images
UN
UN
ကမ္ဘာပေါ်ရှိဂေဟစနစ်များ ပျက်သုဉ်းလျော့ပါးလာမှုနှင့်အကျိုးဆက်များ
ဒေါက်တာနေဝင်း(မွေး/ကု) Monday, 14 November 2016
ယနေ့ကမ္ဘာ့ပတ်ဝန်းကျင်အဆင့်နိမ့်ကျ လာမှု၏ အဓိကအကြောင်းရင်းတစ်ခု အနေဖြင့် ကမ္ဘာမြေပြင်ပေါ်ရှိဂေဟစနစ် များ ပျက်သုဉ်းလျော့နည်းလာမှုကြောင့် ဖြစ်ပါသည်။ ဂေဟစနစ်ဆိုသည်မှာ သက်ရှိသတ္တဝါတစ်ကောင်ဖြစ်စေ၊ သစ် ပင် တစ်ပင်ချင်းဖြစ်စေ၊ ၄င်းတို့၏ပတ် ဝန်းကျင်ရှိသက်မဲ့ဖြစ်သော ၄င်းတို့၏ရှင် သန်ပြည့်စုံမှုအား ဖြည့်စွက်ပေးသည့် ပစ္စည်းများဖြစ်သည့် ဥပမာ-လေ၊ ရေ၊ မြေသားနှင့်သတ္တုဓာတ်များနှင့်အတူ အာ ဟာရဓာတ်ရရှိမှုနှင့် စွမ်းအင်ရရှိမှုတို့မှ တစ်ဆင့် လုပ်ငန်းအတူတူလုပ်ကိုင်၍ အချင်းချင်းအပြန်အလှန်အကျိုးပြုသည့် စနစ်တစ်ခုဖြစ်ပါသည်။
ဂေဟစနစ်တစ်ခု၏တည်ငြိမ်မှုမှာ လူ သားတို့ဖန်တီးသည့်လုပ်ရပ်များကြောင့် အနှောင့်အယှက်များဖြစ်ပေါ်မှုက ဂေဟ စနစ်တစ်ခု၏အခြေအနေတစ်ခုမှ တခြား အခြေအနေတစ်ခုသို့ ပြောင်းလဲသွားမှု ပေါ်တွင် မူတည်လျက်ရှိပါသည်။ ဂေဟ စနစ်တစ်ခု၏ စဉ်ဆက်မပြတ်ရှင်သန်မှု မှာလည်း ၄င်းစနစ်၏ ထုတ်လုပ်မှုဆိုင်ရာ အဆင့်အတန်း၊ အာဟာရဓာတ်ပါဝင်မှု ဖြစ်စဉ်၊ တည်ရှိရာမြေသား၏မြေသြဇာ အရည်အသွေးနှင့်၎င်းတို့၏ဇီဝမျိုးကွဲများ ဖြစ်ပေါ်မှုဆိုင်ရာ အဆင့်အတန်းတို့ပေါ် တွင်ထိန်းသိမ်းထားနိုင်မှုပင်ဖြစ်ပါသည်။
ဂေဟစနစ်တစ်ခု၏ ပြောင်းလဲပျက် သုဉ်းမှုအား အကျိုးသက်ရောက်စေသည့် အချက်များအားကြည့်ပါက သက်မဲ့ အကြောင်းအရာများဖြစ်သည့် အက်စစ် ဓာတ်ပါဝင်သည့် မိုးရွာသွန်းမှုများ၊ ပတ် ဝန်းကျင်အပူချိန်မြင့်တက်လာမှုနှင့် ပတ် ဝန်းကျင်ညစ်ညမ်းလာမှုများ၊ လူဦးရေ တိုးတက်လာမှု၊ စီးပွားရေးဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများ၊ လူမှုစီးပွားရေးဆိုင်ရာကိစ္စ များ၊ ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ အချက်များနှင့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ကိစ္စရပ်များကြောင့် ဖြစ်ပါသည်။
