images
UN
UN
အစိုးရဖွဲ့နိုင်တဲ့အချိန်မှာ ဘာမှထိထိမိမိမလုပ်နိုင်ဘူး
Saturday, 12 November 2016
ခုတလောလူသတ်မှုတွေ၊ သက်ငယ် မုဒိမ်းမှုတွေ၊ ခိုးဆိုးလုနှိုက်တွေဟာ နေ့ စဉ်ဆိုသလိုဖြစ်ပွားနေတာကိုကြားသိနေ ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူ တွေအကြားမှာ တရားဥပဒေစိုးမိုးမှု အပိုင်းက အရမ်းအားနည်းတယ်လို့ လည်း ပြောဆိုနေကြပါတယ်။ လက်ရှိ အစိုးရဘာလုပ်နေလဲဆိုတဲ့မေးခွန်းတွေ ကြားသိနေရပါတယ်။ ဒီအပေါ်မှာ သုံး သပ်ဆွေးနွေးပေးပါဦး။
အခုဟာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ်ကနေ မှုခင်းတွေ များပြားလာတယ် ဆိုတာသူတို့ကိုယ်တိုင်တရားဝင်ထုတ် ပြန်ခဲ့တာပဲ။ သူတို့ရဲ့ ထုတ်ပြန်ကြေညာ ချက်မှာကို ဘာတွေ့ရသလဲဆိုတော့ ဇန်နဝါရီလကနေစက်တင်ဘာလမှာ၇၆၁ မှု ရှိတယ်။ ၇၆၁ မှုမှာ ကလေးသူငယ် မုဒိမ်းမှုက ၄၆၁ မှုရှိတယ်။ ၂ဝ၁၆ ဇန်နဝါရီမှာဆိုရင် အခုရှိလာတဲ့မုဒိမ်းမှု မှာသက်ငယ်မုဒိမ်းမှုက ထက်ဝက်ကျော် တဲ့အထိရောက်လာပြီ။ လူသတ်မှုဆိုတာ ကလည်း ၁ဝ ရက်မှာဆိုရင် သန်လျင် မြို့နယ်တစ်မြို့နယ်တည်းမှာပဲ လူသတ် မှုကနှစ်မှု၊ မရမ်းကုန်းမှာ သီးခြားလူ သတ်မှု၊ လှိုင်သာယာမှာ သီးခြားလူသတ် မှု စုစုပေါင်းလေးမှု၊ ရဲတပ်ဖွဲ့ရဲ့ထုတ်ပြန် ကြေညာချက်တွေအရ မှုခင်းတွေ များ ပြားလာတယ်။ ဒါနဲ့ပတ်သက်ရင် နှစ်ပိုင်း ပြောရမှာပေါ့။ အဓိက ပြောရမှာကတော့ တိုင်းပြည်ရဲ့ဆင်းရဲမွဲတေမှုနှုန်း၊ အစိုးရ သစ်လက်ထက်မှာ ဆင်းရဲမွဲတေမှုနှုန်းကို လျော့ကျအောင် မလုပ်နိုင်ဘူး။အဲ့လို အခြေအနေမျိုးမှာတရားဥပဒေစိုးမိုးရေး ကလည်းအားနည်းတာပေါ့။ တရား ဥပဒေစိုးမိုးရေးနဲ့ပတ်သက်ရင် ရဲအင်အား နဲ့လူထုအင်အားက မလုံလောက်ဘူး။ ပြည်ထဲရေးဝန်ကြီးဌာနကိုတော့ ကျွန် တော်တို့ပြီးခဲ့တဲ့ငါးနှစ်ကတည်းက ပြောခဲ့ တာပဲ။ လူထုအင်အားနဲ့ရဲအင်အားကို လုံလောက်အောင်လုပ်ပေးရမယ်။ ဒါက တော့ ကာကွယ်မှုအပိုင်းပါပဲ။ သို့သော် လည်းပဲ တရားရေးယန္တရားတွေ ဘာ တွေကနေပြီးတော့ ဥပဒေနဲ့အညီစီရင် ပြီးတော့ ကာကွယ်နိုင်တဲ့အဆင့်အထိ ရောက်မလာဘူး။ ဘာလို့လည်းဆိုတော့ တရားရုံးတွေမှာ လာဘ်ပေးလာဘ်ယူမှု တွေကို ကျွန်တော်တို့ထိထိရောက်ရောက် မှမထိုးနှက်နိုင်တာဘဲ။ ဒါတွေအများကြီး လုပ်ဖို့လိုတယ်။ အုပ်ချုပ်ရေးပိုင်းအား နည်းတဲ့အပြင် တရားဥပဒေစိုးမိုးရေးကို လုပ်မယ့်သူတွေ ကိုယ်နှိုက်ကလည်း ခုဒီ ခုနစ်လမှာ အတိုက်အခံဘဝတုန်းက အော်ကြီးဟစ်ကျယ် အော်နိုင်ပေမယ့် အစိုးရအဖြစ် အစိုးရဖွဲ့နိုင်တဲ့အချိန်မှာ ဘာမှထိထိမိမိမလုပ်နိုင်ဘူးဆိုတာ ကျွန် တော်တို့တွေ့လာရပြီ။ အသေးအမွှား လေးတွေမှာ အချိန်ကုန်ပြီးတော့ တကယ့် ကို ရာဇဝတ်မှုတိုက်ဖျက်ရေးအတွက် လုပ်ရမယ့်အခြေအနေတွေမှာ မလုပ် နိုင်တာတွေ့ရတယ်။ ဒါတိုင်းပြည်ရဲ့ ရာဇဝတ်မှုတိုးပွားမှုနှုန်းတွေကို တကယ် လေ့လာတယ်။ ဒါ ကျွန်တော် လွှတ် တော်မှာလည်း တကယ်မေးခွန်း မေး ထားခဲ့ပါတယ်။ အဲ့ဒါက ဘာလဲဆို ရာဇဝတ်မှုဘာကြောင့် ဖြစ်ပွားသလဲဆိုတဲ့ အသေးစိတ်လုပ်ငန်းကအစ အမြင့်မားဆုံး ပေါ်လစီချနိုင်တဲ့ ကော်မတီတစ်ခုဖွဲ့ရ မယ်။ ပြည်သူတွေရဲ့စီးပွားရေးကြောင့်၊ လူမှုရေးကြောင့်၊ နိုင်ငံရေးကြောင့် အခြား အကြောင်းတွေမှာ ပါဝင်တဲ့ဖြစ်စဉ်တွေကို လေ့လာပြီးမှ ရာဇဝတ်မှုခင်း၊ ပြစ်မှုမှုခင်း တွေကိုတားဆီးဖို့၊ နှိမ်နင်းဖို့ထိရောက်တဲ့ စီမံချက်တွေချရမှာဖြစ်တယ်။ အခုဟာ ကတော့ ဟိုတလောက ရဲတပ်ဖွဲ့ကို တစ် မြို့နယ်ကိုသိန်း၁ဝဝဆိုတာပေးလိုက်တာ ပဲ။ ဒါပေမဲ့ ကျွန်တော်တို့သိရသလောက် ဆို ဒီပေးလိုက်တဲ့သိန်း ၁ဝဝ စီမံချက် ဟာ လက်ရှိတိုးပွားလာတဲ့မှုခင်းတွေ ကိုကြည့်လိုက်မယ်ဆို ဘာမှမထိရောက် ဘူးဆို သက်သေခံနေတာပဲ။ ချုပ်ပြောရ ရင်ရာဇဝတ်မှုခင်းတွေ တိုးပွားလာတာ တွေနဲ့ ပတ်သက်ရင် ဆင်းရဲမွဲတေမှုက အရင်းခံ၊အခြားသောလူမှုရေးအကြောင်း တွေလည်း အများကြီးရှိတယ်။ သို့သော် ဘာဖြစ်ဖြစ် ရာဇဝတ်မှုတိုးပွားလာပြီ ဆို ရင်တော့ အစိုးရမှာတာဝန်ရှိတယ်။ အစိုးရက ဒီတာဝန်ကိုထမ်းဆောင်နိုင်ဖို့ လိုတယ်။ ပြည်သူတွေရဲ့အသက်အိုးအိမ် စည်းစိမ်တွေကိုကာကွယ်ရမှာ အစိုးရ အဆက်ဆက်ပဲ။ ဒါပေမဲ့ ခုအစိုးရက အခြေခံဥပဒေအရ ဒီနိုင်ငံသားတွေရဲ့ နေအိမ်ဥပစာလုံခြုံမှု၊ ပစ္စည်းလုံခြုံမှုကို ဥပဒေအရကာကွယ်ရမယ်ဆိုပြီး အခြေခံ ဥပဒေကပြဋ္ဌာန်းထားတယ်။ ဒါကြောင်
