images
UN
UN
မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကျင်းပ
မြမောင်ဦး(ပြင်ဦးလွင်) Saturday, 12 November 2016
မန္တလေးတိုင်းဒေသကြီးပြင်ဦး လွင် မြို့နယ် (၁၂)ကြိမ်မြောက် မဟာအံ့ထူးကံသာဆုတောင်းပြည့် ဘုရား တန်ဆောင်တိုင်ပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ၅နာရီခွဲကအဆိုပါဘုရားကြီး မီးပုံးပျံကွင်းအတွင်းစည်းကားသိုက် မြိုက်စွာဖွင့်လှစ်ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပြင်ဦးလွင် တန်ဆောင်တိုင် ဦးစီးကော်မတီ နာယက မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား မန္တလေးတိုင်း ဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်း များ၊NGOအဖွဲ့များ၊ ပြိုင်ပွဲဝင် အသင်းများ တက်ရောက်ကြပြီး ပွဲ တော်လာ ဘုရားဖူးပြည်သူများ လည်း လာရောက်အားပေးကြည့်ရှု ကြသည်။ ရှေးဦးစွာ အမျိုးသား ကန်တော်ကြီးဥယျာဉ်၏ ပင်တိုင် တီးဝိုင်းဖြစ်သောViolet တီးဝိုင်း နှင့် နိုင်ငံကျော်အဆိုတော်များက မေမြို့(သို့မဟုတ်)ပြင်ဦးလွင် သီ ချင်းနှင့် ပြင်ဦးလွင် မီးပုံးပျံပွဲတော် သီချင်းများ သီဆိုနေစဉ်အတွင်း ပညာရေးမိသားစုမှ ကျောင်းသူ ကလေးများက တေးသရုပ်ဖော် ကပြဖျော်ဖြေတင်ဆက်ကြသည်။
ထို့နောက် ယခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဦးစီးနာယ က မန္တလေးတိုင်းဒေသကြီးဝန်ကြီး ချုပ်ကိုယ်စား မန္တလေးတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးက ပွဲတော် ဖွင့်လှစ်ကြောင်းကြေညာ၍ စက် ခလုတ်နှိပ် ဖွင့်လှစ်ပေးလိုက်သည် နှင့်တစ်ပြိုင်နက် တက်ရောက်လာ သော NGO အဖွဲ့၊ ပြိုင်ပွဲဝင်မီးပုံးပျံ အသင်းများမှ မီးပုံးပျံအငယ်အလုံး ၁ဝဝဝ လွှတ်တင်ခြင်း၊ မီးအလှ ဆင်ထားသော မြင်းရထားပုံစံငယ်၊ နာရီစင်ပုံစံငယ်နှင့် ယခုနှစ် ပြင်ဦး လွင်တန်ဆောင်တိုင်စာတန်းထွက် ပေါ်လာခြင်းနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများကို ပျော်ရွှင် ကြည်နူးစွာ ကျင်းပခဲ့ကြသည်။