images
UN
UN
ဟာသရုပ်ရှင်ဇာတ်ကားတွေ များပြားနေရခြင်းအကြောင်းရင်း . . . .
Tuesday, 15 November 2016
ခေါင်းစဉ်အတိုင်းရေးဖို့တော့ မဟုတ် ပါ။ မကြာသေးမီကကြည့်ခဲ့တဲ့ ဘောစိ အမည်ရှိ ဟာသရုပ်ရှင်ကားနှင့် ယခု အကယ်ဒမီဆုအတွက် အကဲဖြတ်လုပ်ရမှ ကြည့်ဖြစ်သော ဖေ့ဘွတ်ရွာဇာတ်ကား တို့နှင့်ပတ်သက်ပြီး နည်းနည်းပြောချင် သည့်အတွက်ဖြစ်သည်။သို့သော် ဒီကနေ့ ဟာသကားတွေ များလှတာကတော့ အမှန်ဖြစ်ပါသည်။ ဘာကြောင့် ဟာသ ကားတွေ ဒီလောက်များရသလဲ၊ ရိုက် ကူးရလွယ်ကူလို့လားဆိုတော့ မလွယ် ကူပါ။ ဒရာမာလောက် ရိုက်ရတာပဲ။ ဒီတော့အနုပညာဖန်တီးသူရော၊ ပရိသတ် ရော အဘက်ဘက်က ချွတ်ခြုံကျလာရင် ဟာသကားတွေ ဖောင်းပွရောလား သို့ မဟုတ် ပရိသတ်ကြီး ထွက်ပေါက်မဲ့ မျှော်လင့်ချက်တွေ ဆိတ်သုဉ်းပြီဆိုရင် ဟာသကားတွေများလာတတ်သလား။ အကြိမ်ကြိမ်ကတိပေးခံရပြီးအကြိမ်ကြိမ် ကတိဖျက်ခံရတာများရင် ပရိသတ်က ဘာကိုမှ လေးလေးနက်နက် မစဉ်းစား ချင်တော့ဘဲ ဖြစ်ညှစ်ရယ်ချင်လာတတ် သလား၊ မည်သို့မှ မှတ်ချက်မပေးလိုပြီ။ မိမိတို့ဆီမှာက သုတေသနလုပ်ငန်းတွေ အလွန်မဖွံ့ဖြိုးသေးတော့ ခန့်မှန်းခြေ ပါပဲ။ ထင်တာတွေကြောင့် ဟုတ်ချင်မှ လည်း ဟုတ်မည်ပေါ့။
ဘောစိနှင့် ဖေ့ဘွတ်ရွာ ဟာသကား နှစ်ကားစလုံးကတော့ ရယ်ရပါသည်။ လူတွေကြားထဲမှာ ဖြစ်နေတတ်တဲ့ဟာသ အဖြစ်အပျက်တွေတော့ မဟုတ်ပါ။ ဇာတ်လမ်းဖန်တီးသူနှင့် ရိုက်ကူးသူတို့က သူတို့ဘာသာသူတို့ ဟာသဟု မှတ်ယူ ထားသော လုပ်ရပ်တွေကို ရိုက်ပြရာ ပရိသတ်က သူတို့လုပ်နေတာကြည့်ပြီး လိုက်ရယ်နေရတာဖြစ်သည်။ သူတို့ လုပ်ပြနေတာနှင့် ကိုယ်နှင့်သိပ်မဆိုင်။ အပြင်မှာလူတိုင်းလောက်နီးပါး မတော် တဆဖြစ်ဖြစ်သွားတတ်သော ရယ်စရာ အဖြစ်တွေမပါတတ်။
ဘောစိဇာတ်ကားကတော့ သဘာ တွေကိုအားကိုး ရိုက်ကူးထားတာဖြစ် သည်။လူမင်းနှင့်တက္ကသိုလ်ဂွမ်းပုံတို့၏ သရုပ်ဆောင်ပညာစွမ်းဖြင့် ပရိသတ်ကို ဖမ်းစားသည်။ဇာတ်လမ်းကတော့ အပျော် ပါပဲ။ အချို့ကတော့ အိမ်ထောင်ရေး ဖောက်ပြန်ခြင်း ဆိုချင်ကြသော်လည်း အဲဒီအထိလည်းမရောက်ပါ။ ဟာသပါပဲ။ ဟာသဆန်ဆန်ဟုသူတို့ ထင်မှတ်တာတွေ လုပ်ပြနေကြခြင်းဖြစ်သည်။ အဆိပ် အတောက်ဖြစ်စရာမပါရှိ။
ပြောစရာက ဖေ့ဘွတ်ရွာဇာတ်ကား ဖြစ်နေသည်။ ရုံတင်စဉ်က ဖြတ်ကား အဖြစ်တင်ရာ (ကျွန်မအဖို့ ) ကြည့်ရတာ၊ ရုံရွေးရတာ သိပ်အဆင်မပြေသဖြင့် မကြည့်လိုက်ရ။
