images
UN
UN
အင်ကြင်းကျောက်ဥပဒေထွက်ရှိရေး လွှတ်တော်တင်မည်
ဌေးမြင့်မောင်(နွားထိုးကြီး) Monday, 14 November 2016
နွားထိုးကြီးမြို့နယ်ထွက် အင် ကြင်းကျောက်လုပ်ငန်း၊အင်ကြင်း ကျောက်ဥပဒေထွက်ရှိရေးအတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များနှင့်အင်ကြင်းကျောက် လုပ်ငန်း ရှင်များတွေ့ဆုံပွဲကို ယခုလ ၁၂ ရက်က နွားထိုးကြီးမြို့ရှိ အင်ကြင်း ကမ္ဘာခန်းမတွင် ပြုလုပ်ခဲ့သည်။
အင်ကြင်းကျောက်မူဝါဒချမှတ် ရေး၊လွှတ်တော်တင်နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံရခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်ထူးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးစိန်ကျော်မိုးတို့က ရှင်း ပြသည်။
အင်ကြင်းကျောက်ဈေးကွက် ရရေး ၊အကြမ်းအချော ထုတ်လုပ် ရေး၊သယ်ယူရောင်းချရေး၊ တရုတ် ဈေးကွက်အပြင် အိန္ဒိယ၊ ဥရောပ ဈေးကွက်တိုးချဲ့ရေး၊ အင်ကြင်း ကျောက်ဥပဒေ ထွက်ရှိရေးကို အကြမ်းလုပ်ငန်းရှင်၊ အချောလုပ် ငန်းရှင်များက အခက်အခဲများကို တင်ပြကြသည်။