ကမ္ဘာပေါ်ရှိသဘာဝအရင်းအမြစ်များ အား ထုတ်ယူသုံးစွဲရာတွင် သဘာဝ အတိုင်းထုတ်လုပ်နိုင်မှုနှုန်းထက် ကျော် လွန်ထုတ်ယူသုံးစွဲမှုများကြောင့် ဂေဟ စနစ်များအားပျက်စီးစေပါသည်။ ဥပမာ အားဖြင့် တောရိုင်းအပင်များ၊ ငှက်များ၊ နို့တိုက်သတ္တဝါများ၊ ကုန်းရေနေသတ္တဝါ များနှင့် ၄င်းတို့၏ဥများအား လူသားတို့ အတွက် အစားအစာ၊ သားရေ၊ အမွေး အတွက်လည်းကောင်း၊ သိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းအတွက်လည်းကောင်း ထုတ်ယူသုံးစွဲမှုများကြောင့်ဖြစ်ပါသည်။
ထို့အပြင် ပြင်းထန်သည့်ရာသီဥတု ပြောင်းလဲမှုများဖြစ်သည့် ရေကြီးရေလျှံ ခြင်း၊ မိုးခေါင်ခြင်းတို့က ဂေဟစနစ်များ ၏ ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေ ရှိမှုဆိုင်ရာအရည်အသွေးအားထိခိုက်စေ ပါသည်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုများ ဖြစ်သည့် ဓာတ်မြေသြဇာသုံးစွဲခြင်း၊ ပေါင်းသတ်ဆေးသုံးစွဲခြင်း၊ ပိုးသတ်ဆေး သုံးစွဲခြင်းတို့က ပတ်ဝန်းကျင်တွင် ပျံ့နှံ့ လျက်ရှိသော သက်ရှိပိုးများ၊ သတ္တဝါ များအား နည်းမျိုးစုံဖြင့် ပြောင်းလဲပျက် စီးစေပါသည်။ ကမ္ဘာ့ပတ်ဝန်းကျင်အပူ ချိန်မြင့်တက်မှုကလည်း အဏုဇီဝပိုးများ ၏အသက်ရှူမှုအားထိန်းချုပ်ထားပြီး အပူ ချိန်မြင့်မားလာသည်နှင့်အမျှ အဏုဇီဝပိုး များ၏ကိုယ်ခန္ဓာတည်ဆောက်မှုပုံစံအား ပြောင်းလဲပျက်စီးစေပါသည်။
ကမ္ဘာ့ပတ်ဝန်းကျင်အပူချိန်မြင့်တက်မှု
များပြုန်းတီးလာမှုကြောင့်ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိသစ်တောများသည် ကမ္ဘာ၏ အဆုတ်သဖွယ်ဖြစ်ပါသည်။ သစ်ပင်များ သည် ၄င်းတို့၏အစာချက်လုပ်မှုလုပ်ငန်း အား လေထုအတွင်းမှ ကာဗွန်ဒိုင်အောက် ဆိုဒ်ဓာတ်အားစုပ်ယူ၍ လေထုအတွင်းသို့ အောက်ဆီဂျင်ဓာတ်အား ပြန်၍ထုတ်လွှင့် ကြပါသည်။ သစ်ပင်များ၏ အစာချက် လုပ်မှုလုပ်ငန်းလုပ်ကိုင်ရာတွင် နေမှ ရရှိ သော အလင်းရောင်းအားရယူ၍ လေထု တွင်းရှိကာဗွန်ဒိုင်အောက်ဆိုဒ် ဓာတ်အား စုပ်ယူပြီးရေနှင့်ပေါင်းစပ်ကာကစီဓာတ်နှင့် အောက်ဆီဂျင်ဓာတ်အား ထုတ်လုပ်၍ အောက်ဆီဂျင်ဓာတ်အား လေထုအတွင်း သို့ ပြန်လည်ထုတ်လွှင့်ပါသည်။
