images
UN
UN
အိမ်တိုင်နွယ်ရစ် လယ်တောမဖြစ်ရလေအောင အချိန်မီယဉ်ကျေးမှုဖြင့် ထိန်းသိမ်းကြ
Monday, 14 November 2016
သောနေ့လယ်ခင်းတွင် စာရေး သူသည် ရွှေတိဂုံစေတီတော် ကြီးကိုဖူးမြော်ပြီး လင့်လမ်းသို့ ရောက်။ ခရီးသည်တင်ဘတ်စ်ကားကို စောင့်နေခဲ့ တယ်။ ဟော...ခရီးသည်တင်ဘတ်စ်ကားလာ လေပြီ။ ကားရပ်သည်နှင့် ကားပေါ်သို့ တက်ရာ ခရီးသည်အပြည့်ဖြစ်ပြီး ထိုင်ရန် နေရာမရှိ။ ''ဗျို့ဆရာမောင်း'' ကားစပယ်ယာကဆိုတယ်။ လက်တန်းကိုင်ထားကြ။ ယာဉ်မောင်းကလည်း ကားချင်းလုပြီး ကျော်ဖြတ်မောင်းတော့တယ်။ စာရေးသူလည်း ယိုင်ထိုးနေတာမြင်တဲ့ လူငယ်က အဘဒီမှာထိုင်ပါဟုဆိုရာ ဝင်ရောက်ထိုင်တော့ တယ်။ သြော်...ဒီလိုလူငယ်လူရွယ်လည်းရှိပါ သေးလား။ မောင်မင်းကြီးသား အသက်ရှည်ပါ စေ၊ ဘုန်းကြီးပါစေ...လို့ စိတ်ထဲရေရွတ်မိပါ တယ်။
တစ်ခါကလည်းကျောက်မြောင်းဈေးမှတ်တိုင် တွင် လူငယ်တစ်ဦးက ၄င်း၏အသိ ဦးပဉ္စင်းကို တွေ့တော့ 'ဦးပဉ္စင်း ထမင်းစားပြီးပြီလား'တဲ့။ ဦးပဉ္စင်းက 'ဆွမ်းစားပြီးပါပြီ တကာ'ဟု ဆိုပါ တယ်။ လူငယ်အချို့ ဘာသာယဉ်ကျေးမှုမတတ်။ မိရိုးဖလာယဉ်ကျေးမှုအပြော အဆို၊ လူမှုဆက်ဆံ ရေးအတတ်မှစပြီး တစ်သက်တာကာလပတ်လုံး အသုံးချနိုင်သည့်ပညာရပ်များ ဆည်းပူးရန် လိုအပ် ပါသေးလား...။
စာရေးသူတို့၏ အဘိုးအဘွား အဆက်ဆက် တို့သည် ရှေးပညာရှိတို့ဆုံးမခဲ့သော ဆုံးမစာ သြဝါဒများကို လိုက်နာကျင့်သုံးခဲ့ကြရတယ်။ လူမျိုး၏ယဉ်ကျေးမှုအမွေအနှစ်ကို မပျောက် အောင် စောင့်ရှောက်ထိန်းသိမ်းခဲ့ရတယ်။
ယဉ်ကျေးမှုအမွေအနှစ် 'ဆုံးမစာများ' ကို ကျင့်သုံးခြင်း၏ အကျိုးကား လက်တွေ့အားဖြင့် ဘုရားမှန်း၊ တရားမှန်း၊ သံဃာမှန်းသိကြတယ်။ လူကြီးမိဘများကို ရိုသေလေးစားရမှန်းသိကြ တယ်။ လူမှုဆက်ဆံရေး၌ပြေပြေပြစ်ပြစ် လူချစ် လူခင်များအောင်ဆက်ဆံတတ်ကြတယ်။
မြန်မာတိုင်းရင်းသားတို့အနေဖြင့် မိရိုးဖလာ ယဉ်ကျေးမှုကို ဘုန်းတော်ကြီးကျောင်း ပညာ ရေးက အထောက်အပံ့ဖြစ်ပါတယ်။ ထို့ပြင် ဆုံးမစာများကို လက်လွှတ်၍မရပါ။ အဘယ် ကြောင့်ဆိုသော် ထိုထိုသောဆုံးမစာများ၏ အရွယ် သုံးပါးနှင့်အံဝင်ခွင်ကျဖြစ်အောင် အရွယ်အလိုက် ဆုံးမထားချက်တွေ အပြည့်အနှက်ပါရှိသော ကြောင့် ဖြစ်ပါတယ်။
