images
UN
UN
အိန္ဒိယ-မြန်မာ-ထိုင်း ခရီးကြမ်းကားမောင်းပြိုင်ပွဲကျင်းပမည်
NG Monday, 14 November 2016
အိန္ဒိယနိုင်ငံမှစတင်ကာ မြန်မာ နိုင်ငံကို ဖြတ်သန်းပြီးနောက် ထိုင်း နိုင်ငံတွင် ပန်းဝင်မည့်ခရီးကြမ်း ကားမောင်းပြိုင်ပွဲ ကျင်းပရန် သဘောတူညီမှုရရှိခဲ့ကြောင်း ANI သတင်းဌာနကဖော်ပြသည်။
အဆိုပါခရီးကြမ်းကားမောင်း ပြိုင်ပွဲကို အိန္ဒိယ၊ မြန်မာနှင့်ထိုင်း နိုင်ငံတို့ကြားတွင် အပြန်အလှန် ကူးလူးဆက်ဆံမှုနှင့် ချိတ်ဆက် ဆောင်ရွက်မှုများ မြင့်မားစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကာ နယူး ဒေလီမြို့၌ပြုလုပ်ခဲ့သည့် ပြိုင်ပွဲ ကျင်းပရေးသဘောတူညီမှုရယူပွဲ အခမ်းအနားတွင် အိန္ဒိယနိုင်ငံဆိုင် ရာ ထိုင်းသံအမတ်က လက်ရှိ အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ၏ ဦးစားပေးမူဝါဒတစ်ရပ်ဖြစ်သော အရှေ့မျှော်မူဝါဒကို အထောက် အကူဖြစ်စေမည့် ပြိုင်ပွဲတစ်ရပ်ဖြစ် မည်ဟုယုံကြည်ကြောင်း ပြော သည်။
ပြိုင်ပွဲကို ဒီဇင်ဘာလအတွင်း ၌ စတင်ကျင်းပမည်ဖြစ်ကာ ပြိုင်ပွဲတွင် အသုံးပြုမည့်ခရီးအရှည် မှာ ၅၇၂၂ ကီလိုမီတာရှိမည်ဖြစ် သည်။ အိန္ဒိယနိုင်ငံ ဒေလီမြို့မှ စတင်တာထွက်မည်ဖြစ်ပြီး ထိုင်း နိုင်ငံ ဘန်ကောက်မြို့တွင် ပန်းဝင် မည်ဖြစ်သည်။ ပြိုင်ပွဲကာလမှာ ၁၉ ရက် ကြာမြင့်မည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ မန္တလေး၊ ပုဂံနှင့် ရန်ကုန်မြို့များကိုလည်း ဖြတ်သန်းသွားမည်ဖြစ်သည်။ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် အတွက် နိုင်ငံသုံးနိုင်ငံမှ ကစား သမား ၈ဝ က စာရင်းပေးသွင်း ထားသည်။