images
UN
UN
'နိုင်ငံတော်ကလည်း ပြည်သူလူထုရဲ့သဘောထားကိုခံယူပြီးတော့ အခုထိုးစစ်တွေဆင်နေတာ။ ဒါတပ်မတော်ရဲ့သဘောထားမဟုတ်ပါဘူး။ ကျွန်တော်တို့ပြည်သူလူထုကတောင်းဆိုလို့သာ တပ်မတော်က ထိုးစစ်ဆင်နေခြင်းလို့ သဘောထားပါတယ်။ တပ်မတော်ဆိုတာ မြန်မာနိုင်ငံမှာတစ်ခုပဲရှိရပါမယ်။ ပြည်သူလူထုကို ကာကွယ်ပေးရမယ့်တာဝန်ရှိတယ်' ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) အတွင်းရေးမှူး(၁) ဦးစိုင်းထွန်းရင်နှင့်တွေ့ဆုံခြင်း
နေထက်ဝေ Sunday, 06 November 2016
ကချင်ပြည်နယ်အတွင်းတပ်မတော်နှင့ှ်ုဗ အကြားတိုက်ပွဲများဖြစ်ပေါ်နေမှုများကြောင့် ငြိမ်းချမ်းရေးအတွက် ဒေသခံ ပြည်သူလူထုများက အောက်တိုဘာလအတွင်း နှစ်ကြိမ်တိုင်တိုင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြသည်။ ယင်းဆန္ဒထုတ်ဖော်ပွဲ နှစ်ကြိမ်အနက် အောက်တိုဘာ ၂၂ ရက်က ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် တပ်မတော်ကို ထိုးစစ်ရပ်ပေးရန် အဓိကတောင်းဆို ခဲ့ကြပြီး အောက်တိုဘာ ၃၁ ရက်တွင်ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွငှ်ုဗ ကို ဃြဗ လက်မှတ်ရေးထိုးပေးရန် အဓိက တောင်းဆိုခဲ့ပါတယ်။ ငြိမ်းချမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့မှုအခြေအနေများနှင့်ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည်မြောက်ပိုင်း) အတွင်းရေးမှူး(၁) ဦးစိုင်းထွန်းရင်ကို ပြည်ထောင်စုနေ့စဉ်သတင်းစာမှ တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။ကချင်ပြည်နယ်အတွင်းမှာ တပ်မတော်နဲှု့ဗ တို့အကြားဖြစ်ပေါ်နေတဲ့ တိုက်ပွဲ တွေနဲ့ပတ်သက်ပြီး အောက်တိုဘာလ အတွင်း ကချင်မျိုးနွယ်စုတွေ ဦးဆောင် တဲ့ ဆန္ဒပြပွဲနဲ့ရှမ်းမျိုးနွယ်စုတွေ ဦးဆောင် တဲ့ဆန္ဒပြပွဲနှစ်ပွဲလုပ်သွားပါတယ်။ အဲ့ဒီ ဆန္ဒပြပွဲနှစ်ပွဲက ငြိမ်းချမ်းရေးအတွက် ဦးတည်ပေမယ့် ကွာခြားချက်တွေရှိတယ် လို့ဆိုပါတယ်။ ဘယ်လိုကွာခြားချက် တွေလဲဆိုတာ ရှမ်းမျိုးနွယ်စုအဖွဲ့ကိုယ်စား ပြောပြပေးပါခင်ဗျ။
