images
UN
UN
ဒါကာသို့ တစ်ပတ်ခရီးနိဒါန်း
Monday, 14 November 2016
အောက်တိုဘာ ၁ စနေနေ့
နံနက် ၆ နာရီလှလှနှင့်လမ်းလျှောက် ရင်း နှစ်ယောက်သားစကားစမြည်။နေ ပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ခရေပင်လမ်း၊ ကြေးမုံနှင့် မြန်မာ့အလင်းမှာ စာပေဟော ပြောပွဲ စက်တင်ဘာ ၂၉ ရက်ကပြောခဲ့ သည့်အကြောင်းပြောဖြစ်သည်။
မိမိရှေ့မှာ ဆရာကျော်စောမင်း (ခ) ဒေါက်တာမောင်မောင်စံနှင့်ဆရာ ကျော် ကျော်လှိုင်(SMART) တို့တစ်ကြိမ်စီ၊ နှစ်ယောက်သာဟောပြောဖူးကြောင်းသိရ ၏။ (အေးလေ။ ကကြီးကျော် စောမင်း နှင့် ကျော်ကျော်လှိုင်ပြီးလျှင် အစဉ်လိုက် အတိုင်းခကွေး ချစ်နိုင်အလှည့်ကျလာပြီ ပေါ့ဟုစဉ်းစားမိသည်)နောက်ပြောင်သော အတွေး။ ရှေ့က ဆရာနှစ်ယောက်က အကြောင်းအရာ အနှစ်သာရကောင်းချင် ကောင်းကြပါလိမ့်မည်။ ပရိသတ်ကိုပျော် ရွှင်အောင်၊ရယ်မောရအောင်၊ နှစ်သက် သဘောကျအောင်တော့ သိပ်ပြီးအား မထုတ်ကြကြောင်း(သူတို့နှင့်အတူတူ မိမိ စာပေဟောပြောပွဲ ဟောပြောခဲ့ဖူးသဖြင့်) သိထား၏။ ပရိသတ်က တပ်ကုန်း၊ ပျဉ်း မနား၊လယ်ဝေးဒေသမှတောသူတောင်သား ဝန်ထမ်းအသစ် လူငယ်များ၊ သူတို့ဘဝ သူတို့ရေချိန်နှင့်ဆီလျော်အောင် ချိန်ဆ၍ ဟာသနှင့်ဇာတ်ထုပ်ဇာတ်လမ်းနှင့်ဆွဲဆောင် ပြီး ရယ်စရာများများဟောပြောမည်။ပျော်စေရမည်။ သင်ခန်းစာပို့ချသလို မှတ်သားစရာတွေချည်း ပြတ်ခဲနေအောင် ပြော၍မရ။ ဖျော်ဖြေရပါမည်။
အပေးအယူအတိုင်အဖောက်နှင့် ဟောပြောရာကျေနပ်စရာဖြစ်ခဲ့ပါ၏။ တုံ့ ပြန်မှုကောင်း၏။ကြေးမုံစာတည်းမှူးချုပ် ဦးခင်မောင်ကျော်ဒင်နှင့်မြန်မာ့အလင်း စာ တည်းမှူးချုပ် ဦးအောင်နိုင်ဦးတို့ စီစဉ် ဖိတ်ကြားသူများအားရသည်ဟုတွေ့ရ၏။
မိုးသည်းသည်းထဲမှာတပ်ကုန်းမြို့၏ အကောင်းဆုံးလက်ဖက်ရည်ဆိုင်'ရွှေ' လက်ဖက်ရည်ဆိုင်သို့ ကားနှင့်ခေါ်သွား ပြီး ကျွေးမွေးဧည့်ခံပါသည်။ တပ်ကုန်း စာရေးဆရာသတင်းထောက်လေး၊ ငါး ယောက်(ဦးအောင်နိုင်ဦးဖုန်းဆက်လိုက် သဖြင့်)ဝမ်းသာအားရရောက်လာကြသည်။ စာပေအကြောင်းတွေ ထိုင်ပြောဖြစ်ကြ သည်။
