images
UN
UN
အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများတွင် သုတေသနဌာနထားရှိရန်Huawei စီစဉ်
ဝေဝေဖြိုး Saturday, 12 November 2016
Huawei အနေဖြင့် စင်ကာပူ နှင့် ဘန်ကောက်အပါအဝင် အာရှ- ပစိဖိတ်ဒေသတွင်းနိုင်ငံများတွင် သုတေသနဌာနတစ်ခုစီ ထားရှိ သွားရန် စီစဉ်နေကြောင်းံကတေနင ၏ သတင်းထုတ်ပြန်ချက်အရ သိ ရသည်။
Huawei မှ အိုင်စီတီအသိုင်း အဝိုင်းရှိ မိတ်ဖက်အဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ အိုင်စီတီလောက သာယာဝပြောစေရေးနှင့်နည်းပညာ ဆန်းသစ်တီထွင်မှုတို့မှ တစ်ဆင့် အိုင်စီတီကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရေးတို့ကို လက်တွဲဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရ သည်။
''အိုင်စီတီနည်းပညာသစ်တွေ ကို ဦးဆောင်သူတစ်ဦးအနေနဲ့ ကမ္ဘာတစ်ဝန်းမှာ အောင်မြင်ခဲ့တဲ့ ရလဒ်တွေကို အတုယူပြီးတော့ မြန်မာနိုင်ငံလို အိမ်နီးချင်းနိုင်ငံရဲ့ ဒေတာမှတ်ပုံတင်ကတ်စနစ်၊ ဒီဂျစ် တယ်အစိုးရနည်းဗျူဟာတွေ e- Government စနစ်တွေ အကောင် အထည်ဖော်ရာမှာ လိုအပ်တဲ့ အကူ အညီအထောက်အပံ့များကို ပေး အပ်လျက်ရှိပါတယ်။ အခုပြောနေ တဲ့ သုတေသနဌာနတွေကို အာရှ-ပစိဖိတ်ဒေသအတွင်းက စင်ကာပူ နဲ့ ဘန်ကောက်တို့မှာ မကြာမီ ကာလအတွင်းမှာ ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ လည်း နောက်ဆုံးပေါ်နည်းပညာ အသစ်တွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးသွားနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်''ဟုHuawei နည်း ပညာကုမ္ပဏီ(ရန်ကုန်)မှ အမှု ဆောင်အရာရှိချုပ်Mr.Zhang Liman က ပြောသည်။
အဆိုပါ သုတေသနများမှတစ် ဆင့်Huawei ၏မိတ်ဖက်များနှင့် သုံးစွဲသူများအနေဖြင့် ဘေးကင်း လုံခြုံသည့် အဆင့်မြင့်မြို့တော်၊ အဆင့်မြင့်နည်းပညာများ၊ Cloud နည်းပညာနှင့် အင်တာနက်ဆိုင်ရာ ကိစ္စရပ်များစသည့် နယ်ပယ်များ ကို လေ့လာရေးပြုလုပ်နိုင်မည်ဖြစ် ပြီး သုတေသနဌာနများအနေဖြင့် တီထွင်ဆန်းသစ်မှုစင်တာ၊မိတ်ဖက် များ တိုးတက်ဖွံ့ဖြိုးရေးစင်တာ၊ နည်းပညာများအတွက် အဖြေရှာ သည့်စင်တာနှင့်လေ့လာရေးစင်တာ တို့အဖြစ် လည်ပတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယင်း၏ ထုတ်ပြန်ချက်မှ သိရသည်။
ထို့အပြင် မိတ်ဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းမှုသည် သတင်း အချက်အလက်နှင့် နည်းပညာ ခေတ်သစ်တွင် လုပ်ငန်းများအား လုံး ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်း နိုင်စေရန်နှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စေရန် အထောက်အကူ ကောင်းများဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။