အကာအကွယ် မပေးနိုင်ရင် အစိုးရက အခြေခံဥပဒေအတိုင်းမဆောင်ရွက်နိုင်ဘူး ဆိုတာအဓိပ္ပာယ်သက်ရောက်နေပါတယ်။
အသေးအမွှားလေးတွေပဲ လုပ်နေ တယ်။ အစိုးရက ထိထိမိမိ မဆောင်ရွက် နိုင်ဘူးဆိုတာ ဥပမာတစ်ခုအနေနဲ့ပြောပြ ပေးပါခင်ဗျ။
အဲ့ဒါကတော့ တခြားမကြည့်နဲ့ အခု ရပ်ကွက်တွေထဲမှာ ရပ်ကွက်အခြေပြု အထောက်အကူပြုအဖွဲ့တွေ လုပ်တယ်။အဲ့ဒီမှာ တာဝန်ရှိတဲ့သူတွေကိုယ်တိုင်က ညဘက်အဲ့ဒီလိုကင်းလှည့်သွားတာကိုပဲ အလုပ်ကြီးတစ်ခုလို ဖြစ်နေတယ်။ တကယ်လုပ်ရမှာက လွှတ်တော်တွင်းမှာ ရာဇဝတ်မှုလျော့နည်းဖို့၊ တရားဥပဒေ စိုးမိုးဖို့ဥပဒေတွေတင်ရမယ်။အဲ့ဒီအတွက် အစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဘယ်လိုထိန်းကျောင်းမလဲ။ အစိုးရ ကလည်း တရားဥပဒေအတိုင်း ထိထိ ရောက်ရောက်လုပ်ကိုင်နိုင်စွမ်းရှိမရှိကို ဘယ်လိုအကဲဖြတ်ပြီး ဘယ်လိုထိထိ ရောက်ဖြစ်အောင် လုပ်မလဲဆိုတာလုပ် ရမယ်။ ဒါက တကယ့်တာဝန်ရှိတဲ့လွှတ် တော်မှာ ၁၉၅၆ ခုနှစ်ပါလီမန်လွှတ်တော် မှာတရားဥပဒေစိုးမိုးရေးအတွက် လူ သတ်မှု၊ လုယက်မှု၊ မုဒိမ်းမှု၊ နောက်မီးရှို့ မှုတွေ များပြားလာတဲ့အခါမှာ တာဝန်ရှိ တဲ့အစိုးရကို အယုံအကြည်မရှိ အဆိုတင် ပြီးတော့ ဖျက်သိမ်းဖို့ အားပေးတဲ့အထိ ဆောင်ရွက်လာမယ်ဆိုရင် ရာဇဝတ်မှုခင်း တွေနဲ့ပတ်သက်တာလျော့နည်းလာမယ်။ တရားဥပဒေစိုးမိုးမှု ဆိုတာကလည်း အပြောမဟုတ်ဘဲနဲ့ အလုပ်နဲ့သက်သေထူ လာနိုင်မှာပေါ့။
လက်ရှိအစိုးရက ဖွဲ့စည်းပုံအခြေခံ ဥပဒေကို မသုံးဘူးလို့ပြောလို့ရသလား။ ဒါမှမဟုတ်လိုအပ်မှ ထုတ်သုံးတယ်ပြော လို့ရမလား။ အစိုးရလက်ရှိဆောင်ရွက် နေတဲ့ပုံသဏ္ဌာန်က ဘယ်လိုပုံသဏ္ဌာန်နဲ့ အလားတူမလဲဆိုတာပြောပြပေးပါ။