အထူးသဖြင့် အစကောင်းမှ အနှောင်းသေချာ သည်ဆိုသကဲ့သို့ လူမျိုး၏ယဉ်ကျေးမှုဓလေ့တို့ကို သားသမီးများနှင့် ငယ်စဉ်ကတည်းကပင် အချိုး ကျကျ ထိတွေ့ပေးဖို့လိုပါတယ်။ ရဟန်းသံဃာ တော်များနှင့်ဆက်ဆံနည်း၊ လူကြီးမိဘနှင့်ဆက်ဆံ နည်းမှစ၍ အသုံးအနှုန်းစကားလုံးများပါမကျန် သင်ပေးကြဖို့ လိုပါတယ်။

ရဟန်းတော်များ၊ ဆရာတော်ကြီးများနှင့် စကားပြောရာတွင် ခင်ဗျားတစ်ခွန်း၊ ကျုပ် တစ်ခွန်း၊ တပည့်တော်တစ်ခွန်းနှင့် ပြောနေကြ သည်ကို တွေ့ရဖူးတယ်။ လူကြီးသူမများနှင့် ဆက်ဆံရာ၌လည်း ဒူးထောင်ပေါင်ကား ကိုးရိုး ကိုးရားနေထိုင် ပြောဆိုသူများကိုလည်းမြင်ဖူး တယ်။
စင်စစ်ဆိုရပါမူစရိုက်အားဖြင့် ရိုင်းပြ၍မဟုတ်၊ ယဉ်ကျေးမှုဓလေ့စာပေများနှင့် ထိတွေ့ခြင်းမခံရ သောကြောင့်သာ ဖြစ်တန်လေရာ အကယ်၍သာ ယဉ်ကျေးမှု ဓလေ့နှင့်ငယ်စဉ်ကတည်းကထိတွေ့ ပေးခဲ့မိပါသော်-
'ရိုင်းစိုင်းနီးကပ် မကိုင်းညွတ်ဘဲ
မတ်တတ်တိုး၍ မသွားနှင့်'
'စားဖွယ်သောက်ရာ ကပ်သောခါလည်း
ချဉ်းလာနီးစေ ခြေစုံနေ၍
ရိုသေကိုင်းညွတ် ချဉ်း၍ကပ်။
'ဘုန်းပေးဆိုတိုင်း
ရဟန်းတို့အား စားမည်လားဟု
စကားသည့်နယ် မမေးနှင့်။'
ဤကား ဆရာတော်အသျှင်မဟာသီလဝံသ ၏ 'တိလောကဟု'ဆုံးမစာဖြစ်ပါတယ်။ ရဟန်း သံဃာတော်များနှင့်ဆက်ဆံရာ၌ လိုက်နာရန် အနေအထိုင်၊ အပြောအဆို၊ အသုံးအနှုန်းဖြစ်ပါ တယ်။
'မိဦး၊ ဖဦး၊ ဆရာဦးကို
ခူး၍အလျင် မစားနှင့်'
'မိဘဆရာထားသည့်ဟာကို
မျက်နှာကွယ်လျှင် မယူငင်နှင့်
လိုချင်သောအား စားချင်ငြားက
ဝပ်တွားခယ တောင်းပါကြ'
ဤကား မိဘ၊ ဆရာသမားများနှင့် ဆက်ဆံ ရာ၌ လိုက်နာရန်ဖြစ်ပါတယ်။ ယနေ့ခေတ်တွင် ဤမျှယဉ်ကျေးသော အသွင်မျိုးကိုမြင်ချင်မှမြင်ရ ပါတော့မယ်ကဲ့သို့ဖြစ်နေပြီ။
သို့သော် သားသမီးများ၌ အပြစ်ရှိသည်ဟု မဆိုသာ၊ ဤသို့လိမ္မာရေးခြား ရှိစေသောစာများ ကို သူတို့အားသင်ပေးခဲ့ဖူးပါသလား။ အလိမ္မာ စာမှာရှိတယ်။ ထိုစာနှင့်တွေ့လေအောင် မိဘများ ကတော့ဆိုပြီး မပေးခဲ့မိကြ။
'သေနှင့်အရက် စီးပွားဖျက်ကို
တစ်စက်ကယ်မျှ မသောက်ကြနှင့်
ရှောင်ကြပါလေ ရှင်တော်ဟောသည့်
အဆိပ်ရေ။'
'ကိုယ်နှင့်လည်းစာ သတ္တဝါကို
ကြင်နာလှစေသူ့အသက်ကိုချစ်ပါလေ'
'သူ၏ဥစ္စာ သူ့ဘဏ္ဍာကို
မေတ္တာမရှေး သူမပေးက
ဆေးတစ်အိုးမျှ မယူကြနှင့်
ရှောင်ကြပါလေ ကာမေမိစ္ဆာ
သူ့အိမ်ရာကို မြင်ကာခဏ
သူသတ်ကြူးသည့် ဘီလူးမသို့
စိတ်ကမသွေထင်မိစေ'
'သူ့ကိုမမှား မလှည့်စားနှင့်
