images
UN
UN
ASEAN CONSTRUCTORS FEDERATION ၏ (၄၂) ကြိမ်မြောက်အစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ပထမအကြိမ်လက်ခံကျင်းပမည်
PTK Monday, 14 November 2016
ASEAN CONSTRUCTORS FEDERATION ၏ (၄၂)ကြိမ်မြောက် အစည်းအဝေး ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမအကြိမ်လက်ခံကျင်းပမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆောက်လုပ်ရေး ဆိုင်ရာလုပ်ငန်းရှင်များအသင်း၏ အကြိုမိတ်ဆက် သတင်းစာရှင်း လင်းပွဲမှ သိရသည်။
ASEAN CONSTRUCTORS FEDERATION တွင် မြန်မာ နိုင်ငံမှ အသင်းဝင်အဖြစ် ယခုနှစ် တွင် စတင်အသိအမှတ်ပြုခံရပြီး ASEAN CONSTRUCTORS FEDERATION ၏ (၄၂)ကြိမ်မြောက် စုံညီ အစည်းအဝေးကို ရန်ကုန်မြို့၌ ယခုလ ၁၈ ရက်နှင့် ၁၉ ရက်တို့ တွင်Sedona နှင့် Melia ဟိုတယ် တို့တွင် လက်ခံကျင်းပသွားမည် ဖြစ်သည်။
''ဒီအသင်းကြီးကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင် များအသင်းက ၂ဝ၁၆ ဇွန် ၃ ရက် က ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အ စည်းအဝေးမှာတက်ရောက်တဲ့အခါ ဃြနဗ အသင်းကို အာဆီယံ ဗင်္ဃ ရဲ့အသင်းဝင်အဖြစ်အသိအ မှတ်ပြုခဲ့ပါတယ်။ အာဆီယံကွန်ထ ရက်တာဖက်ဒရေးရှင်းရဲ့(၄၂)ကြိမ် မြောက်အစည်းအဝေးကို ရန်ကုန် မှာကျင်းပမှာဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသာဌေးကပြောသည်။
ASEAN CONSTRUCTORS FEDERATION ၏စုံညီ အစည်းအဝေးကို ပုံမှန်ခြောက်လ တစ်ကြိမ်ကျင်းပခဲ့ပြီး အစည်းအဝေး တွင် အသင်းဝင်အာဆီယံနိုင်ငံ များ၏ ဆောက်လုပ်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများ၊ နည်းပညာ များ၊ အတွေ့အကြုံများကို မျှဝေ ဖလှယ်မှုများဆောင်ရွက်ကြမည် ဖြစ်ကြောင်း ASEAN CONSTRUCTORS FEDERATION ကို ၁၉၈၅ ခုနှစ် မှစတင်၍ အာဆီယံအသင်းဝင် ငါး နိုင်ငံဖြင့်ဖွဲ့စည်းခဲ့ရာ လက်ရှိတွင် အသင်းဝင်ရှစ်နိုင်ငံရှိပြီဖြစ်ကြောင်း၊ ယခုလတွင် ကျင်းပမည့် အစည်း အဝေးတွင် အာဆီယံနိုင်ငံ ခုနစ်နိုင်ငံ မှ တက်ရောက်သူ ၃၂ ဦးခန့်တက် ရောက်မည်ဖြစ်ကြောင်း သိရသည်။