images
UN
UN
လက်ကိုင်ဖုန်းနှင့် ကွန်ပျူတာပစ္စည်းများ၏ရောင်ခြည်သည် အိပ်စက်ခြင်းကိုထိခိုက်နိုင်
သွန်းသွန်း Saturday, 12 November 2016
Smart လက်ကိုင်ဖုန်းများ၊Tablet များနှင့် ကွန်ပျူတာပစ္စည်း များမှ ထွက်ရှိသည့် အလင်းရောင်ခြည်ကို ကြာကြာကြည့်ခြင်းအားဖြင့် လူကြီး နှင့်ကလေးငယ်များ၏အိပ်ပျော်နိုင်မှု အရည်အသွေးကို ထိခိုက်နိုင်ကြောင်း သုတေသနစာတမ်းနှစ်ခုမှ အတည်ပြုခဲ့ကြောင်း သိရသည်။
စမတ်ဖုန်းများ၊Tablet များနှင့် ကွန်ပျူတာများသည် လူတွေရဲ့ နေ့စဉ်ဘဝကို အလွန်လျင်မြန်စွာထိုးဖောက်လာသည်ကို သိပံ္ပ ပညာရှင် များအနေဖြင့် လေ့လာ သုံးသပ် အချိန်များစွာမပေးနိုင်ခဲ့ ကြောင်း ဖော်ပြ ထားသည်။ သို့ သော်လည်း ကယ်လီဖိုးနီးယား တက္ကသိုလ်နှင့် London King’s College မှသုတေသနပြုသူများက အိပ်ရာဝင်ခါနီးအချိန် တွင် ယင်းကဲ့သို့ ပစ္စည်းများကိုအသုံးပြုခြင်းဖြင့် ထွက်ရှိလာသည့် ရောင်ခြည်များကို တွေ့ထိမိမှုကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်မှု အရည်အသွေးကို ထိခိုက်နိုင်သည်ဟု ဖော်ပြထားသည်။
အိပ်ရေးပျက်ခြင်းမှတစ်ဆင့် အဝလွန်မှု၊ ဆီးချို နှင့်စိတ်ကျရောဂါ ဖြစ်လာနိုင်ကြောင်း ယခင်ကထုတ်ပြန်ခဲ့သည့် သုတေသနတွေ့ရှိမှုများတွင် ဖော်ပြထားသည်။ ရက်ပေါင်း ၃ဝ အတွင်းလူကြီး ၆၅၃ ယောက်၏ လက်ကိုင်ဖုန်းများ၊Tablet များနှင့် ကွန်ပျုတာဖန်သားပြင်ကို ကြည့်ရှု သည့်အချိန်၊ ၄င်းတို့၏ အိပ်စက်မှုအချိန်နှင့် အိပ်ရေးဝမှုများကို တိုင်းတာကာ ကယ်လီဖိုးနီးယားတက္ကသိုလ်က သုတေသနပြုခဲ့ခြင်းဖြစ် သည်။ အထူးသဖြင့် အိပ်ခါနီးအချိန်များတွင် အဆိုပါပစ္စည်းများ၏ ဖန်သားပြင်ကို ကြည့်ချိန်များလေလေအိပ်ချိန်နည်းပြီး အိပ်ရေးမဝ ဖြစ် နေခြင်းတို့သည် သိသာစွာဆက်စပ်နေသည်ကို တွေ့ရှိရသည်။ London King’s College ၏လေ့လာဆန်းစစ်ချက်အရ ကလေးငယ်များ၏ အိပ်ခန်း ထဲတွင် အင်တာနက်သုံးနိုင်သည့်ကိရိယာထားရှိခြင်းသည် ကလေးငယ်၏ အိပ်ရေးဝမှုအရည်အသွေးကို လူကြီးများထက် နှစ်ဆပိုမိုထိခိုက်နိုင် ကြောင်းသိရသည်။