လွန်ခဲ့သော ၁ဝ နှစ်ခန့်က တပ်ကုန်း မြို့မှကျောင်းဒကာ မန္တလေးရှိဖိနပ်လုပ် ငန်းရှင် သူဌေးကြီးဖြစ်သွားသူ ဆင်းရဲ သားတစ်ဦး၏အကြောင်း မိမိရေးခဲ့သည့် သတင်းစာဆောင်းပါးကို အမှတ်တရ သူ တို့ကပြောပြကြ၏။
ဦးဝေဖြိုးအကြောင်း။ သက်ရှိထင်ရှား မန္တလေးမှာ ရှိနေပါသေး၏။
လှလှက ဤအကြောင်းများကို သိပြီး သားမို့ မိမိနေပြည်တော်တပ်ကုန်း စာပေ ဟောပြောပွဲခရီး အဆင်ပြေခဲ့ကြောင်း သိရ၍ ဝမ်းသာနေ၏။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော်ဒါကာသို့ ခုနစ်ရက်ခရီး ယနေ့ထွက်မည်ဖြစ်၍ လုပ် စရာအလုပ်တွေအြေ<ွကးမကျန်အောင် ရှင်း ရသည်။
သေတ္တာထဲထည့်စရာတွေ တစ်ခုပြီး တစ်ခု၊ သတိရတိုင်းပြန်ဖွင့်၊ ပြန်ဖွင့်ပြီး ထည့်နေမိသည်။ လက်သည်းညှပ်၊ ဆေး ဝါး၊ရေမွှေး၊ညှပ်ဖိနပ်။ သားသမီးတွေက ရယ်လေသည်။''အဖေကခဏခဏသော့ ပိတ်နေတာကိုး။ သွားခါနီးမှပိတ်ရမှာ''
မနေ့က ဆရာသီဟစောကို ဖုန်းဆက် မေးထားတော့ ဗုဒ္ဓဘာသာဘုန်းကြီး ကျောင်းတစ်ကျောင်းလည်းရောက်ဦးမည် ဟုသိရသဖြင့် စီဝိုင်စီ CYC အကောင်း စားသင်္ကန်းနှစ်စုံဝယ်ခဲ့သည်။ နှစ်သောင်း လောက်ကျ၏။
၁။ မိမိတို့အဖွဲ့ဝင်ခြောက်ဦးမှာ ဆရာ သီဟစော MPC အတွင်းရေးမှူး
၂။ (ဆရာလင်းယုန်မောင်မောင် သား) ဆရာဇေယျMPC ကောင်စီဝင်
၃။ မိမိ MPC(မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင်)
၎။ လျှပ်တစ်ပြက်ဂျာနယ် ဆရာမြတ် ခိုင်MJAသတင်းစာဆရာအသင်း
၅။ မော်ကွန်းမဂ္ဂဇင်း ဆရာကျော်ဇေ ယျထွန်းMJNသတင်းစာကွန်ရက်
၆။ံHealth Care journal မှ ဆရာမ ပတ္တမြားနီနီMJU သတင်းစာ သမဂ္ဂသားက အိမ်မှကားဖြင့် လိုက်ပို့သည်။
လေဆိပ်သို့ ပထမဦးဆုံးရောက်သူမှာ မိမိပင်ဖြစ်၏။ စနေနေ့မှာ ကားပိတ် တတ်သည်ဆိုပြီး မွန်းလွဲ ၁နာရီမထိုးမီ ထွက်လာခဲ့ရာ ၂နာရီရောက်၊ ပြီးမှ ဆရာဇေယျ၊ ပတ္တမြားနီနီ၊ ဆရာမြတ်ခိုင်၊ ဆရာသီဟစောနှင့် ကိုကျော်ဇေယျထွန်း (မော်ကွန်းမဂ္ဂဇင်းအယ်ဒီတာ)တို့ ရောက် လာ၏။
ဖိုးကောင်းနှင့်လေဆိပ်ထဲက ကော်ဖီ ဆိုင်မှာမုန့်နှင့်အချိုရည်စားသောက်။