ဖေ့ဘွတ်ရွာ ရုပ်ရှင်ဇာတ်ကားသည် အမည်အတိုင်းတစ်ရွာလုံး ဖေ့ဘွတ်စွဲနေ ကြတာအပေါ်မှာ ဟာသလုပ်ထားတာ ဖြစ်သည်။ဇာတ်ဆောင်များ၊ ပြကွက်ရိုက် ကွက်များအဆင်ပြေသဖြင့် အောင်မြင် သည့် ဟာသကားတစ်ကားဖြစ်ခဲ့သည်။
တစ်ရွာလုံးလုံးလူတိုင်းစေ့ စမတ်ဖုန်း ကိုင်နိုင်ကြသဖြင့် ဖေ့ဘွတ်စွဲကြတာဖြင့် ဇာတ်လမ်းဆင်ထားသည်။
ပြကွက်တို့ သွက်လက်သဖြင့် တကယ်လည်းရယ်ရပြီး သရုပ်ဆောင်တို့ ၏ အမူအရာလည်း ကောင်းမွန်လှသဖြင့် ရုံတင်စဉ်ကလူဝင်ပိုက်ဆံရသောကားဖြစ် ခဲ့ဟန်တူသည်။
ပြောစရာက ဇာတ်သိမ်းထားပုံဖြစ် သည်။ဇာတ်လမ်းအရလူမင်းက ယုသန္တာ တင်ကိုချစ်သည်၊ လက်ထပ်ချင်သည်။ ယုသန္တာတင်က လူမင်းကိုမကြိုက်။ ဒီတော့လူမင်းကဘယ်လိုလုပ်သလဲဆိုရင် ဖေ့ဘွတ်မှာယုသန္တာတင်အမည်ဖြင့်အခြား အကောင့်၊ အကောင့်အတုပြုလုပ်သည်။ ယုသန္တာတင်အစစ်ထဲက ပုံနှင့်တင်သည်။ ထို့နောက် ချက်ဘောက်စ်မှ လူမင်းနှင့် ယုသန္တာတင်တို့ချစ်တင်းနှောသောစကား တွေ အပြန်အလှန်ပြောပြီး ချက်ဘောက်စ် ကိုစကရင်ရှော့ရိုက်ပြီးဖြန့်ရာယုသန္တာတင် အဖေ၊ အမေတို့က သူတို့သမီးအရှက်ရပြီ ဖြစ်သဖြင့် လူမင်းနှင့် ယုသန္တာတင်တို့ကို သဘောတူ လက်ထပ်ပေးလိုက်သည်။ လက်ထပ်ပေးမည်ဆိုမှ ယုသန္တာတင်က သူ့ချစ်သူကို ခိုးခိုင်းသည်။ သူက လူမင်း ကိုမယူချင်။ ထိုသတင်းကို လူမင်းကြို သိပြီး ချစ်သူကိုရိုက်နှက်ဖမ်းဆီးစေကာ သူက ချစ်သူယောင်ဆောင် ခိုးယူသည်။ ယုသန္တာတင်ချစ်သူက လူမင်းကိုလက် စားချေမည်ဆိုတာ လူမင်းနှမကိုဇွတ်ခိုး ပြေးသည်။
နည်းပညာ ကျင့်ဝတ်ဖောက်ဖျက်မှု၊ လူမှုရေးဖောက်ဖျက်မှုများ ဖြစ်နေသည်။ ကြီးမားတာက နည်းပညာဥပဒေနှင့် ပင်ငြိနေခြင်းဖြစ်တော့သည်။ အကောင့် အတုပြုလုပ်အရှက်ရစေခြင်းဖြစ်နေသည်။
ကျေးရွာသူကျေးရွာသားတို့ကို ဤသို့ မပြုမူစေသင့်ပါ။ မြို့ကားဖြစ်ပြီး ဥပဒေကြောင်းမကင်းသောဇာတ်လမ်းမျိုး ဆိုရင်တော့ ဤသို့ပြုလုပ်တာ ပြချင်ပြ နိုင်သော်လည်း ကျေးလက်တောရွာသူ တို့ကို ဟာသပဲဖြစ်ဖြစ် ထိုသို့ မပြုမူစေ သင့်ပါ။
ဟာသဇာတ်လမ်းဖြစ်သဖြင့်သဘာဝ ရှုထောင့်ဖြင့်မကြည့်ပါနှင့်ဟုဆိုတတ် ကြပါသည်။ သို့သော် ရိုးသားသောကျေး လက်တောရွာသားတို့ကိုတော့ ကျင့် ဝတ်ဖောက်ဖျက်မှုတို့ဖြင့် ဟာသဇာတ် လမ်းမဖန်တီးစေချင်မိပါ