ဆန္ဒပြပွဲနှစ်ခုက နည်းနည်းတင် မဟုတ်ပါဘူး။ အများကြီးကို ကွာခြား ချက်ရှိပါတယ်။သူတို့လုပ်သွားတဲ့ ဆန္ဒပြ ပွဲက တပ်မတော်ကိုတစ်ဖက်သတ် အပစ် ရပ်ခိုင်းတာခင်ဗျ။ အဲ့ဒီဆန္ဒပြပွဲမှာဆိုရင် တိုင်းရင်းသားတွေရဲ့အရိပ်သဏ္ဌာန်ကို ယူခဲ့တယ်။ ဥပမာ- ရှမ်း၊ ရှမ်းမျိုးနွယ် စုအဖွဲ့ဆိုပြီးတော့ အဝတ်အစားတွေ ဝတ်တယ်။ရှမ်းမျိုးနွယ်စုအဖွဲ့ဆိုပြီးတော့ အလံတွေထောင်ထားတယ်။ အဲ့ဒီထဲမှာ ကချင်တွေပဲ။ အလံတွေကိုင်ပြီးပါဝင် လှုပ်ရှားတယ် ဆိုတဲ့သူတွေကလည်း ရှမ်း အစစ်တွေမဟုတ်ပါဘူး။ တိုင်းရင်းသား တွေကိုခုတုံးလုပ်ပြီး ဖော်ဆောင်သွားတာ။ ကျွန်တော်တို့ဆန္ဒပြပွဲမှာတော့ လီဆူ၊ ရဝမ်ကိုလည်း ကျွန်တော်တို့ဖိတ်ခေါ် ထားခြင်းမရှိပါဘူး။ သူတို့ရဲ့ခံစားချက်နဲ့ သူတို့ပူးပေါင်းပါဝင်လာတယ်။ အတု အယောင်တွေလည်းမဟုတ်ပါဘူး။ပထမ ပြတဲ့ဆန္ဒပြပွဲနဲ့ ကျွန်တော်တို့ရှမ်းအဖွဲ့က ပြတဲ့ ဆန္ဒပြပွဲကတော့ အနှစ်သာရချင်း အင်မတန်ကွာပါတယ်။ ပထမက ဂေါ် ရခါးလူမျိုး၊ ရှမ်းလူမျိုး၊ ဗမာလူမျိုးဆိုပြီး တော့ ဆိုင်းဘုတ်တွေသာ ထောင်ထား တာ၊ အားလုံးအတုအယောင်တွေဖြစ် တယ်။ ကျွန်တော်တို့ကျတော့ လီဆူဆို လည်း တိုင်းရင်းသားစစ်စစ်၊ ရဝမ်ဆို လည်းတိုင်းရင်းသား စစ်စစ်၊ အထူး ဒေသ(၁)ကလာတဲ့ လရှိ(လာချစ်)လူမျိုး ဆိုလည်း သူတို့ကိုယ်တိုင် သူတို့ပြောချင် တဲ့ဆိုင်းဘုတ်တွေ၊သူတို့ ပြောချင်တာတွေ ကိုသူတို့ကိုယ်တိုင်ကိုင်ဆောင်ြေ<ွကးကြော် သွားတာပဲ။ ဒါပြည်သူလူထုရဲ့ခံစားချက် အမှန်ပါ။
ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က ဦးဆောင် ဆန္ဒပြတာကရော ဦးတည်ချက်ကဘာလဲ ခင်ဗျ။
ဒီဆန္ဒထုတ်ဖော်ပွဲတွေက ဘာကိုဦး တည်ထားသလဲဆိုတော့ ကျွန်တော်တို့ ကချင်ပြည်နယ်မှာ မငြိမ်းချမ်းမသာယာ တာနှစ်ပေါင်း ၅ဝကျော်ရှိပြီ။ကျွန်တော်တို့ စွပ်စွဲလို့ရတှာုဗ။ှုဥ ပေါ့။ သူတို့ အခု နိုင်ငံတော်ရဲ့ကမ်းလှမ်းမှုကိုလည်း လက်မခံဘဲနဲ့လုပ်လာတဲ့အခါကျတော့ ကျွန်တော်တို့ နယ်မြေခံတိုင်းရင်းသားတွေ က စီးပွားရေး၊ လူမှုရေး ဘာမှမလှုပ်ရှား နိုင်ဘဲနစ်မွန်းသည်ထက် နစ်မွန်းလာလို့ ဒေသခံတိုင်းရင်းသားပေါင်းစုံက ပူး ပေါင်းဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒေသခံတိုင်းရင်းသားတွေရဲ့ဆန္ဒကှုဗ။ှုဥ ကို ဃြဗ မှာ ပါဝင်လက်မှတ်ရေး ထိုးစေချင်တာလား။ ဒါမှမဟုတ် ဒီလက် နက်ကိုင်အဖွဲ့ကို လုံးဝဖျက်သိမ်းစေချင် တာလား။
