images
UN
UN
မော်လမြိုင်ကျွန်း မြို့ဦးစေတီပွဲတော်တွင် ဆီမီး ၉ဝဝဝ မီးမျှောပူဇော်ပွဲနှင့် ပဲ့ထောင်စက်လှေပြိုင်ပွဲကျင်းပ
မော်ကျွန်းမြင့်အောင် Saturday, 12 November 2016
ဧရာဝတီတိုင်းဒေသကြီးတွင် နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပမြဲဖြစ်သော (၁၈)ကြိမ် မြောက် အတုလသကျနန္ဒ ပြည် တော်ဧ မြို့ဦးစေတီတော် ဗုဒ္ဓပူဇနိ ယပွဲတော် ရှင်ဥပဂုတ္တပူဇော်ပွဲ၊ တုံးလှဲချောင်းမြစ်အတွင်း ဆီမီး ၉ဝဝဝ မီးမျှောပူဇော်ပွဲနှင့် တတိယ အကြိမ်မြောက် ပဲ့ထောင်စက်လှေ ပြိုင်ပွဲကို ယခုလ ၁၃ ရက်မှ ၁၅ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ယင်းမြို့ဦးစေတီ ဗုဒ္ဓပူဇနိယပွဲ တော်ကို မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ်ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးနီနှင့် ကော်မတီဝင်များ၊ ပဲ့ထောင်စက်လှေပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးဝင်းရွှေနှင့် ကော်မတီဝင်များက ကြီးမှူး ကျင်းပသွားမည်ဖြစ်ရာ ပွဲတော် ရက်အတွင်း ဘုရားအနေကဇာတင် လှူပူဇော်ပွဲ၊ ဆွမ်းတော်ကြီးကပ် လှူပွဲ၊ မြို့လုံးကျွတ်သံဃာတော် များအား သုံးရက်တိုင်တိုင် အရုဏ် ဆွမ်းလောင်းလှူပွဲ၊ ဆရာတော်ကြီး များအား လှူဖွယ်ပစ္စည်းဆက်ကပ် လှူဒါန်းပွဲနှင့် တုံးလှဲချောင်းမြစ် အတွင်း ညပိုင်းတွင် ဆီမီး ၉ဝဝဝ မီးမျှောပူဇော်ပွဲများကို တစ်မူထူး ခြားသော အစီအစဉ်သစ်များဖြင့် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ မြို့ဦးစေတီတော် ပွဲတော်အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် မိမိစိတ် ကြိုက် ပဲ့ထောင်စက်လှေပြိုင်ပွဲ၊ ပဲ့ ထောင်စက်လှေအလှပြပွဲနှင့် ပဲ့ ထောင်စက်လှေပြိုင်ပွဲများကို တုံးလှဲချောင်းမြစ်အတွင်း စည် ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ရာ မော်လမြိုင်ကျွန်းမြို့ နယ်အတွင်းမှ ပဲ့ထောင်စက်လှေ အစင်းပေါင်း ၅ဝ ကျော် ပါဝင် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထား ပြီးဖြစ်သည်။ အနယ်နယ်အရပ်ရပ် မှ ဘုရားဖူးများနှင့် မြို့နယ်ပေါင်း စုံမှပြည်သူများ ပွဲတော်ရက်အတွင်း လာရောက်ကြည့်ရှုကြရန် ဖိတ် ခေါ်ထားကြောင်း သိရသည်။