စကားစမြည်ြ>ွမက်သည့်စစ
ပြောသမျှကို မှန်လှစေ'
ဤကား ဆရာတော် အရှင်မဟာရဋ္ဌသာရ၏ 'လက်သစ်တောင်တာ' ဆုံးမစာ ဖြစ်ပါတယ်။ လူမှုဆက်ဆံရေး ယဉ်ကျေးမှုအနှစ်ကို ဤအတိုင်း ပင် ဆရာတော်ကဖြစ်စေလိုတယ်။ ချစ်စေလို တယ်။ အဆိပ်ရေကိုမသောက်၊ ကိုယ်ချင်းစာ တရားဖြင့် သတ္တဝါများအပေါ် ထောက်ထားကာ သနားစေလိုတယ်။ ချစ်စေလိုတယ်။ ထိုမှတစ်ပါး ဆရာတော်က သူမပေးသောပစ္စည်းကို ယုတ်စွ အဆုံး ဆေးတစ်အိုးကိုမျှ မခိုးယူကြနှင့်ဟု ဆုံးမ တယ်။ ကိုယ့်မယားကလွဲလျှင် အခြားမိန်းမများ အပေါ်တွင် ဘီလူးမကြီးပဲဟု အထင်ရောက်ပါစေ၊ သူ့ကိုမလှည့်စားနှင့်မလိမ်ပါနှင့်။ စကားပြောလျှင် လည်း မှန်ရာကိုသာပြောဟု သြဝါဒပေးတော်မူ တယ်။
ဤဆုံးမသြဝါဒမျိုးနှင့် ထိတွေ့ခြင်းခံရပြီး ယင်းသြဝါဒအတိုင်းလိုက်နာမည်ဆိုပါက အရိုင်း ပျောက်၍ လူယဉ်ပါးကလေးတွေဖြစ်လာမည်မှာ မလွဲပါ။
ကန်တော်မင်းကျောင်းဆရာတော်ကလည်း အများကောင်းကျိုးကို ရှေးရှုကာဆုံးမစာများ ပြုစု ထားတော်မူတယ်။
'အကြံနက်လှ အိပ်နေဆ
လုံ့လနေ့တိုင်းယှဉ်
ပျင်းရိအဖြစ် အမူညစ်ကို
ပစ်ဘိစွန့်ခွာကြဉ်။
ညံ့သော် ညံ့ထွား ဝါဂွမ်းလား
ညံ့ထွား ညံ့စွာမြော်။
မညံ့မပျင်း မိန့်တတ်ခြင်းကား
လိုရင်းပြီးစီးလျော်'
ယုတ်စွအဆုံး အိပ်ရာထဲမှာ တုံးလုံးပက်လက် လှဲနေသော အချိန်ကလေးမှာပင်ဖြစ်စေ စိတ်ကို အလကား လွှတ်မထားပါနှင့်ကြံဆပါ။ အလုပ်ကို နေ့စဉ်နှင့်အမျှ ကြိုးစားအားထုတ်လုပ်ပါ။ အမြဲ တစေနှုတ်ချိုပါစေဟုလူသားတို့အတွက် ရာသက် ပန်မှတ်သားစရာ သြဝါဒများပေးထားပါတယ်။
စိန္တကျော်သူ ဦးသြကဆိုပြန်လျှင်လည်း
'စိုးမင်းသခင် အရှင်မိဘ
ရှေ့သို့ကျသော်၊ ကုန်းကွတုပ်ပျပ်
နှိပ်ဝပ်ညွှတ်ထိုင်၊ နောက်ယိုင်ရှောင်ရှား
သွားမှုလာမှု၊ ယဉ်နုလှစေ...''ဟူ၍သြဝါဒ ထူးပျို့တွင် အက္ခရာတင်သွားပါတယ်။ ဤစာပိုဒ် ငယ်များဖြင့် ယဉ်ကျေးမှုစရိုက်ဆီသို့ ဦးတိုက်မိ အောင် ဦးသြကသပ်ရိုက်၍ သွင်းပေးခဲ့တယ်။
သို့သော် စာရေးသူတို့၏ နှောင်းခေတ်သား ငယ်သမီးငယ်များသည် ဤသို့သော အဖိုးတန် ယဉ်ကျေးမှုဓလေ့များနှင့် ထိတွေ့ခွင့်မရရှာကြခြင်း တွင် စာရေးသူတို့မိဘများအနေဖြင့် အပြစ်မှကင်း ပါလေစ...ဟု တွေးတောစရာဖြစ်နေတယ်။ 'အလိမ္မာစာမှာရှိလေ၏၊ ဟောသည်မှာကြည့်ကြ' ဟုစာရေးသူတို့အနေဖြင့် လမ်းညွှန်ဖူးကြပါ၏ လော။