အထဲဝင်ပြီးဆရာမြတ်ခိုင်နှင့် ဆိုင် တစ်ဆိုင်မှာ(အချိန်စောနေသဖြင့်) ကော်ဖီ တစ်ခွက်စီသောက်ကြပြန်သေး။
၎နာရီ၁၅မိနစ်ထွက်ရမည့် ဘိမန် လေကြောင်းFlight No-061 သည် ၄ နာရီ ၄၅မိနစ်(နာရီဝက်နောက်ကျပြီး) ထွက်လေ၏။ ဘာကြောင့်မှန်းတော့မသိ။
လေဆိပ်ဘိမန်လေကြောင်း ကောင် တာ၌ မိမိကပထမဆုံးပြီးသွားသည်။ အိတ်တစ်လုံးအပ်။ ခုံနံပါတ် ၃ဗရသည်။ မိမိဘေး၌ပတ္တမြားနီနီ။ သူကပြည်မြန်မာ ဂျာနယ်မှာ စလုပ်ခဲ့သည်။ ပီနန်တို့ ကွာ လာလမ်ပူတို့ရောက်ဖူးသည်။ စာနယ်ဇင်း လုပ်သက်ရှစ်နှစ်လောက်ရှိပြီHealth Care ကျန်းမာရေးဂျာနယ် အယ်ဒီတာ ဟုဆို၏။ ယခုမှတွေ့ဖူးမြင်ဖူးကြားဖူး
၏။ ယခင်ကမသိ။
လေယာဉ်ပေါ်မှာBihanga ဘီဟန် ဂါ''ဆိုသော ဘင်္ဂလားဒေ့ရှ်လေကြောင်း လိုင်း၏ ဇူလိုင် သြဂုတ်မဂ္ဂဇင်းကို တွေ့ရ သည်။ အဖုံးက ဘာများပါလဲဆိုတော့Water World တဲ့ မြန်မာပြည်က အင်း လေးကန်၊ အင်းသားတစ်ဦး ငါးဖမ်းနေပုံ အားDrone Camera အပေါ်စီးမှ ရိုက် ကူးသောလှပထူးခြားသောရှုခင်းဓာတ်ပုံ။ ဂုဏ်ယူစရာပဲ။
ဘိမန်လေကြောင်းက သူ့ပြည်တွင်း မှာ ဒါကာမှ
၁ Sylhetဆီလ်ဟတ်
၂။ Chittagong စစ်တကောင်း
၃။ Cox's Bazar ကောက်ဘဇား
၎။ Barisal ဘာရီဆယ်
၅။Jessore ဂျက်ဆိုး
၆။Rajshahi ရပ်ရှာဟီ
၇။Saidpur ဘာအီပူ
မြို့များသို့ခုနစ်လိုင်းပျံသန်းနေကြောင်း သိရ၏။
ပြည်ပနိုင်ငံတကာလမ်းကြောင်းလည်း ၁၅ မြို့သို့ လန်ဒန်၊ ရန်ကုန်၊ ဘန်ကောက်၊ ကွာလာ လမ်ပူ၊ စင်ကာပူအပါအဝင် ပျံသန်း၏။
လေယာဉ်ပေါ်မှာသတင်းစာဖတ်လိုပါ က ဝေပေးသဖြင့် အင်္ဂလိပ်သတင်းစာ တစ်စောင်ကို ယူဖတ်မိ၏။The Independent ''လွတ်လပ်ရေးတဲ့။ မျက်နှာ ဖုံးသတင်းထိပ်ပိုင်း ၂ ပိုဒ်မှာ Noise Pollution reach intolerable Limits တဲ့ နားမခံသာအောင် ဆူညံမှုလွန်ကဲခြင်းMogh- bazar Gale of Farm ရဲ့ ဆူညံသံ Noise level မှာ Sm 130 decibelsထိရှိ သတဲ့။ လက်ခံနိုင်တဲ့ အမြင့်ဆုံးဆူညံသံ ဒဏ်စီဘယ်လ်မှာ-၄၅ဒ မှ ၆ဝဒ ဒက်စီ ဘယ်သာ။ နောက်တစ်ပုဒ်က အဝါမီလိ ပါတီဥက္ကဋ္ဌ လက်ရှိဝန်ကြီးချုပ် ရှိတ်ဟာ စီနာ (အမေရိကန်ကုလအစည်းအဝေးမှ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခဲ့သေး) ပြန်လာစဉ် ဒါကာလေဆိပ်မှ မြို့ထဲသို့ လေဆိပ်လမ်းတစ်လျှောက်အဝါမီလိပါတီ ခေါင်းဆောင်သော လူစုလူဝေးက လမ်း ပိတ်အောင်စုရုံးကြိုဆိုခဲ့ကြပုံ။