ကျွန်တော်တို့ဆန္ဒထုတ်ဖော်တာက တောှု့ဗ ကို ညင်ညင်သာသာနဲ့ ဃြဗ စာချုပ်မှာလက်မှတ်ရေးထိုးစေချင်တယ်။ ဒီလိုမှပါဝင်မပူးပေါင်းဘူးဆိုရင် ဒေသခံ ပြည်သူအားလုံးရဲ့ ဆန္ဒသဘောထားကို လေ့လာကြည့်တာတော့ ဒီအဖွဲ့ဒီနယ် မြေမှာမရှိအောင် ပြတ်ပြတ်သားသား ချေမှုန်းဖို့ တပ်မတော်ကိုတောင်းဆိုတဲ့ စာတမ်းတွေလည်းဆန္ဒပြပွဲမှာတွေ့ခဲ့ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ဆန္ဒ၊ သူတို့ရဲ့ သဘောထားကို သုံးသပ်ကြည့်မယ်ဆိုရင် ကချင်ပြည်နယ်ကြီး ငြိမ်းချမ်းသာယာ ဖို့ဆိုရငှ်ုဗ အဖွဲ့မရှိမှ ပိုပြီးအဆင်ပြေ မယ်လို့ သူတို့လည်း ခံစားထားပါတယ်။
ဒေသခံတိုင်းရင်းသားတွေဘက်ကလည်း တပ်မတော်နဲှု့ဗ တိုက်တယ်ဆိုရင် တပ်မတော်ဘက်က ပါဝင်ကူညီမယ်ဆို ပြီး ကျွန်တော်တို့ကိုပြောဆိုထားတာတွေ ရှိပါတယ်။ ဘယ်လိုပါဝင်ကူညီဖို့ အစီ အစဉ်တွေဆွဲထားတာလဲ။ ပြောပြပေးလို့ ရမလား။
တပ်မတော်က နယ်မြေအေးချမ်းရေး အတွက် ထိုးစစ်ဆင်တဲ့နေရာမှာ တိုင်း ရင်းသားပေါင်းစုံကလည်း ပြည်သူ့စစ် တွေဖွဲ့စည်းကြတယ်။ အဲ့ဒီလိုပါဝင်လမ်း ပြတဲ့နေရာမှာရော၊ ရိက္ခာစုဆောင်းတဲ့ နေရာမှာရော တပ်မတော်ကနေ ဖိဖိစီးစီး မင်းတို့ဒါလုပ်ပါ။ ဒါကူညီပါလို့ တောင်း ဆိုမှုမရှိဘဲနဲ့ တိုင်းရင်းသားတွေက ပါဝင် ကူညီလိုတဲ့စိတ်ထားလေးတွေကိုတွေ့ရှိ ရပါတယ်။ကျွန်တော်တို့ရှမ်းမျိုးနွယ်စုတွေ အားလုံးရဲ့ကိုယ်စားဆိုရင် ကျွန်တော်တို့ က ငြိမ်းငြိမ်းချမ်းချမ်းနဲ့စားပွဲဝိုင်းမှာ စကားပြောချင်ပါတယ်။ ဒါကပထမအဆင့်။ ပထမအဆင့်နဲ့မှ မရဘူးဆိုရင် ဒုတိယ အဆင့်ကတော့ နိုင်ငံတော်ကလည်း ပြည် သူလူထုရဲ့သဘောထားကိုခံယူပြီးတော့ အခုထိုးစစ်တွေဆင်နေတာ။ဒါတပ်မတော် ရဲ့သဘောထားမဟုတ်ပါဘူး။ ကျွန်တော် တို့ပြည်သူလူထုကတောင်းဆိုလို့သာလျှင် တပ်မတော်က ထိုးစစ်ဆင်နေခြင်းလို့ သဘောထားပါတယ်။ တပ်မတော်ဆို တာ မြန်မာနိုင်ငံမှာ တစ်ခုပဲရှိရပါမယ်။ ပြည်သူလူထုကိုကာကွယ်ပေးရမယ့်တာဝန် ရှိတယ်။
ဒီလိုဆန္ဒထုတ်ဖော်တာတွေနဲ့ပတ်သက် ပြီှးုဗ ဘက်ကရော ဘယ်လိုတုံ့ပြန် မှုမျိုးတွေ ဆောင်ရွက်သွားမယ်ထင်ပါ သလဲ။
ှုဗ ဘက်ကတော့ ပြည်သူလူထုနဲ့ ကချင်ပြည်နယ်ကြီးကောင်းစားဖို့ကို လုပ် နေပါတယ်ဆိုတဲ့ သူတို့မူဝါဒတစ်ခုတော့ ရှိတယ်။ အဲ့ဒီအတိုင်းအမှန်အကန်ဆိုရင် တော့ ကျွန်တော်တို့ပြည်သူလူထုတွေကို သူ ဒုက္ခပေးစရာအကြောင်းမရှိဘူး။ နှောင့်ယှက်စရာအကြောင်းမရှိဘူး။ ကျွန် တော်ပြောချင်တှာုဗ အပစ်ရပ်ပေး ရမယ်။ ဃြဗ မှာ လက်မှတ်ထိုးပေး ရမယ်။ှုဗ သာ လက်မှတ်ရေးထိုးရင် စစ်ဆင်ရေးတွေလျှော့ဖို့ ကျွန်တော်တို့ တောင်းဆိုထားပါတယ်။ ကမ်းလှမ်းမှုကို လက်မခံရင်တော့ တပ်မတော်နဲ့ ပြည်သူ ပူးပေါင်းရလိမ့်မယ်လို့ ကျွန်တော်တို့က တော့ခံယူထားပါတယ်။
