images
UN
UN
အိမ်မဲ၌ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများအား စိုက်ပျိုးစရိတ် ချေးငွေများထုတ်ချေး
ဌေးဌေးလှိုင်(အိမ်မဲ) Monday, 14 November 2016
ဧရာဝတီတိုင်း ဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့နယ် မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ် မန်နေဂျာဒေါ်ချယ်ရီတင်နှင့်ဝန်ထမ်း များက အိမ်မဲမြို့နယ်အတွင်းရှိ ဆောင်းသီးနှံစိုက်ပျိုးတောင်သူများ အတွက် ဆောင်းသီးနှံစိုက်ပျိုး စရိတ်ချေးငွေများကို အောက်တို ဘာ ၂၇ ရက်မှစ၍ စိုက်ပျိုးမြေ တစ်ဧကကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိသည်။
စိုက်ပျိုးစရိတ်ချေးငွေများကို အိမ်မဲမြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု ၉ဝ ကို ထုတ်ချေးပေး မည်ဖြစ်ပြီး တောင်သူဦးရေ၈ဝဝဝ ကျော်၏စိုက်ပျိုးမြေဧက ၃၅၅ဝဝ အတွက် စိုက်ပျိုးစရိတ်ချေး ငွေ ကျပ်သိန်းပေါင်း ၅၃၂၅ဝ ထုတ် ချေးရန် မြန်မာ့စီးပွားရေးဘဏ်က စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် စိုက်ပျိုးစရိတ်ချေးငွေများကို ဒီဇင် ဘာလ ၃၁ရက်တွင် အပြီးထုတ် ချေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ဆောင်းသီးနှံစိုက်ပျိုးစရိတ် ချေးငွေ စတင်ထုတ်ချေးချိန်မှ ယခု လ ၁၂ရက်အထိ ကျေးရွာ ၄၃ အုပ်စု အစုအဖွဲ့ ၁၇၆၈ဖွဲ့ တောင် သူဦးရေ၃၉၈၃ဦး ၁၆၅၁၇ ဧက အတွက်ငွေကျပ်၂၄၇၇၅သိန်းကျော် ထုတ်ချေးပြီးဖြစ်သည်။ ယနေ့တွင် ညောင်ဝိုင်းကြီး၊ သီးကွင်း၊ ကြာ တန်းကျေးရွာများကို ထုတ်ချေး ပေးလျက်ရှိကြောင်း သိရသည်။