အရွယ်ကမိမိတို့သတင်းစာများနှစ်ဆ။ ၁၆ မျက်နှာ။ စာမျက်နှာတိုင်းလေးရောင် ပါ၏။ ကျောဖုံးမှာ ဟီလာရီနှင့်ထရန့်တို့ ပုံနှင့် အမေရိကန်သမ္မတလောင်းနှစ်ဦး နောက်ဆုံးသတင်းပါ၏။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ကျားမ တန်းတူ အခွင့်အရေးရရှိရေးဆောင်းပါး (တစ်မျက်နှာ)၊ ၁-၁ဝ-၂ဝ၁၆မှာ ကျ ရောက်သော တရုတ်ပြည်လွတ်လပ်ရေး အခါသမယအတွက် တရုတ်နှင့်ရင်းနှီး သစ္စာရှိသောနိုင်ငံဆိုပြီး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်နှင့် တရုတ်သမ္မတရှီကျင့်ဖျင် လက်ဆွဲနှုတ်ဆက်ပြုံးရွှင်နေပုံဖြင့် မြိုင်မြိုင် ဆိုင်ဆိုင် သတင်းရေးထား၏။ ညနေ ၆ နာရီ ၁၅မိနစ် နေလုံးသည်အနောက်အရပ် တိမ်မည်းတွေကြားဝင်၍ သွားလေပြီ။
ကောင်းကင်ပေါ်မှမြင်ရသော ဘင်္ဂ လားဒေ့ရှ်တိုင်းပြည်ကား မြစ်များ၊ ချောင်း များ ပွေလိမ်ရှုပ်ပွလျက် မြစ်ဝမြေနု ကွင်းပြင်တွေသာ။ တစ်ခွင်လုံးပြန့်။ ဒါ ကာသည် ရန်ကုန်မှအနောက်မြောက် အရပ်မှာရှိသဖြင့် လေယာဉ်အနောက် ဘက်ခြမ်းဘေးခုံ 3.A မှာ ပြတင်းပေါက် မှန်မှတစ်ဆင့် နေလုံးတဖြည်းဖြည်းဝင် သွားပုံကိုSunset View သဘာဝရှုကွက် ဝေဟင်မှမြင်ခွင့်ရသည်။ သြော်- တစ်နေ့ တာပြီးဆုံးလုနီးပေပြီ။ မှောင်တော့မည်။
အသက် ၆ဝ ကျော် ဘဝဆည်းဆာ ချိန်မှာရောက်နေသော မိမိအတွက် တရား သံဝေဂရစရာ။ ငါသည်အိုခြင်းမှ သေ ခြင်းအမှောင်ဆီသို့ တရွေ့ရွေ့သွားရွေ့ လျားနေသည်။

လေယာဉ်အောက်မှာ မိုးတိမ် တောင်တွေ တွေ့မြင်ရသည်။ ဟိုမှာမိုးရွာဦးမည်ထင်သည်။ မြန်မာပြည် ရန်ကုန်ဆီမှာတော့ မုတ်သုံလေကဆုတ်ခွာသွားခဲ့လေ ပြီ။ ဆောင်းဝင်လုပြီ။
ရေကြောင်းခရီး၊ ရထားခရီး မပါ၊ ကားနှင့်သာသွားရမည်ဟု သိရ၏။
လေဆိပ်မှာ Immigration Police က ရစ်နေသဖြင့် တော် တော်ကြာသည်။
ဒါကာလေဆိပ်သို့ ၆ နာရီ ၄၅ မိနစ်တွင် ဆင်းခဲ့သော်လည်း မြန်မာစံတော်ချိန် ၉ နာရီနီးနီးမှ ရောက်လေသည်။