ယနေ့သစ်တောများ ပြုန်းတီးမှုအား ကြည့်ပါက အပူပိုင်းဒေသရှိ အမြဲစိမ်း သစ်တောများ ပြုန်းတီးလာမှုကလည်း ဂေဟစနစ်ဇီဝမျိုးကွဲများအား ဖြစ်ပေါ်မှု အား ကြီးမားသော ပြောင်းလဲပျက်စီးမှု အားဖြစ်စေပါသည်။ အပူပိုင်းဒေသ အမြဲ စိမ်းသစ်တောများတွင် ကမ္ဘာ့တိရစ္ဆာန်မျိုး များ၏ရာခိုင်နှုန်း၅ဝမှ ရာခိုင်နှုန်း၆ဝခန့် နေထိုင်ရာဒေသဖြစ်ပါသည်။ ယနေ့အပူ ပိုင်းဒေသအမြဲစိမ်းသစ်တောများသည်လွန် ခဲ့သောနှစ်ပေါင်း ၁ဝဝဝခန့်အတွင်းပျက် သုဉ်းခဲ့ရာမှမူလပမာဏ၏ထက်ဝက်ထက် နည်းသော ပမာဏသာကျန်ရှိပါတော့ သည်။၎င်းသစ်တောများ၏ ပျက်စီးမှုနှုန်း အားကြည့်ပါက တစ်နေ့လျှင် ဧကပေါင်း ၈ဝဝဝ ခန့်ပျက်စီးဆုံးရှုံးလျက်ရှိပါသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သစ်တောများ ပြုန်းတီးမှုများကြောင့် အပင်နှင့် သတ္တဝါ မျိုးပေါင်း ၁ဝဝ ခန့်နေ့စဉ်ပျောက်ကွယ် လျက်ရှိပါသည်။ သစ်ပင်များသည် မြေ သားများ၏ ဓာတုဗေဒဆိုင်ရာဖွဲ့စည်းမှု များအား ပြောင်းလဲစေတတ်သည့် သတ္တိ အား ပိုင်ဆိုင်သူများဖြစ်ပါသည်။
သိပ္ပံနှင့်နည်းပညာတိုးတက်လာမှုများ ဖြစ်သည့် စိုက်ပျိုးရေးလုပ်ငန်းတွင် လယ်ယာမြေဧကချဲ့ထွင်မှုမရှိဘဲ တစ် ဧကအထွက်နှုန်းတိုးပွားလာစေရန် ဆောင် ရွက်ခြင်း၊ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း တွင် နည်းပညာတိုးတက်လာမှုကြောင့် ဖမ်းဆီးရမိသည့် ငါးပမာဏများပြားလာ ၍ ငါးများရှားပါးခြင်းအား ဖြစ်ပေါ်စေ ပါသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တွင် ထွန်ယက်စိုက်ပျိုးမှုများက မြေကြီး အတွင်းရှိ အဏုဇီဝပိုးများအား အောက်ဆီ ဂျင်ဓာတ်နှင့် ပိုမိုထိတွေ့စေခြင်းဖြင့်လည်း ကောင်း၊ သြဂဲနစ်ပစ္စည်းများဖြစ်သည့် ပိုတက်ဆီယမ်၊ဆိုဒီယမ်နှင့်ကယ်လ်ဆီယမ် စသည့်ဓာတ်များနှင့်ပို၍ ထိတွေ့မှုများဖြစ် စေပါသည်။ ယင်းထိတွေ့မှုများက မြေ သြဇာဓာတ်များအားထိန်းသိမ်းထားသည့် အဏုဇီဝပိုးများအား ပျက်စီးစေပါသည်။
သို့ဖြစ်ပါ၍ ကမ္ဘာပေါ်ရှိ ဂေဟစနစ် များ ပျက်သုဉ်းလာမှုနှင့် ယင်းပျက်သုဉ်း လာမှုကြောင့် ဖြစ်ပေါ်လာမည့်နောက် ဆက်တွဲအကျိုးဆက်များအား သိရှိနိုင်ပါ ရန် ရေးသားတင်ပြလိုက်ရပါသည်။
ရင်းမြစ်-အင်တာနက်