images
UN
UN
လမ်းပြောင်းပြန်မောင်းသော အငှားယာဉ်ဆိုင်ကယ်များနှင့်စီးသူများကို ထိထိရောက်ရောက်အရေးယူပေးပါ
Monday, 14 November 2016
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်တွင် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောခြင်း များကို အကြိမ်ကြိမ်အခါခါပြုလုပ်ပြီး သတိပေးထားသော်လည်း ဆိုင်ကယ်အငှားယာဉ်မောင်းများနှင့် ဆိုင်ကယ်စီးပြည်သူများမှာမူ လိုက်နာမှုမရှိကြောင်း တွေ့ရှိရသည်။
ကျောက်တန်းမြို့နယ် ရေလယ်ဘုရားလမ်းတွင် ယမန်နေ့က လမ်းပြောင်းပြန်မောင်းနှင်လာသော ဆိုင်ကယ်အငှားယာဉ် မောင်းသမားများနှင့် ဆိုင်ကယ်စီးပြည်သူများကို တွေ့ရှိရပါ သည်။
ယခုလို လမ်းပြောင်းပြန်မောင်းနှင်ခြင်းအားဖြင့် လမ်းအမှန် ဖြင့်မောင်းလာသော ယာဉ်များမှာ ဒုက္ခတွေ့ရပြီး ၄င်းတို့ကို မတိုက်မိအောင် ရှောင်တိမ်းမောင်းနှင်ရကြောင်း တွေ့ရှိရသည်။ ခရီးသွားပြည်သူများမှာလည်း ခရီးသွားလာရာတွင် စိတ် အနှောင့်အယှက်များကြုံတွေ့ရသည်။ မတော်တဆယာဉ်တိုက်မှု များ ဖြစ်ပွားလျှင် ဆိုင်ကယ်မောင်းသူများမှာ ၄င်းတို့က လမ်း ပြောင်းပြန်မောင်းလာကာ ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွား ကြောင်း၊ ယခုလိုမဖြစ်ပွားအောင် သက်ဆိုင်ရာက ထိထိမိမိ ကြပ်မတ်ဆောင်ရွက်သင့်ပါကြောင်း ပြည်သူတစ်ဦးအနေဖြင့် တင်ပြအပ်ပါသည်။ ကျော်ဆန်းမြင့်