လီမာရင်ဒီယန်ဟိုတယ်သို့ သူတို့နာရီ ၈ နာရီ ၁၅ မိနစ်မှ ရောက်၊ ၈ နာရီခွဲမှာ ၁၅ ထပ်ရှိRestaurant သို့ ညစာတက်စား ရ၏။
အားလုံးကတော့ ၁၁ ထပ်မှာ နေကြရ၏။
၁။ ပတ္တမြားနီနီက ၁၁၁၂
၂။ ဆရာသီဟစော ၁၁၄၆
၃။ ဆရာမြတ်ခိုင် ၁၁၅၈
၎။ ဆရာဇေယျ ၁၁၂၄
၅။ ဆရာကျော်ဇေယျထွန်း ၁၁၄၄
၆။ မိမိက (၁၁၁၆) ၁၁၁၆
နှစ်ယောက်ခန်းများမှာ တစ် ဦးစီထားပေး၏။ ညက ၁၅ ထပ်ရှိထမင်းစားခန်းမှာ Buffet စားခဲ့၊ ကော်ဖီတစ်ခွက် သောက်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်လှပေ။ အခန်း တွင်း အပူချိန်က ၂၁ ဖြစ်နေ ၍ အေးသည်။ ၂၆ သို့တင် ပြီးပြန်မှေး။ ချွေးထွက်လာ။ စောင်ကထူတာကိုး။ တစ်ဖန် ၂၄ ဒီဂရီသို့ ပြန်လျှော့။
မိမိလေဆိပ်မှာ နိုင်ငံခြားရေး ဌာနကဝယ်ပေးသော ဖုန်းကတ် နံပါတ်မှာဝ၁၇ ၇၄၇ယ၄၃၄၃၇ တည်း ခိုသောLE MERIDIENဟို တယ်က တော်တော်ခေတ်မီ ကောင်းမွန်ပါသည်။ ဖွင့်တာတစ် နှစ်ပဲရှိသေးသည်။
မျက်နှာဖြူနိုင်ငံခြားသားTourist တော်တော်များများ လည်းတွေ့ရသည်။ ကိုယ်ခန္ဓာ ထွားထွားကျိုင်းကျိုင်းနှင့် နား ကွင်းကြီးတောက်လောက်တောက် လောက်။ အခြောက်လူငယ် ဥရောပသားလည်း မြင်ရ၏။
ဓာတ်လှေကားထဲကိုကုလား တစ်ယောက်ဝင်လာလျှင်တော့ ဘာနံ့လဲတော့မသိ။ ချွေးစော် ချိုင်းပတ်စော်တစ်မျိုးတော့ နှာ ခေါင်းထဲသို့ထောင်းခနဲတိုးဝင်သည်။
ဟိုတယ်မှာတွေ့မြင်ရသူလူကုံ ထံတွေရှိသကဲ့သို့ ကားနှင့်လာစဉ် လမ်းပေါ်မှာ ဆင်းရဲနွမ်းပါးကြသူ တွေ ဒါကာမြို့မှာ အများကြီးမြင် ရ။ သုံးဘီးတက္ကစီကားအားလုံး ကလည်း သံဆန်ခါနဲ့ကာရံထားရ သည်။ ဘတ်စ်ကားတွေမှာလည်း ထုချိန် ပြင်ဆင်ချိန်ပင် ရပုံမရှိ၊ တိုက်ရာခြစ်ရာတွေပိန်လိမ်နေကြ ၏။အပိမ့်အချိုင့်များနှင့်ချည်းသာ။
မြေညီထပ်ူLobby မှာလူငယ် တစ်ယောက်က ခြင်ရိုက်တံဖြင့် ဟိုဟိုဒီဒီ ယမ်းနေရာ ခြင်နှင့်ထိ တွေ့သံ တဖျပ်ဖျပ်ကြားနေရ၏။ဒီလူက ဘာလဲကြက်တောင်ရိုက် ပြီး ပြန်လာတာလားဟု တွေ့စက အတွေးချော်မိသေး။ ခြင်တော် တော်ပေါသားပါလား။ ၁၁ ထပ် မှာတော့ ခြင်မတွေ့ရ။