ှုဗ က ဒေသခံပြည်သူတွေကို ဘယ်လို ဖိနှိပ်မှုတွေလုပ်တာလဲခင်ဗျ။ ဆန္ဒပြပွဲမှာ တောင်းဆိုမှုတွေတွေ့ခဲ့လို့ပါ။
ကျွန်တော်တို့ ဒေသခံပြည်သူတွေရဲ့ တောင်ယာလယ်တောဆိုတာ တောစပ်၊ တောင်စပ်မှာပဲရှိတာပါ။ အဲ့ဒီနေရာတွေ မှာ စာတွေထုတ်ပြီး တောင်သူတွေဆီကို ဖြန့်ဝေတယ်။ မိုင်းထောင်ထားတယ်။ မင်းတို့လယ်လာမလုပ်နဲ့၊ခြံလာမလုပ်နဲ့။ တကယ်လို့မိုင်းနင်းမိရင် မင်းတို့တာဝန်ပဲ ဖြစ်တယ်။ အဲ့ဒီမှာကျွန်တော်တို့ကတောင် ယာမှာ အသီးအနှံတွေသွားခူးတယ်။ ဝါးသွားခုတ်တယ်ဆိုရင် မိုင်းနင်းမိရင် မိုင်းဖိုးလည်း လျော်ရတယ်။ လူလည်း သေတဲ့သူသေတယ်။ ခြေပြတ် လက် ပြတ်တွေဖြစ်တာတွေလည်း ရှိတယ်။ ဒါ တွေက မဖြစ်သင့်တဲ့အလုပ်တွေ။ ဒါတွေ က ရှမ်းတစ်မျိုးတည်းမဟုတ်ပါဘူး။ လီဆူ၊ ရဝမ်တွေလည်းခံစားရပါတယ်။ နောက် မတရားစစ်သားစုဆောင်းတယ်။ ရှေ့ တန်းမှာကို ဘာတွေခံစားရလဲဆိုတော့ စစ်သားစုဆောင်းခံရတဲ့ ရှမ်း၊ လီဆူတွေ ကို ၁၅ ရက်လောက်နဲ့ သင်တန်းပေးပြီး လက်ညှိုးကွေးတတ်၊ ဒိုင်းခနဲကျည်ထွက် ရင်ကို သူတို့ကရဲဘော်လို့သတ်မှတ်လိုက် ပြီ။ တပ်မတော်က နှစ်ပေါင်းများစွာသင် ကြားမှုတွေလုပ်ခဲ့တာ။ ကျွန်တော်တို့ရဲ့ ရှမ်းကလေးတွေ၊ လီဆူကလေးတွေက တိုက်ပွဲအတွေ့အကြုံလည်းမရှိဘူး။ အဲ့ဒီ ကလေးတွေလို ဒိုင်းသဖွယ်အသုံးပြုပြီး တပ်မတော်ကို တိုက်ခိုင်းတယ်။ တပ် မတော်ကို မနိုင်လို့ပြန်ဆုတ်ရငှ်ုဗက နောက်ကနေပစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်တာတွေပေါ့။ ဒါတွေကိုလည်း ရမ်းမပြောပါဘူး။ သက်သေသာဓကတွေ ရှိထားပါတယ်။
လူသစ်စုတာတွေ၊ စာပို့ဆက်ကြေး ကောက်တာတွေကမြို့ပေါ်တွေမှာလည်း ရှိလာတယ်လို့ သိရပါတယ်။
ဒါကိုလည်း ကျွန်တော်တို့သတင်းစာ ရှင်းလင်းပွဲအနေနဲ့ အကျယ်တဝံ့လုပ်မှာ ပါ။ အထောက်အထားတွေရထားပါ တယ်။ ပြီးခဲ့တဲ့တစ်ပတ်ကပဲ မိုးကောင်း မှာ ဆက်ကြေးလာကောက်တဲှု့ဗ က အရာရှိတစ်ယောက်ကို ကျွန်တော်တို့ဖမ်း ထားပါတယ်။ ဒါကိုလည်း သတင်းမီဒီ ယာတွေမှာ တော်တော်လေးပါပါတယ်။ ဒီမြို့ပေါ်မှာသူတို့အဖွဲ့အစည်းတွေကသာ တောင်းဆိုနေတာ 'ငြိမ်းချမ်းရေးလုပ်ပေး ပါ၊ ငြိမ်းချမ်းရေးလုပ်ပေးပါ'သူတို့ ငြိမ်း ချမ်းရေးလုပ်ပေးပါဆိုပြီး ဆန္ဒပြတဲ့နေ့မှာ ပဲ နမ္မတီးမှာ ရှမ်းလူငယ် ၁၁ ဦး အဖမ်းခံ လိုက်ရပါတယ်။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။