images
UN
UN
အခွန်နှုန်းထားမြင့်မားမှုကြောင့် ကွန်ဒိုမီနီယံဈေးကွက်တွင် ဝယ်ယူသူနည်းပါး
မေလွင် Tuesday, 15 November 2016
ကွန်ဒိုမီနီယံဝယ်ယူသူများ အပေါ် ကောက်ခံနေသည့် အခွန် နှုန်းထားမြင့်မားမှုကြောင့် ကွန်ဒို မီနီယံဈေးကွက်အတွင်း ဝယ်ယူသူ နည်းပါးနေကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များ အသိုင်းအဝိုင်း မှ သိရသည်။
ယခု ကျင့်သုံးလျက်ရှိသည့် ဥပဒေသစ်အရ ဝင်ငွေရပေါက်ရ လမ်းဖော်ပြနိုင်ခြင်းမရှိလျှင် ကျပ် သိန်း ၃ဝဝ အထိကိုဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း၊ ကျပ်သိန်း ၃ဝဝ မှကျပ် သိန်း ၁ဝဝဝအထိဖြစ်ပါက ဝင်ငွေ ခွန် ရာခိုင်နှုန်း ၂ဝနှင့် ကျပ် သိန်း ၁ဝဝဝ အထက်အရောင်းအဝယ်ပြု လုပ်လျှင် ဝင်ငွေခွန် ရာခိုင်နှုန်း ၃ဝ ပေးဆောင်ရန် ပြင်ဆင်သတ်မှတ် ခဲ့ခြင်းဖြစ်ကာ ရောင်းချသူအနေ ဖြင့်တန်ဖိုး၏ ၁ဝ ရာခိုင်နှုန်းကို ရောင်းခွန်အဖြစ် ပေးဆောင်ရမည် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံရှိ အဓိက မြို့ကြီးသုံးမြို့ဖြစ်သည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်၌ အိမ်ခြံ မြေအရောင်းအဝယ်ပြုလုပ်မည် ဆို ပါက အရောင်းအဝယ်တန်ဖိုး၏ ခုနစ်ရာခိုင်နှုန်းကို တံဆိပ်ခေါင်းခွန် အဖြစ် ထပ်မံပေးဆောင်ရန် သတ် မှတ်ထားသည်။
အခြားမြို့များတွင် အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်မည်ဆိုပါ က တံဆိပ်ခေါင်းအဖြစ်အရောင်း အဝယ်တန်ဖိုး၏ ငါးရာခိုင်နှုန်းသာ ပေးဆောင်ရန် လိုအပ်သည်။
''ဒီလို အခွန်မြင့်နေတာက နိုင်ငံတော်အတွက်လည်း အခွန် ဘဏ္ဍာရရှိမှု နည်းပါးစေတယ်။ အဲ့ဒီအတွက် လက်ရှိကောက်ခံ တဲ့စနစ်ကို ပြန်လည်ပြင်ဆင်သုံး သပ်ပေးဖို့လိုတယ်။ အရောင်း အဝယ်ပိုင်းတွေမှာလည်း အေးကုန် တယ်။ အရောင်းပဲရှိတယ်။ အဝယ် မလာဘူး''ဟု အိမ်ခြံမြေအကျိုး ဆောင်ဒေါ်ဝင်းက ပြောသည်။
ထိုသို့ ကွန်ဒိုဈေးကွက်တွင် အရောင်းသာရှိပြီး အဝယ်မရှိသည် အထိ နည်းပါးနေခြင်းကြောင့် ဆက်စပ်နေသည့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းပေးသွင်းသူ များ၊ အုတ်သဲကျောက် ရောင်းချသူ များ၊ ကန်ထရိုက်တာများနှင့်အလုပ် သမားများပါ အခက်အခဲများဖြစ် ပေါ်လျက်ရှိကြောင်း သိရသည်။
ပထမအကြိမ်လွှတ်တော်သက် တမ်းအတွင်း ပြဋ္ဌာန်းခဲ့ပြီး ယခု အစိုးရလက်ထက် ၂ဝ၁၆ခုနှစ် ဧပြီ ၁ ရက်တွင် စတင်အသက်ဝင်လာ သည့်ပြည်ထောင်စုအခွန်အကောက် ဥပဒေသစ်အရ ဝင်ငွေရလမ်းဖော် ပြနိုင်ခြင်းမရှိသည့် အခွန်များကို ပြောင်းလဲပြင်ဆင်တိုးမြှင့်ကောက်ခံ ခဲ့ခြင်းဖြစ်သည်။