အဲ့ဒီမှာတော့ ကျွန်တော်နှစ်ပိုင်း ခွဲပြောလိမ့်မယ်။ တစ်ပိုင်းကတော့ ဒီ အခြေခံဥပဒေနဲ့ပတ်သက်ပြီးတော့ ဒီ အစိုးရအသစ်ဟာ အာဏာရလာတာ။ သို့သော် သူပြင်ချင်တဲ့ဆန္ဒကတော့ ၂ဝ၁၂ ကြားဖြတ်တုန်းကလည်း သူပြော ခဲ့တယ်။ လွှတ်တော်မှာလည်း သူပြင်ဖို့ ကြိုးစားတယ်။ မအောင်မြင်ခဲ့ဘူးပေါ့။ မအောင်မြင်ပေမယ့်လည်း၂ဝ၁၅ ရွေး ကောက်ပွဲမှာလည်း ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ပဲ သူရွေးကောက်ပွဲဝင် ခဲ့တာပဲ။ ရွေးကောက်ပွဲဝင်ပြီးတော့ လွှတ်တော်မှာလည်း ကျမ်းကျိန်တော့ ဒီဟာကို လိုက်နာမယ်လို့ပြောရင်တော့ ဒီဖွဲ့စည်းပုံနဲ့ပတ်သက်တာ လိုက်နာဖို့လို တာပေါ့။ ဥပမာ- ဘယ်လိုနေရာမျိုးမှာ ဒီဖွဲ့စည်းပုံကိုယူသလဲဆိုတဲ့အခါကျတော့ ခုရခိုင်ဒေသမှာ ရခိုင်အမျိုးသားပါတီက အများစုလွှတ်တော်ကိုယ်စားလှယ်ရ တယ်။ ရှမ်းမှာလည်း ဘာပဲပြောပြော ပြည်ခိုင်ဖြိုးကအများစု ပြီးရင်ရှမ်းပါတီ တွေရတယ်။ အဲ့ဒီအခါမှာ ဒီမိုကရေစီ စံနှုန်းအရပြောရင်တော့ ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အများစုရတဲ့သူ တွေကို သက်ဆိုင်ရာပြည်နယ် ဝန်ကြီး ချုပ်ခန့်ရမှာပေါ့။သူမခန့်ချင်တဲ့အခါကျ တော့ကျွန်တော်တို့ပြင်ဖို့တင်ခဲ့တဲ့အခြေခံ ဥပဒေပုဒ်မ(၂၆၁)(ခ) အရ သမ္မတကနေ သက်ဆိုင်ရာတိုင်းနယ်ပြည်နယ်ဝန်ကြီး ချုပ်တွေကို ခန့်အပ်နိုင်တယ်ဆိုတဲ့ပုဒ်မနဲ့ သူ့ သက်ဆိုင်ရာသူ့ပါတီက ပုဂ္ဂိုလ်တွေ၊ ဥပမာ-ရှမ်းမှာဆိုလည်း ရှမ်းပါတီက မဟုတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ရခိုင်မှာဆိုလည်း ရခိုင်ပါတီကမဟုတ်ဘဲ မဲအနည်းစုရတဲ့ သူတွေကို ဝန်ကြီးချုပ်ခန့်လိုက်တယ်။ ဒါက သူလိုရင်သုံးခဲ့တဲ့ဟာ။ သူမလိုရင် မသုံးဘူးဆိုတဲ့ဟာကတော့ အဓိကပြော ရရင်တော့ အခြေခံဥပဒေပုဒ်မ (၁၁)ပါ ပြဋ္ဌာန်းချက် နောက်တစ်ခါ ခြေဥပါ သမ္မတနဲ့ပြဋ္ဌာန်းချက် စတဲ့ကိစ္စတွေမှာ အတိအလင်းပြဋ္ဌာန်းထားတဲ့ တပ်မတော် ကိုယ်စားလှယ်တွေကလည်း အခြေခံ ဥပဒေနဲ့မကိုက်ညီဘူးလို့ ပြင်းပြင်းထန် ထန်ကန့်ကွက်ခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဥပဒေလိုဟာမျိုးပေါ့။ ခြေဥကိုဆန့်ကျင် ပြီးတာ့ ဥပဒေကို အတည်ပြုခဲ့တယ်။ အခြေခံဥပဒေနဲ့ ပြဋ္ဌာန်းချက်ကိုသုံးချင် တဲ့နေရာသုံး၊မသုံးချင်တဲ့နေရာ မသုံးဘူး ဆိုတဲ့ အဓိကထောက်ပြစရာအချက် တွေပေါ့။