America ၏ အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် အိမ်သုံးပစ္စည်းဌာနခွဲ အထွေ ထွေမန်နေဂျာJohn Herrington က ပြောကြားခဲ့သည်။