images
UN
UN
နိုင်ငံတကာခရီးသွားဧည့်သည်များ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းကို အထူးသဘောကျနှစ်သက်
တိမ်တမန် Saturday, 05 November 2016
မြန်မာနိုင်ငံ၏ခရီးသွားဝန်ဆောင်မှုလုပ်ငန်းသည် များစွာတိုးတက်လာခဲ့ရာ နိုင်ငံတကာ ခရီးသွား ဧည့်သည်များကလည်း မြန်မာနိုင်ငံ ရေမြေသဘာဝအလှအပကို အထူးနှစ်သက်သဘောကျပြီး တစ်နှစ်ထက်တစ်နှစ်တိုး၍ လာရောက်လည်ပတ်သည်ကို တွေ့မြင်နေရသည်။ အထူးသဖြင့် ဖော်ရွေစွာ ဆက်ဆံတတ်သည့် မြန်မာ့လူမှုရေးဓလေ့ကို အထူးနှစ်သက်ကြသည်။ လက်ရှိကာလ ၂ဝ၁၆ တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၅ ဒသမ ၅ သန်း အထိဝင်လာမည်ဟု ခန့်မှန်းထားသည်။ ယခုလတွင် နိုင်ငံတကာခရီးသွားဧည့်သည် အများအပြားဝင်ရောက်လျက်ရှိသည်။
မန္တလေးမြို့ရောက် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ ရွှေကျောင်းတော်ကြီး၊ အတုမရှိ ကျောင်း၊ ကုသိုလ်တော်ဘုရား၊ နန်းမြို့တွင်းနှင့်အတူ မန္တလေးတောင်၊ မဟာမုနိဘုရားကြီးကို အားထားသွားရောက်လေ့ရှိသည်။ နိုင်ငံတကာခရီးသွားဧည့်သည်များမှာ မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်မှုကို အထူးသဘောကျနှစ်သက်ကြသည်။ကုသိုလ်တော်ဘုရားရောက် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို လက်ဆောင်ပစ္စည်းရောင်းချသူများမှာ မြန်မာ့ရိုးရာသနပ်ခါးကို မေတ္တာဖြင့် အခမဲ့လိမ်းခြယ်ပေးကြသည်။
လိမ်းခြယ်ပေးမှုတွင် ပါးကွက်ကို သစ်ရွက်ပုံကလေးဖြစ်အောင် လိမ်းခြယ်ပေးသည့်အတွက် နိုင်ငံတကာ ခရီးသွားဧည့်သည်များ အထူးသဘောကျကြသည်။ အများစုသော ကုသိုလ်တော်ရောက် နိုင်ငံတကာခရီးသွားများမှာ မြန်မာ့ရိုးရာသနပ်ခါးကို မြတ်နိုးစွာ လိမ်းခြယ်ကြသည်။မြန်မာရိုးရာ သနပ်ခါးကို သစ်ရွက်ပုံလိမ်းခြယ်ပြီးတိုင်း အမှတ်တရ ဓာတ်ပုံရိုက်ကြသည်။ သနပ်ခါးလိမ်းခြယ် ရခြင်းကို အထူးသဘောကျနှစ်သက်ကြသည်။
သနပ်ခါးလိမ်းခြယ်ပေးခြင်းမှာ မေတ္တာဖြင့် ပြုလုပ်ပေးခြင်းဖြစ်သည်။ လိမ်းခြယ်ပေးသူများမှာ အမှတ်တရပစ္စည်း လက်ဆောင်များရောင်းချကြသည်။ အများစုသော နိုင်ငံတကာခရီးသွား ဧည့်သည်များက လက်ဆောင်ပစ္စည်းများ ဝယ်ယူကြသည်။ လက်ဆောင်ပစ္စည်းမဝယ်ယူသည့်တိုင် အောင် ကုသိုလ်တော်ရောက် နိုင်ငံတကာခရီးသွားဧည့်သည်များကို မြန်မာ့ရိုးရာသနပ်ခါး လိမ်းခြယ်ပေးကြသည်။ ကုသိုလ်တော်ရောက် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ မြန်မာ့ရိုးရာ သနပ်ခါးလိမ်းခြယ်ရခြင်းကို အထူးသဘောကျနှစ်သက်ကာ မြန်မာ့စိတ်ဓာတ် မြန်မာ့စိတ်ရင်းကို အထူးလေးစားကြကြောင်း ဧည့်လမ်းညွှန်အမျိုးသမီးတစ်ဦးက ရှင်းပြသည်။